နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

(၁၁၁၁) စစ်ဆင်ရေး နောက်ဆက်တွဲ ကရင်နီပြည်စစ်ရေးအခြေအနေ KNDF ထုတ်ပြန်

မတ်လ (၂၃) ရက်။

ကရင်နီ- ထိုင်းနယ်စပ်တစ်လျှောက် ၂၀၂၃ ခုနှစ် ဇွန်လ (၁၃) ရက်နေ့က စတင်ခဲ့သော မိုခါမှုန်တိုင်းစစ်ဆင်ရေးနဲ့ နိုဝင်ဘာလမှာ စတင်တဲ့ (၁၁၁၁) စစ်ဆင်ရေးတို့ရဲ့ အရှိန်အဟုန်တို့ကြောင့် ကရင်နီပြည်အတွင်းရှိ မြို့နယ်အချို့နဲ့ နယ်စပ်တစ်လျှောက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို အပြီးတိုင်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး သံလွင်အရှေ့ဘက်ခြမ်းနဲ့ မယ်စဲ့၊ ရှားတောမြို့နယ်တို့ဟာ စစ်ကောင်စီ ကင်းစင်နယ်မြေတွေ ဖြစ်လာခဲ့ပြီလို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဒီကနေ့ မတ်လ (၂၃) ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

မိုခါမှုန်တိုင်းစစ်ဆင်ရေးမှာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက နယ်စပ် စခန်း (၇) ခုနဲ့ မဲစဲ့မြို့ကို ၂၀၂၃ ခုနှစ်အတွင်း အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

(၁၁၁၁) စစ်ဆင်ရေးအစိတ်အပိုင်း တစ်ခုဖြစ်တဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် ရွာသစ်မြို့၊ မော်ချီးနဲ့ မဲစဲ့မြို့နယ်တို့မှ စစ်ကောင်စီတပ်တွေ တပ်ဆုတ်လာကာ လွိုင်ကော်မြို့သို့ တပ်အင်အားဖြည့်တင်းထားရတယ်လို့ ဆိုပါတယ်။

(၁၁၁၁) စစ်ဆင်ရေး နာက်ပိုင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုမိုးနယ်မြေများမှာ ပိုမိုကျယ်ပြန့်လာပြီး ကရင်နီပြည်တဝှမ်းလုံးတွင် စိုးမိုးတပ်ဖြန့်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်တွေဟာ နေရာအနည်းငယ်မှာသာ နယ်မြေစိုးမိုးနိုင်တော့တယ်လို့ ဆိုပါတယ်။

(၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ရှားတော။ မော်ချီး၊ မိုးဗြဲနဲ့ နန်းဖယ်ခုံ၊ စတဲ့ မြို့ (၇) မြို့ ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ပြီး (၁၁၁၁) စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ စွန့်ခွာ တပ်ဆုတ်သွားသော စခန်း (၁၆) ခုရှိခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ လွိုင်ကော်မြို့နယ်မှာ စခန်း (၁၂) ခု၊ ဒီးမော့ဆိုမြို့နယ်မှာ စခန်း (၁၃) ခု၊ ဖားဆောင်မြို့နယ်တွင် စခန်း (၉) ခု၊ ဘောလခဲမြို့နယ်မှာ စခန်း(၅) ခု၊ ရှားတောမြို့နယ်မှာ စခန်း (၇) ခု၊ ဖယ်ခုံမြို့နယ်တွင် (၁၇) ခု နဲ့ မယ်စဲ့မြို့နယ်တွင် (၁) ခု၊ ဖရူဆိုမြို့နယ်မှာ (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခု ဖြစ်ပါတယ်။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ နီးစပ်သူတစ်ဦးရဲ့အဆိုအရ ဖားဆောင်းမြို့၊ ဘော်လခဲမြို့ကိုတော့ မသိမ်းပိုက်နိုင်သေးဘဲ ရှိပေမယ့် လွိုင်ကော်မြို့ပေါ်မှာလည်း စစ်ကောင်စီအနည်းငယ်သာရှိတော့တယ်လို့ သိရပါတယ်။

ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စည်းလုံးညီညွှတ်မှုနဲ့ ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှု၊ အားပေး ထောက်ခံမှုတွေကြောင့် မြို့သိမ်းတိုက်ပွဲတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ အောင်မြင်မှု ရရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအတွင်း အသက်ပေးသွားတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ရဟန်းရှင်လူတွေနဲ့ ပျက်စီးသွားတဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွအပေါ် တိုင်တည်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တော်လှန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အဓိဌာန်ပြုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 20 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 28 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ
မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 23 Views
ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား မတ်လ (၃၁)ရက်။ မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။ မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန်
မြန်မာသတင်း

NUG၊ CRPH၊ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲစည်း

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 26 Views
မတ်လ (၃၁)ရက်။ NUG၊ CRPH နဲ့ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ဖွဲစည်းခဲ့တယ်လို မနေ့ကထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာ
မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 213 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကြောင်ချောင်းရွာအနီးမှာ ဘယ်တိုက်ပွဲမှလဲမရှိဘဲ သူရဲဘောကြောင်ပြီး အကြမ်းဖက်စစ်ကော်မရှင်က ‌ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌအိမ်ဘေးမှာ လူငယ် (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 29 Views
မတ်လ (၃၀)ရက်။ ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၃)ဦးဟာ ဟားခါးမြို့ထဲနေသူတွေဖြစ်ပြီး မတ်လ
မြန်မာသတင်း

၂၀၀၈ခြေ/ဥကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ် ရဲဝင်းဦး ပြော

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 25 Views
မတ်လ (၃၀)ရက်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ မိန့်ခွန်းထဲ
မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 21 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချုပ်ခန်းထဲ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟာ