နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောက်တံခါးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၅)ဦးဒဏ်ရာရရှိခဲ့

ဇန်နဝါရီလ (၂၄)ရက်။

ဇန်နဝါရီလ (၂၃)ရက်နေ့ နံနက်(၁၀)နာရီခန့်က ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ မင်းလှ-စိန်ကန့်လန့်လမ်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပဲခူးတိုင်း-PDF ထံက သိရပါတယ်။

မင်းလှ-စိန်ကန့်လန့်လမ်းမှာ ပဲခူးခရိုင်တပ်ရင်း (၃၇၀၁)၊ တပ်ခွဲ(၅) (Dike-U Defence Force)က နယ်မြေစိုးမိုးရေးအတွက် ရှောင်တခင် စစ်ဆေးနေချိန် စစ်ကောင်စီရဲ့ စစ်ကား(၂)စီး တက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို ဆိုပါတယ်။

အဲ့ဒီထိတွေ့တိုက်ပွဲဟာ (၁)နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က (၅)ဦးသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူတွေကို ကားပေါ်ဆွဲတင်ပြီး တောင်ငူဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အင်အား(၂၀)ခန့်နဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုတင်ပြင်ဆင်ထားရှိမှုနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အထိအခိုက်မရှိခဲ့ဘူးလို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိ/မရှိကိုတော့ အတည်ပြုနိုင်တာမရှိဘူးလို့ ပဲခူးတိုင်း-PDF ရဲ့ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပျူစောထီးတစ်ဦးကို ရှင်းလင်းခဲ့တဲ့ ရေးဘီလူးအဖွဲကို MOD က ခုံရုံးဖွဲစစ်ဆေးဖို ပြင်ဆင်နေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 3 Views
ဒီဇင်ဘာလ (၆)ရက်။ ပျုစောထီးတစ်ဦးကို ရှင်းလင်းခဲ့တဲ့အပေါ် ရေးမြိုအခြေစိုက် တော်လှန်ရေးတပ်တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲကို MOD က ခုံရုံးဖွဲစစ်ဆေးသွားမယ်လို ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားချက်အရ
မြန်မာသတင်း

တရုတ်နဲ့ လုံခြုံရေးကုမ္ပဏီတည်ထောင်နိုင်ဖို့ နားလည်မှုစာချွန်လွှာရေးထိုးဖို့ စစ်ကောင်စီက လုပ်ငန်းကော်မတီဖွဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ တရုတ်နိုင်ငံနဲ့ Joints Venture Security Company တည်ထောင်နိုင်ဖို့အတွက် နားလည်မှူစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ဖို့ စစ်ကောင်စီက လုပ်ငန်းကော်မတီဖွဲ့စည်းထားတယ်လို့
မြန်မာသတင်း

ပေါင်းတည်မြို့မှာ PDF တွေကို ကြုံးဝါးတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ ဒီဇင်ဘာလ (၃)ရက်နေ့ ည(၈)နာရီခွဲအချိန်က ပေါင်းတည်မြို့၊ ဆင်လူးအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ခင်ထွဋ်နဲ့ သားဖြစ်သူ အောင်ဇော်ထွဋ်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ကို PPDF
မြန်မာသတင်း

မူတြော်ခရိုင်တိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် (၈၈)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလထဲ မူတြော်ခရိုင်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၄၃)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က (၈၈)ဦး သေဆုံးပြီး (၁၃)ဦး
1027 Operations မြန်မာသတင်း

လောက်ကိုင်မြို့မှာ ရာဇဝတ်မှုကျူးလွန်သူ (၆)ဦးကို MNDAA က သေဒဏ်ချမှတ်ပြီး ချက်ခြင်းကွပ်မျက်ခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 3 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က လောက်ကိုင်မြို့မှာ ရာဇဝတ်မှုကျူးလွန်သူ (၆)ဦးကို ကိုးကန့်တပ်(MNDAA)က သေဒဏ်ချမှတ်ပြီး ချက်ခြင်းကွပ်မျက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အထူးဒေသ(၁) လောက်ကိုင်မြို့မှာ ပြန်ပေးဆွဲတာ၊ ငွေညှစ်တာနဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်တာတို့နဲ့ သံသယရှိသူ (၁၄)ဦးကို ဥပဒေနဲ့အညီ
မြန်မာသတင်း

ထိုင်းအစိုးရအနေနဲ့ စစ်အုပ်စုရဲ့ မြန်မာအလုပ်သမားတွေအပေါ် ဖိနှိပ်တာတွေကို မကူညီဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 3 Views
ဒီဇင်ဘာလ (၆)ရက်။ ထိုင်းအစိုးရအနေနဲ့ စစ်အုပ်စုရဲ့ မြန်မာအလုပ်သမားတွေအပေါ် ဖိနှိပ်တာတွေကို အားပေးကူညီတယ မလုပ်ဖို့ NUG အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။ စစ်တပ်အာဏာမသိမ်းခင်အထိ ထိုင်းနိုင်ငံမှာ MoU အလုပ်သမားတွေအပါအဝင် တရားဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂)သန်းကျော်နဲ့
မြန်မာသတင်း

တန့်ယန်းက ငွေလိမ်လုပ်ငန်းလုပ်တဲ့ တရုတ်တွေအပါအဝင် (၄၅)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီဖမ်းမိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 5 Views
ဒီဇင်ဘာလ (၆)ရက်။ ဒီဇင်ဘာလ (၂)ရက်နေ့က ရှမ်းမြောက် တန့်ယန်းမြို့မှာ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်တွေအပါအဝင် (၄၅)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တန့်ယန်းမြို့ နောင်ဟီးကျေးရွာက နေအိမ်တစ်လုံးမှာ တရုတ်နိုင်ငံသားတွေနဲ့
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီနဲ့ လက်အောက်ခံ နိုင်ငံရေးပါတီတွေ တွေ့ဆုံ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က နေပြည်တော်မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ ပါတီမှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီအာဘော်သတင်းစာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ နယ်စပ်ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့