နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတ္တရာမြို့နယ်ထဲ စစ်ကောင်စီက တရက်ထဲ လေကြောင်း (၃)ကြိမ်တိုက်ခိုက်ခဲ့၊ (၁)နှစ်ခွဲကလေးအပါအဝင် သားအမိ (၂)ဦးသေဆုံးခဲ့ရ

အောက်တိုဘာလ (၂၂)ရက်။

မနေ့က ညနေ (၄)နာရီကျော်အချိန် မတ္တရာမြို့အနောက်ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကမ်းတလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၄)စီးနဲ့ ‌လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။

“ မတ္တရာအနောက်ခြမ်း မြစ်ကမ်းတလျှောက်က ကျေးရွာတွေကို ညနေ (၄)နာရီ (၇)မိနစ်မှာ တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ တစ်ကြိမ်၊ Mi-35 နဲ့ (၄)နာရီ (၁၄)မိနစ်နဲ့ (၄)နာရီ (၄၈)မိနစ်တို့မှာ နှစ်ကြိမ် တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ တတိယအကြိမ် Mi-35 ရဲ့ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သားအမိ (၂)ဦးဖြစ်တဲ့ အသက် (၂၈)နှစ်အရွယ် အမျိုးသမီးနဲ့ (၁)နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အဲ့ဒီတိုက်ခိုက်တာထဲ (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ညနေ (၆)နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာ (၂)စီးနဲ့ မတ္တရာအနောက်ခြမ်း တနေရာကို လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

“ လေကြောင်းတိုက်ခိုက်ပြီး နာရီဝက်လောက်ကြာတော့ တံတားဦးနဲ့ မိတ္ထီလာဘက်က တက်လာတဲ့ ဂျက်ဖိုက်တာ (၂)စီးက အချိန်အတော်ကြာကြာ ပျံဝဲပြီး (၆)နာရီခွဲလောက်မှာ မတ္တရာအနောက်ဘက်ခြမ်းတနေရာကို ထပ်ပြီးတိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာလဲ ထိခိုက်သေဆုံးတာရှိတယ်လို့ သတင်းရထားပါတယ်” လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ မြေပြင်ထက် ဝေဟင်ကို အဓိကအသုံးပြုတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းလမ်းညွှန်တာတွေကို လိုက်နာပြီး ဗုံးခိုကျင်းနဲ့ အကာအကွယ်ရှိတဲ့နေရာတွေမှာ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဂျက်ဖိုက်တာအပါအဝင် Mi-35၊ Mi-17 နဲ့ Y12 စတဲ့ စစ်ကောင်စီလေယာဉ်တွေ ပျံဝဲနေပါက အကာအကွယ်ရှိတဲ့နေရာတွေမှာ နေထိုင်ပြီး တနေရာနဲ့ တနေရာ ကူးသန်းပြေးလွှားတာတွေ မပြုလုပ်ဖို့လဲ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 23 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 33 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 35 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို သိရပါတယ်။ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုဟာ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က