နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာစစ်ဗိုလ်ချုပ်တဦးထိုင်း-မြန်မာတံတားအနီးတွင် သေဆုံး

vဧပြီလ (၂၂) ရက်။

ထိုင်း-မြန်မာနယ်စပ်အနီးတွင် အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်၏ တပ်မှူးတစ်ဦး သေဆုံးခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် The Nations သတင်းဌာနတွင် ဖော်ပြထားသည်။ ဖားဆောင်းစခန်းကို ထိန်းချုပ်သည့် တပ်မ ၄၄ မှ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းသက်သည် မြဝတီမြို့၊ ခြေမြန်တပ်ရင်း (၂၇၅) မှ ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်အနီး မြဝတီတံတားတိုက်ပွဲတွင် သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

တာ့ခ်ခရိုင် မဲဆောက် မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား နံပါတ် (၂) အနီးတွင် တော်လှန်ရေး အင်အားစုများက မောင်းသူမဲ့ လေယာဉ်များ အသုံးပြု၍ စစ်ကောင်စစ်သားများကို လေကြောင်းမှ ဗုံးကြဲချသည့် စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့သည်ဟု ဖော်ပြထားပါသည်။

ဗိုလ်မှူးချုပ် စိုးမင်း၏ စခန်းသည် မဲဆောက်ခရိုင် သစိုင်းလွာခရိုင် စပ်သောင်ရွာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ စစ်မြေပြင်တွင် အခြေအနေမကောင်းသည့်အနေအထားတွင် ရှိနေသော်လည်း ဖာဆောင်းစခန်းမှ ဆုတ်ခွာပြီးနောက် ရန်သူအား အညံ့ခံရန် ငြင်းဆန်ခဲ့ပြီး စစ်မြေပြင်တွင် ဒရုန်းများနှင့်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။ ကရင်စစ်ရေးအရင်းအမြစ်ကလည်း တပ်မ ၄၄ မှ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းသက်က လက်နက်ချရန်ငြင်းဆန်ခဲ့သည်ကို အတည်ပြုထားပြီးဖြစ်သည်။

ဗိုလ်မှူးချုပ်၏ ရုပ်ကြွင်းကို မဲဆောက်ခရိုင်သို့ လွှဲပြောင်းပေးရန် မြန်မာစစ်အစိုးရက ထိုင်း-မြန်မာ နယ်ခြားကော်မတီမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။ သို့သော်လည်း ဤသတင်းရေးသားနေချိန်တွင် အလောင်းပြန်ပို့ခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Source: ၂၀၂၄ခု ဧပြီလ၂၁ရက်နေ့ထုတ် ထိုင်းနိုင်ငံ နေရှင်းအင်္ဂလိပ် နေ့စဉ်သတင်းစာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွှေမှော်ကပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 43 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့မှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက
မြန်မာသတင်း

အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချသူတွေကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 33 Views
စက်တင်ဘာလ (၁၆)ရက်။ အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ အမျိုးသမီး (၁)ဦးနဲ့ အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့
မြန်မာသတင်း

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 31 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန် ကျောက်တံတားမြို့ရှိ မြို့တော်ခန်းမမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုတာတွေအရ သိရပါတယ်။ “ ဟုတ်တယ်၊ မနက် (၆)ခွဲကျော်လောက် ဆူးလေဘုရားလမ်းဘက်ခြမ်းက မြို့တော်ခန်းမဘက်မှာ ဗုံးကွဲတာ။
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး(၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 46 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၇)နာရီကျော်အချိန်က မိုးကုတ်မြို့အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထောက်ခံတာက မြန်မာပြည်သူတွေ သတ်ဖြတ်ခံရတာကို မျက်ကွယ်ပြုတာလို့ NUG ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 99 Views
စက်တင်ဘာလ (၁၅)ရက်။ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံတဲ့လုပ်ရပ်တိုင်းက မြန်မာပြည်သူတွေ သတ်ဖြတ်ခံရတာကို မျက်ကွယ်ပြုတာလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန် မြောက်ဒဂုံမြို့ရှိ ထွေအုပ်ရုံးနဲ့ ယာဉ်ထိန်းရဲရုံး လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 88 Views
စက်တင်ဘာလ (၁၅)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီခွဲဝန်းကျင်ခန့်က မြောက်ဒဂုံမြို့နယ်ရှိ ထွေအုပ်ရုံးနဲ့ အမှတ်(၆)ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတို့ကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ မြောက်ဒဂုံက စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဦးစီးဦးဆောင်ပြုလုပ်နေတဲ့ ထွေအုပ်ရုံးနဲ့
မြန်မာသတင်း

မြိုင်မြိုနယ်ထဲ ဝင်/ထွက်သွားလာတာတွေကို စိစစ်ကြပ်မတ်ဖို့ မြို့နယ်ပကဖ ညွှန်ကြားထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 82 Views
တော်လှန်ရေးကို ခုတုံးလုပ်ပြီး အလွဲသုံးစားပြုလုပ်ရင် ထိရောက်စွာအရေးယူမယ်လို့ဆို စက်တင်ဘာလ (၁၅)ရက်။ မြိုင်မြို့နယ်ထဲ လူစိမ်းနဲ့ သင်္ကာမကင်းတဲ့ ဝင်/ထွက်သွားလာတာတွေကို ကျေးရွာတ‌ရွာချင်းစီ စိစစ်ကြပ်မတ်သွားဖို့ မြို့နယ်ပကဖ ဒီကနေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ တော်လှန်ရေးအစက လူစိမ်းတွေ ဝင်/ထွက်သွားလာတာကို တိတိကျကျ
မြန်မာသတင်း

ပါတီဝင်တွေအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် အရေးယူမယ်လို့ NLD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 78 Views
စက်တင်ဘာလ (၁၅)ရက်။ ပါတီဝင်တွေအနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင် ထိရောက်စွာ အရေးယူမယ်လို့ NLD က မနေ့က သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာ တနိုင်ငံလုံး ဆန္ဒမဲပေးတာ (၇၁)ရာခိုင်နှုန်းကျော်ခဲ့ပြီး NLD ပါတီက မဲဆန္ဒနယ်အားလုံးရဲ့