နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ICC ရဲ့ ၀ရမ်းအတွက် အစ္စရေးဘက်က ဂျိုးဘိုင်ဒန်ကာကွယ်

ICC ရဲ့ ၀ရမ်းအတွက် အစ္စရေးဘက်က ဂျိုးဘိုင်ဒန်ကာကွယ်

++++++++++++++++++++++

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဟားမက်စ်စစ်သွေးကြွခေါင်းဆောင် ၃ ဦးကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC က ဖမ်း၀ရမ်းထုတ်မှုအပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးဘက်က အပြင်းအထန်ခုခံကာကွယ်ခဲ့ပါတယ်။ အိမ်ဖြူတော်မှာ တနင်္လာနေ့က ကျင်းပတဲ့ ဂျူး-အမေရိကန်အမွေအနှစ်လ အခမ်းအနားမှာ ဂျိုးဘိုင်ဒန်က အခုလို ကာကွယ်ခဲ့တာပါ။

“အစ္စရေးခေါင်းဆောင်တွေကို ICC က ဖမ်း၀ရမ်းထုတ်တာနဲ့ပတ်သက်ပြီး ကျတော်တို့ဘက်က ငြင်းပယ်တယ်ဆိုတာကို ဒီနေရာကနေပဲ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ အဲဒီဖမ်း၀ရမ်းက အစ္စရေးနဲ့ဟားမက်စ်တွေကြားမှာ တန်းတူညီမျှမှုမရှိပါဘူး။ အရပ်သားတွေကို အကာအကွယ်ပေးရေးအတွက် အစ္စရေးက အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့တာ ထင်ရှားပါတယ်။ နိုင်ငံတကာရာဇဝတ်မှုခုံရုံးရဲ့ အစ္စရေးအပေါ် စွဲချက်တင်ထားတာတွေက လုံး၀ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ အခုဖြစ်နေတာတွေက လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်ပါဘူး”

၇ လတာကြာမြင့်နေပြီဖြစ်တဲ့ ဂါဇာစစ်ပွဲမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် လူ ၅ ဦးမှာတာဝန်ရှိတယ်ဆိုတာခိုင်မာတယ်လို့ ဆိုပြီး ICC ရှေ့နေ ကာရင်ခန်းက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အစ္စရေးဟာ လူသားတွေ ရှင်သန်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အစားအစာ၊ ရေ၊ ဆေးဝါးနဲ့ စွမ်းအင်တွေကို စနစ်တကျဖြတ်တောက်ဖြစ်ခဲ့တာ ထင်ရှားတဲ့ သက်သေတွေ မိမိတို့ ရရှိထားပြီဖြစ်တယ်လို့ ရှေ့နေ ကာရင်ခန်းက ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကတော့ အဲဒီစွပ်စွဲမှုတွေဟာ အဓိပ္ပါယ်မဲ့တဲ့ အသရေဖျက်မှုသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

“ အစုလိုက်အပြုံလိုက်လူသတ်တဲ့ ဟားမက်စ်တွေနဲ့ အစ္စရေးကိစ္စမှာ ဟိတ်က ရှေ့နေတွေရဲ့ နှိုင်းယှဉ်မှုကို စက်ဆုတ်ရွံရှာမိပါတယ်။ ဒါဟာ တကယ့်ကို လုံးလုံးလျားလျား လွဲချော်နေပါတယ်”လို့ နေတန်ယာဟုက ပြောဆိုခဲ့တာပါ။

ဟားမက်စ်ခေါင်းဆောင်တွေကတော့ လူသတ်ခြင်း၊ ဓားစာခံတွေကို ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနဲ့ မုဒိန်းမှု၊လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် အခြားရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီလို စွဲချက်တင်ခံရတာနဲ့ပတ်သက်ပြီး ဂါဇာထဲက ပါလက်စ်တိုင်းတွေလည်း ဒေါသထွက်ခဲ့ကြပါတယ်။

“တရားခံတွေနဲ့ တန်းတူညှိထားတဲ့ အဲဒီဆုံးဖြတ်ချက်ကို ကျတော်တို့ ကန့်ကွက်ပါတယ်။ ကိုယ့်မြေ၊ ကိုယ့်ဇာတိကို ကာကွယ်တဲ့သူတွေက ဘယ်လိုဖြစ်ပြီး ရာဇဝတ်ကောင်ဖြစ်လာတာလဲ”

နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ဟာ ကမ္ဘာ့ပထမဆုံး အမြဲတမ်း နိုင်ငံတကာ စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးဖြစ်ပြီး နိုင်ငံတခုဟာ ကိုယ့်ဟာကိုယ်မရပ်တည်နိုင်တော့တဲ့အခါမျိုးမှာ အဆင့်ဆင့် လုပ်ဆောင်ပေးပါတယ်။ ဂါဇာထဲမှာ ဖြစ်ပျက်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ အစ္စရေးက ပြောဆိုထားပါတယ်။ အစ္စရေးရဲ့ မဟာမိတ် အမေရိကန်ဟာ တရုတ်၊ ရုရှားနိုင်ငံတွေနည်းတူ ICC အဖွဲဝင်နိုင်ငံတွေ မဟုတ်ကြဘူးလို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ