နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပျုစောထီးရွာတွေက နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း(၄)ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့

နိုဝင်ဘာလ (၂၃)ရက်။

ဂန့်ဂေါမြို့နယ်ထဲရှိ ပျူစောထီးရွာတွေကနေ နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း (၄)ကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ယောအလင်းတန်းကို ပြောဆိုထားချက်အရ သိရပါတယ်။

“ဟုတ်ပါတယ်။ KKG ရင်း(၄)က lo ကို နှမ်းကား (၂)စီးနဲ့ နှမ်းတင်းရေ (၂၉၈)တင်း ဖမ်းမိထားတာ မှန်ပါတယ်။ အခုတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ KKG အဖွဲ့ကို တင်ပြထားပြီး လမ်းညွှန်ချက်တွေအတိုင်း အရေးယူသွားမှာပါ”လို့ ဆိုထားပါတယ်။

KKG တပ်ရင်း(၄)က lo ဦးဆောင်ပြီး ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ပျူစောထီးရွာတွေဖြစ်တဲ့ ဟံသာဝတီနဲ့ မြောက်ခင်ရန်း စတဲ့ ကျေးရွာတွေကနေ ကား (၂)စီးနဲ့ နှမ်းအတင်းရေ (၂၉၈)တင်းကို ဝယ်ယူပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ ပြန်ရောင်းချဖို့ ကြိုးစားခဲ့တာပါ။

“သူက ပျူစောထီးရွာတွေက နှမ်းတွေကို တစ်တင်း (၂၅၀၀၀)ကျပ်နဲ့ ဝယ်ပြီး နှမ်းပွဲစားတွေဆီကို (၆၀၀၀၀)ကျော်ကစပြီး ဈေးအမျိုးမျိုးနဲ့ အမြတ်တင်ရောင်းနေတာ။ ဒါက ပထမဆုံးအကြိမ်မဟုတ်ဘူး၊ သက်သေမခိုင်လို့သာ ဖမ်းမရဖြစ်နေတာ။ အခုတော့ သက်သေအခိုင်အမာနဲ့ ဖမ်းမိတာ”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

KKG တပ်ရင်း(၄)က lo ဦးဆောင်ပြီး ပျုစောထီးရွာတွေကနေ နှမ်းတွေဝယ်ယူကာ ဈေးအမျိုးမျိုးနဲ့ အမြတ်တင်ရောင်းတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ အရင်ကလဲ သယ်ယူရောင်းချခဲ့ပေမယ့် သက်သေမခိုင်လုံတာကြောင့် မဖမ်းနိုင်ခဲ့ကာ အခုတကြိမ်မှာတော့ သက်သေနဲ့အတူ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

“ကြားတာကတော့ နှမ်းတင်မကဘူး၊ ရွှေတွေကိုပါ အမြတ်တင်ပြီး ပြန်ရောင်းတာလို့ ကြားတယ်။ အခုဖမ်းမိတဲ့ ကားထဲက တစ်စီးက မြောက်ခင်ရန်းရွာက ပျူစောထီး ဇော်သိန်းရဲ့ကားလဲပါတယ်။ အခုမိတာကလဲ ပွဲစားချင်း ဈေးလုပြီး ရန်ဖြစ်တာကနေ မြောက်ခင်ရန်းက နှမ်းမှန်းသိပြီး ဖမ်းမိတာ။ မြောက်ခင်ရန်းဆိုတာ ပျူစောထီး အများဆုံးရှိတဲ့ရွာ၊ သူတို့ကြောင့်လဲ ရဲဘော် (၂)ဦး အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရတာ”လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မြောက်ခင်ရန်းရွာအနီးရှိ ကျေးရွာတွေဖြစ်တဲ့ စမ်းမြိုရွာ၊ သင်တောရွာ၊ ရေသာရွာနဲ့ ရွှေဘိုရွာတို့ဟာလဲ လူနေအိမ်တွေ မကျန်တော့သလောက် မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသကာကွယ်ရေးအဖွဲ့တွေကိုယ်တိုင် ပြည်သူတွေကို ပျူစောထီးတွေနဲ့ အရောင်းအဝယ်မလုပ်ဖို့ တားမြစ်ထားပါတယ်။

အခုလို ပျုစောထီးရွာတွေနဲ့ ဆက်နွယ်ပြီး အရောင်းအဝယ်ပြုလုပ်ရာကနေ ဖမ်းဆီးခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး KKG တပ်ရင်းဘက်က တရားဝင် ထုတ်ပြန်ပြောဆိုထားတာမရှိပါဘူး။

နောက်ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဟာ မြောက်ခင်ရန်းရွာအပါအဝင် ပျူစောထီးရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းအချိန်ကစပြီး ရိက္ခာဝင်ရောက်တဲ့လမ်းကို ပိတ်ထားခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 12 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 14 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 14 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 18 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 27 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 37 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး