နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုတ်ပြင်းမြို့က စစ်ကောင်စီရဲ့ မိုက်ကလိုဝေ့တာဝါတိုင်တောင်ကုန်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

မတ်လ (၂၃) ရက်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်က စစ်ကောင်စီရဲ့ မိုက်ကလိုဝေ့တာဝါတိုင်တောင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Flying Star Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲရှိ ပြည်ကြီးမဏ္ဍိုင်နဲ့ ဘန်ဂလောကျေးရွာအနောက်ဘက်က စစ်ကောင်စီစခန်းကို KTLA နဲ့ Flying Star Force ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ မတ်လ (၂၂)ရက်နေ့ နံနက် (၁၁)နာရီခန့်ကစပြီး စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲဟာ (၄)နာရီကျော်ကြာ အပြန်အလှန် ရင်ဆိုင်ပစ်ခတ်ခဲ့ပြီး နေ့လယ် (၃)နာရီခွဲအချိန်မှာ မိုက်ကလိုဝေ့တာဝါတိုင်တောင်ကုန်းစခန်းကို လက်နက်ကြီးပစ်ကူတွေကြားကနေ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ပြည်ကြီးမဏ္ဍိုင်မြို့ထဲရှိ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းတောင်ပေါ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ လေညှာ-မဏ္ဍိုင် တံတားကြီးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေကလဲ ၈၀မမ၊ ၁၂၀မမ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ကူခဲ့တယ်လို့ ရေးသားထားပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တစ်ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စခန်းစွန့်ခွာခဲ့ကြတာကြောင့် ၆၀မမ စိန်ပြောင်းတစ်လက်၊ MA4 နိုင်းတွဲ တစ်လက်၊ MA3 (၂)လက်၊ မော်တာကျည် (၃၆)လုံး၊ ၆၀မမ ကျည်သီး (၄၂)လုံး၊ MA3/MA4 ကျည် (၂၀၄၀)တောင့်၊ လက်ပစ်မိုင်းသီး/ကစ် (၅)စုံ၊ လက်ပစ်ဗုံးသီး (၃)လုံး၊ တိုက်မိုင်း/ကစ် (၅)စုံနဲ့ MA3/MA4 ကျည်ဘောက် (၁၅)ခုအပြင် စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 20 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 28 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ
မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 23 Views
ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား မတ်လ (၃၁)ရက်။ မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။ မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန်
မြန်မာသတင်း

NUG၊ CRPH၊ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲစည်း

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 26 Views
မတ်လ (၃၁)ရက်။ NUG၊ CRPH နဲ့ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ဖွဲစည်းခဲ့တယ်လို မနေ့ကထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာ
မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 214 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကြောင်ချောင်းရွာအနီးမှာ ဘယ်တိုက်ပွဲမှလဲမရှိဘဲ သူရဲဘောကြောင်ပြီး အကြမ်းဖက်စစ်ကော်မရှင်က ‌ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌအိမ်ဘေးမှာ လူငယ် (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 29 Views
မတ်လ (၃၀)ရက်။ ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၃)ဦးဟာ ဟားခါးမြို့ထဲနေသူတွေဖြစ်ပြီး မတ်လ
မြန်မာသတင်း

၂၀၀၈ခြေ/ဥကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ် ရဲဝင်းဦး ပြော

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 25 Views
မတ်လ (၃၀)ရက်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ မိန့်ခွန်းထဲ
မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 21 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချုပ်ခန်းထဲ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟာ