နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

နေတန်ယာဟုနဲ့ ဟားမတ်စ်အတွက် ဘယ်လိုရှေ့ရေး အခြေအနေတွေရှိလဲ။

+++++++++++++++++++++++++++++++++++++++++

*** “ဟားမတ်စ်က ဆက်ပြီး ရှင်သန်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဟားမတ်စ်က နိုင်ငံရေးအဖွဲ့အစည်းတစ်ခုနှင့် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ အသတ်ခံရနိုင်တဲ့ လူပုဂ္ဂိုလ်စာရင်း မဟုတ်သလို ဖျက်ဆီးပစ်နိုင်တဲ့ အခြေခံအဆောက်အဦနဲ့ ပစ္စည်းကိရိယာတွေရဲ့ စာရင်းမဟုတ်ဘူး၊” ဟု အီဘစ်ရှ် က ဆိုသည်။ ” တစ်ဖက်မှာတော့ နေတန်ယာဟုက ပုဂ္ဂိုလ်ရေးအရရော နိုင်ငံရေးအရပါ ထာဝရရှင်သန်နေမှာ မဟုတ်ပါ။” ***

ဟားမတ်စ်နှင့် အစ္စရေးတို့က တဦးကိုတဦး သဘောတူညီချက်ရဖို့ကို ငြင်းပယ်ပြီး စစ်ပွဲကို ရှည်ကြာစေသည်ဟု အပြန်အလှန် စွပ်စွဲထားသည်။ နှစ်ဖက်စလုံးသည် ၎င်းတို့၏ နိုင်ငံရေးရှင်သန်နိုင်မှုအပေါ် မူတည်နေသောကြောင့် နှစ်ဖက်စလုံးက အမြင့်ဆုံး တောင်းဆိုမှုများဖြစ်လာစေရေး တွန်းအားပေးနေကြသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

နေတန်ယာဟုသည် သူ့ကိုယ်သူ ခက်ခဲသောနေရာတွင် ရောက်ရှိနေသည်ကို သတိပြုမိသည်။ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို သဘောတူပြီး ရာဖာ ကို အပြည့်အဝဝင်ရောက် ကျူးကျော်မှုကို ရှောင်ရှားရန် ၎င်း၏အနီးကပ်ဆုံး နိုင်ငံတကာမဟာမိတ်များနှင့် အစ္စရေးဓားစာခံမိသားစုများထံမှ ပြင်းထန်သောဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည့်အပြင် ဟားမတ်စ်တွေကို ချေမှုန်းပစ်နိုင်တဲ့အထိလုပ်ပြီးမှ စစ်ကိုရပ်လိုက်ပါဟု တွန်းအားပေးနေသည့် ကွဲထွက်ရန်မခိုင်မာသည့် အခြေအနေရှိနေသော သူ့ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှ အမာခံအုပ်စုကိုလည်း ရင်ဆိုင်နေရပါသည်။ ဟားမတ်စ်တို့ကလည်း အမြဲတမ်း အပစ်အခတ်ရပ်စဲရေး အာမခံချက် မရှိဘဲ စစ်ပွဲပြီးဆုံးပါက သူတို့၏ ကံကြမ္မာကို သတိထားရမည် ဖြစ်သည်။

နိုဝင်ဘာလတွင် တိုတောင်းသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရပြီးကတည်းက ဟားမတ်စ်သည် ရန်လိုမှုများ အပြီးတိုင် အဆုံးသတ်ရေး မပါဝင်သည့် အစ္စရေးနှင့် သဘောတူညီချက်ကို စိတ်မဝင်စားကြောင်း လိုဝန်စတိန်း (Lowenstein) က ပြောကြားခဲ့ပြီး ထိုအချက်သည် ၎င်းတို့၏ ရှင်သန်မှုကို အာမခံသည့် တစ်ခုတည်းသော အမြင်ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။

“နှစ်ဖက်စလုံးက သူတို့ရဲ့ နိုင်ငံရေးရှင်သန်မှုကို သေချာစေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုချင်ပါတယ်” ဟု လိုဝန်စတိန်းက ပြောကြားခဲ့သည်။ “ဟားမတ်စ်အတွက်၊ အဲဒါဟာ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်အချို့ကို ထိန်းသိမ်းထားနိုင်စေမယ့် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးပါပဲ။ နေတင်ယာဟု (Bibi) အတွက်၊ ၎င်းသည် ‘အလုံးစုံအောင်ပွဲ’ သို့ရောက်ရန် ယာယီခေတ္တရပ်နားထားခြင်းမျှသာ ဖြစ်သည်။

ဝါရှင်တန်ဒီစီရှိ အာရပ်ပင်လယ်ကွေ့ပြည်နယ် အင်စတီကျုမှ အကြီးတန်းနေထိုင်သူ ပညာရှင် ဟူစိန် အီဘစ်ရှ် (Hussein Ibish) က ဟားမတ်စ်နှင့် နေတန်ယာဟုတို့ နှစ်ဦးစလုံးသည် ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေခြင်းမှ နိုင်ငံရေးအရ အကျိုးဖြစ်ထွန်းသည်ဟု ယုံကြည်ကြသော်လည်း ရန်လိုမှုများကို အဆုံးသတ်ရန် နှစ်ဖက်စလုံးအတွက် ပြည်တွင်း၌ ဖိအားများ တိုးလာနေသည်ဟု ဆိုသည်။

“ဟားမတ်စ်အဖွဲ့အနေနဲ့ ဂါဇာပြင်ပမှာနေထိုင်တဲ့ သူ့ရဲ့ကိုယ်ပိုင်ခေါင်းဆောင်တွေကနေ အတိုင်းအတာတစ်ခုအထိ ဖိအားတွေအောက်မှာ ရှိနေပြီး အီဂျစ်နဲ့ ကာတာကနေတင်ပြတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွေကို လက်ခံဖို့နဲ့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေအတွက် သက်သာရာရစေဖို့အတွက် ပြင်းပြင်းထန်ထန်ဖိအားပေးခံနေရတယ်ဟု အီဘစ်ရှ် (Ibish) က CNN သို့ပြောသည်။

သို့သော် ဟားမတ်စ်အဖွဲ့သည် မတူညီသောပုံစံတခုဖြင့် ပြန်လည်ပေါ်ပေါက်လာနိုင်ပြီး နေတန်ယာဟုထက် ရှင်သန်ရန် အခွင့်အလမ်း ပိုကောင်းကြောင်း ဟားမတ်စ်က သတိပြုမိကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဟားမတ်စ်က ဆက်ပြီး ရှင်သန်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဟားမတ်စ်က နိုင်ငံရေးအဖွဲ့အစည်းတစ်ခုနှင့် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ အသတ်ခံရနိုင်တဲ့ လူပုဂ္ဂိုလ်စာရင်း မဟုတ်သလို ဖျက်ဆီးပစ်နိုင်တဲ့ အခြေခံအဆောက်အဦနဲ့ ပစ္စည်းကိရိယာတွေရဲ့ စာရင်းမဟုတ်ဘူး၊” ဟု အီဘစ်ရှ် က ဆိုသည်။ ” တစ်ဖက်မှာတော့ နေတန်ယာဟုက ပုဂ္ဂိုလ်ရေးအရရော နိုင်ငံရေးအရပါ ထာဝရရှင်သန်နေမှာ မဟုတ်ပါ။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 32 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 25 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ