နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတ္တရာမြို့နယ်ထဲ စစ်ကောင်စီက တရက်ထဲ လေကြောင်း (၃)ကြိမ်တိုက်ခိုက်ခဲ့၊ (၁)နှစ်ခွဲကလေးအပါအဝင် သားအမိ (၂)ဦးသေဆုံးခဲ့ရ

အောက်တိုဘာလ (၂၂)ရက်။

မနေ့က ညနေ (၄)နာရီကျော်အချိန် မတ္တရာမြို့အနောက်ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကမ်းတလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၄)စီးနဲ့ ‌လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။

“မတ္တရာအနောက်ခြမ်း မြစ်ကမ်းတလျှောက်က ကျေးရွာတွေကို ညနေ (၄)နာရီ (၇)မိနစ်မှာ တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ တစ်ကြိမ်၊ Mi-35 နဲ့ (၄)နာရီ (၁၄)မိနစ်နဲ့ (၄)နာရီ (၄၈)မိနစ်တို့မှာ နှစ်ကြိမ် တိုက်ခိုက်ခဲ့တာ”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ တတိယအကြိမ် Mi-35 ရဲ့ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သားအမိ (၂)ဦးဖြစ်တဲ့ အသက် (၂၈)နှစ်အရွယ် အမျိုးသမီးနဲ့ (၁)နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အဲ့ဒီတိုက်ခိုက်တာထဲ (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ညနေ (၆)နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာ (၂)စီးနဲ့ မတ္တရာအနောက်ခြမ်း တနေရာကို လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

“လေကြောင်းတိုက်ခိုက်ပြီး နာရီဝက်လောက်ကြာတော့ တံတားဦးနဲ့ မိတ္ထီလာဘက်က တက်လာတဲ့ ဂျက်ဖိုက်တာ (၂)စီးက အချိန်အတော်ကြာကြာ ပျံဝဲပြီး (၆)နာရီခွဲလောက်မှာ မတ္တရာအနောက်ဘက်ခြမ်းတနေရာကို ထပ်ပြီးတိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာလဲ ထိခိုက်သေဆုံးတာရှိတယ်လို့ သတင်းရထားပါတယ်”လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ မြေပြင်ထက် ဝေဟင်ကို အဓိကအသုံးပြုတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းလမ်းညွှန်တာတွေကို လိုက်နာပြီး ဗုံးခိုကျင်းနဲ့ အကာအကွယ်ရှိတဲ့နေရာတွေမှာ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဂျက်ဖိုက်တာအပါအဝင် Mi-35၊ Mi-17 နဲ့ Y12 စတဲ့ စစ်ကောင်စီလေယာဉ်တွေ ပျံဝဲနေပါက အကာအကွယ်ရှိတဲ့နေရာတွေမှာ နေထိုင်ပြီး တနေရာနဲ့ တနေရာ ကူးသန်းပြေးလွှားတာတွေ မပြုလုပ်ဖို့လဲ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 114 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို