နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြဝတီမြို့က ခလရ (၂၇၅) ကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ဧပြီလ (၂၃) ရက်။

ပြီးခဲ့တဲ့ ဧပြီလ (၁၁) ရက်နေ့က ကရင်တပ် KNU က သိမ်းပိုက်ထားတဲ့ မြဝတီရှေ့တန်းမြို့စောင့်တပ် ခလရ (၂၇၅) စခန်းကို စစ်ကောင်စီက ဒီနေ့မှာ ပြန်လည်ရယူသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံက သိရှိရပါတယ်။

ဒီနေ့ ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်းမှာ မြဝတီနယ်ခြားစောင့်တပ်ဖြစ်တဲ့ BGF က ဗိုလ်မုတ်သုန်တပ်ဖွဲ့ရဲ့ အကူအညီနဲ့ ခလရ (၂၇၅) စခန်းကို ပြန်လည်ရယူသွားတာလို့ သူက ပြောပါတယ်။ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၂၀ ဦးပါဝင်ပြီး ကျန်တဲ့တပ်ဖွဲ့ဝင်တွေကတော့ ဗိုလ်မုတ်သုန်တပ်ဖွဲ့ဝင်တွေလို့ သိရပါတယ်။ ဗိုလ်မုတ်သုန်တပ်ဖွဲ့တွေလည်း စစ်တပ်ရဲ့ တံဆိပ်တွေကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။

ခလရ (၂၇၅) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာထိုင်း−မြန်မာချစ်ကြည်ရေး တံတားအမှတ် (၂) အောက်ကို ထွက်ပြေးတိမ်းရှောင် ခိုအောင်းနေခဲ့ကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂) အောက်မှာ စခန်းချပြီး ခံစစ်ပြင်နေပြီး စစ်ကူစောင့်နေကြတာ ဖြစ်ပါတယ်။ ဧပြီလ (၁၉) ရက် ညပိုင်းမှာ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ချည်းကပ်ပြီး ဧပြီလ (၂၀) ရက်မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၃၀) ဦးနဲ့အထက် သေဆုံးခဲ့ပြီး တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက် အပါအဝင် (၃၀) ဦး နှင့်အထက် ဒဏ်ရာရခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရတဲ့စစ်ကောင်စီဝင်တွေကိုလည်း မဲဆောက်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

ဧပြီလ (၂၁) ရက်နေ့မှာတော့ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြန်ဆုတ်ပေးလိုက်တဲ့အတွက် တိုက်ပွဲတွေရပ်တန့်သွာခဲ့ရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ခလရ (၂၇၅) မှာ မြန်မာနိုင်ငံအလံကို ပြန်တင်လိုက်ကြောင်းကို ရုပ်သံနဲ့ရော ဓာတ်ပုံနဲ့ပါ ဖော်ပြနေကြပါတယ်။

BGF မှာ ဗိုလ်မုတ်သုန်က စစ်ကောင်စီနဲ့ပဲ လက်တွဲလုပ်ဆောင်မှာ ဖြစ်ကြောင်း ကရင်ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီနဲ့ ဗိုလ်မုတ်သုန်တို့ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ အခွန်ကောက်ယူမှုတွေကို ညှိနှိုင်းထားပြီးပြီလို့ သိရပါတယ်။ ထိုင်းသတင်းတွေမှာ ဖော်ပြနေတဲ့ တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက် သေဆုံးတာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက်ကို ဗိုလ်မုတ်သုန်က စောင့်ရှောက်ထားတယ်လို့လည်း သူက ပြောပါတယ်။ တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက် သေဆုံးမှု ရှိမရှိဆိုတာကိုတော့ ခေတ်မျက်လုံးသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 82 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 20 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 36 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 27 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊