နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ ရိုဟင်ဂျာတွေကို ဖမ်းဆီးသတ်ဖြတ်တာမရှိဘူးလို့ AA ငြင်းဆို

ဧပြီလ (၂၄)ရက်။

ဧပြီလ (၁၇)ရက်နေ့က မောင်တောမြို့ရှိ သရက်အုပ်ကျေးရွာမှာ ရိုဟင်ဂျာ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပေါ် AA ရဲ့ပြောခွင့်ရ ခိုင်သုခက ဒီကနေ့မှာ ထုတ်ပြန်ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

“ ဒီကိစ္စကတော့ ကျနော်တို့အဖွဲ့အစည်းနဲ့ လုံးဝပတ်သက်မှုမရှိပါဘူး။ သူတို့ပြောသလို ဖမ်းဆီးတာလဲမရှိပါဘူး” လို့ သူက ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်နေရာဟာ ဘင်္ဂါလီမူဆလင်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA၊ ARA နဲ့ RSO နဲ့ အခြားမူဆလင်မူးယစ်ဂိုဏ်းတွေ လှုပ်ရှားပြီး ရှုပ်ထွေးတဲ့နေရာလို့ ဖော်ပြထားပါတယ်။

“ ဒါက သူတို့ရာဇဝတ်ဂိုဏ်းတွေကြားမှာ တဖက်နဲ့တဖက် မကျေနပ်လို့ လုပ်ကြံသတ်ဖြတ်တာတွေဘဲ ဖြစ်ပါလိမ့်မယ်။ သိတဲ့အတိုင်း ဘင်္ဂါလီမူဆလင်ဒုက္ခသည်စခန်းတွေမှာလဲ လုပ်ကြံသတ်ဖြတ်တာတွေ အများကြီးရှိနေပါတယ်” လို့ ခိုင်သုခက ဆက်ပြောပါတယ်။

အခုကိစ္စဟာ AA ကို မကျေနပ်တဲ့ အကြမ်းဖက်အဖွဲ့တွေက ဒေသခံတွေ အထင်အမြင်လွဲမှားတာတွေ ဖြစ်လာအောင် ဖန်တီးလုပ်ကြံတာမျိုး ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ULA/AA အနေနဲ့ စစ်မြေပြင်က ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပြီး အခုလိုမျိုး ဥပဒေမဲ့မတရားသတ်ဖြတ်တာမျိုး ဘယ်တော့မှမလုပ်ဘူးလို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ရိုဟင်ဂျာ (၅)ဦးဟာ အသက် (၂၇)နှစ်အပါအဝင် အသက် (၄၀)အရွယ်နဲ့ (၅၀)အရွယ်တို့ဖြစ်ကာ တိုက်ပွဲဖြစ်ပွားပြီးနောက် AA က မေးမြန်းစရာရှိတယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညစ်ညမ်းစာပေတွေကို အရေးယူတာက စာပေအဆိပ်သင့်တာကို ကာကွယ်တာလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 0 Views
ဇန်နဝါရီလ (၂၂)ရက်။ ညစ်ညမ်းစာပေတွေကို အရေးယူတာက နိုင်ငံနဲ့ လူမျိုးအတွက် စာပေအဆိပ်သင့်တာကို ကာကွယ်တားဆီးတာလို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းတွေကိစ္စ ထိုင်းနဲ့ စစ်ကောင်စီတို့ ဆွေးနွေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 0 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 17 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ်(၁)နာရီခွဲအချိန် ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁)-ယောဗျူဟာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထီးလင်းမြို့က စကစတပ်သားတွေ တပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို
မြန်မာသတင်း

မြင်းခြံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတွေ မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 10 Views
ဇန်နဝါရီလ (၂၁)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ ချောင်းဒေါင်းလမ်းဆုံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အမှတ်(၂)ရဲစခန်းက ရဲတပ်သား (၅)ဦးက
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ဒေသခံ(၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခံ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 16 Views
ဇန်နဝါရီလ (၂၁)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီအချိန်က နောင်ချိုမြို့ရှိ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို နေ့လယ်(၂)နာရီလောက်
မြန်မာသတင်း

လောင်းလုံးမြို့မှာ နတ်ပွဲအကြောင်းပြ လောင်ကစားဝိုင်းပြုလုပ်တာကို မြို့နယ်ပကဖ ဝင်ဖမ်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 11 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ် (၃)နာရီခန့်က လောင်းလုံးမြို့ ကထောင်းနီရွာမှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေတာကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကထောင်းနီရွာမှာ နတ်ပွဲအကြောင်းပြပြီး သီးခြားပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဧရာဝတီအပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 12 Views
ဇန်နဝါရီလ (၂၁)ရက်။ ဧရာဝတီအပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ နယ်မြေတွေဟာ ရခိုင်ရိုးမနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရိုးမတောင်တန်းနဲ့ ရခိုင်-ပဲခူးအစပ်၊
မြန်မာသတင်း

စစ်ကောင်စီဟာ အာဏာတည်မြဲဖို့ကိုသာ အာရုံစိုက်နေလို့ ဆိုက်ဘာရာဇဝတ်မှုကို ဖြေရှင်းလိုတဲ့ဆန္ဒမရှိဘူးလို့ဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 11 Views
ဇန်နဝါရီလ (၂၁)ရက်။ စစ်ကောင်စီဟာ အာဏာတည်မြဲဖို့အတွက်ကိုသာ အာရုံစူးစိုက်ပြီး လုပ်ကိုင်နေကာ အရေးကြီးတဲ့ ဆိုက်ဘာရာဇဝတ်မှု ပြဿနာကို ဖြေရှင်းလိုတဲ့ဆန္ဒ မရှိဘူးလို့ NUG နဲ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုဖြစ်ပေါ်နေတဲ့ အခြေအနေရဲ့ တိုက်ရိုက်အကျိုးဆက်ကြောင့်