နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကိုဇော်မင်း ဦးဆောင်တဲ့ မြို့နယ်ပကဖအဖွဲ့က ကျေးရွာထဲ သေနတ်ပစ်ဖောက် ၀င်ရောက်ဖမ်းဆီးတာကြောင့် အရင်ပကဖခေါင်းဆောင်တွေ ထွက်ပြေးနေရ

ဇူလိုင်လ (၂၄) ရက်။

မင်းကင်းမြိုမှာ ကိုဇော်မင်း ဦးဆောင်တဲ့ မြို့နယ်ပကဖအဖွဲ့၀င်တွေဟာ သေနတ်ပစ်ဖောက် ဝင်ရောက်ဖမ်းဆီးတာတွေကြောင့် အရင်ပကဖခေါင်းဆောင်နဲ့အဖွဲ့တွေ ထွက်ပြေးနေရတယ်လို ရွာခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ ဇော်မင်းဆိုတာက ရွှေမှော်တွေကို ရွာသားတွေကလက်မခံဘဲ တရားမဝင်လုပ်နေပြီး ချမ်းသာနေတဲ့သူပေါ့၊ သူက ‌ကျေးရွာပကဖကို သူတိုစိတ်တိုင်းကြဖွဲဖိုလုပ်တာကို ရွာကလက်မခံတာကို မကျေမနပ်ဖြစ်ပြီး လိုက်ရမ်းနေတာ၊ နောက်ပြီး တော်လှန်ရေးအဖွဲ့တွေကိုလည်း ဖမ်းထားတယ်၊ အခု အရင်ပကဖတွေကိုပါ ဖမ်းဖိုလုပ်နေတာကြောင့် သူတိုလည်း ထွက်ပြေးနေရတယ်” လို ရွာခံတစ်ဦးက ဆိုပါတယ်။

မြိုနယ်ပကဖဒုတာ၀န်ခံ ကိုဇော်မင်းဟာ ရွာသားတွေ ကန့်ကွက်နေတဲ့ကြားက တရားမ၀င် ရွှေတူးဖော်တာတွေကို လုပ်ကိုင်နေပြီး ကျေးရွာပကဖ ပြန်လည်ဖွဲစည်းရာမှာ ရွာသူရွာသားတွေက လက်မခံခဲ့တာကို မကျေနပ်တာကြောင့် အခုလို လက်နက်ကိုင်ရမ်းကားနေတာလို သိရပါတယ်။

အရင်ရက်သတ္တပတ်ထဲကစပြီး ကိုဇော်မင်း ဦးဆောင်တဲ့အဖွဲဟာ ကျေးရွာပကဖခေါင်းဆောင်အချိုအပါအ၀င် တော်လှန်ရေးရဲဘော် (၁၄) ဦးကို ရွာတက်ကုန်းမှာ ရိုက်နှက်ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူတွေထဲ Upper Chindwin River Revolution Force (UCRF) အဖွဲဝင်တွေ ပါဝင်နေပါတယ်။

“ အခုချိန်အထိ တော်လှန်ရေးရဲဘော် (၁၄) ဦးကို ထိပ်တုံးခတ်ပြီး ဖမ်းထားတုန်းပါ၊ အသက်မပြည့်‌သေးတဲ့ ကလေးတဦးလည်း ပါတယ်။ နောက်ပြီး အရင်ကျေးရွာပကဖက ဖွင့်ထားတဲ့ ဆေးခန်းက CDM ကျန်းမာရေးဆရာမကိုလဲ ဖမ်းဖိုလုပ်နေတာကြောင့် အဲ့ဒီဆရာမလဲ ထွက်ပြေးနေရပါတယ်။ ကျန်တဲ့ ပကဖအဖွဲ၀င်တွေလဲ ထွက်ပြေးနေရတာ (၃) ရက်လောက်ရှိနေပါပြီ” လို့ သူက ဆက်ပြောပါတယ်။

ကိုဇော်မင်းနဲ့အဖွဲဟာ ကျေးရွာဆေးခန်းက CDM ကျန်းမာရေးသူနာပြုဆရာမ ဒေါ်နုနုအေးရဲ့ နေအိမ်ကို သေနတ်ပစ်ဖောက် ၀င်ရောက်ဖမ်းဆီးခဲ့ပေမယ့် ဖမ်းမိခဲ့တာမရှိဘဲ ကျန်းမာရေးသူနာပြုဆရာမဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို သိရပါတယ်။

“ သူတိုက ဆရာမရဲ့အိမ်ထဲကို သေနတ်ဖောက်ပြီး ၀င်ဖမ်းတာ၊ ဆရာမတော့ ထွက်ပြေးလွတ်မြောက်သွားတယ်၊ ဘာလိုဖမ်းဖိုလုပ်တာလဲဆိုတာတော့ သေချာမသိရဘူး။ အရင်ပကဖနဲ့ဆက်စပ်တာတွေကို လိုက်ဖမ်းနေတဲ့အခြေအနေမျိုးလိုပြောလိုရတယ်” လို ထပ်မံပြောပါတယ်။

မင်းကင်းမြိုနယ်ပကဖက ကပြစ်ကျေးရွာအပါအ၀င် အနီးအနားရှိ ကျေးရွာအချိုမှာ ရွှေတူးဖော်ခွင့်ရှိတယ်ဆိုပြီး ကြေညာကာ အလွန်အကျွံ လုပ်ဆောင်နေတာကြောင့် ဒေသအကျိုးစီးပွားဖြစ်တဲ့ စိုက်ပျိုးမြေတွေကို ထိခိုက်လာတဲ့အတွက် ဆန္ဒပြကန့်ကွက်တာတွေရှိခဲ့တယ်လို သိရပါတယ်။

အခုလို ထင်တိုင်းကြဲနေတဲ့ လုပ်ရပ်တွေဟာ အကျိုးစီးပွားထိခိုက်တာတွေကြောင့် ပါဝင်လာကာ ထိန်းသိမ်းမယ့်သူ မရှိတာကြောင့် အခြေအနေတွေ ပိုမိုဆိုးရွား‌လာနေတာဖြစ်ပြီး တော်လှန်ရေးထဲ ထဲထဲ၀င်၀င်လုပ်နေသူတွေကို လိုက်လံချေဖျက်နေတာဖြစ်တယ်လို NUG လက်အောက်ခံ မဟုတ်တဲ့ ဒေသတော်လှန်ရေးအဖွဲ့ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ မင်းကင်းမှာ အဆိုတခု ရှိတယ်၊ မင်းကင်းမြို့နယ်ပကဖ ဝင်လိုက်တဲ့နေရာတိုင်းက စိတ်မချမ်းမြေ့စရာ ဖြစ်ရတယ်။ ကျေးရွာကိုဝင်ရင် အဲ့ဒီရွာက နှစ်ရွာကွဲတယ်။ တိုက်နယ်ကိုဝင်ရင် တိုက်နယ် နှစ်ခုကွဲတယ်၊ ကျောင်းတွေဆိုလဲ ပိတ်ပစ်တယ်၊ ရွှေမျှောဆိုရင်လဲ သမိုင်းဆိုးပဲ ရှိတယ်။ စစ်ကောင်စီကို တိုက်တာမျိုးလည်း မရှိဘူး။ တိုက်ပွဲတကြိမ် တိုက်ခဲ့တုန်းကလဲ ရဲဘော် (၂၀) ကျော်လောက် ကျသွားတာရှိတယ်။ ဒါ့ကြောင့် နိုင်ငံရေးကော စစ်ရေးမှာကော သိက္ခာတစက်မှမရှိတဲ့အဖွဲ့ ဖြစ်နေတာပါ” လို ဒေသတော်လှန်ရေးအဖွဲ့တခုက ပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 97 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 19 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 32 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 20 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 40 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 44 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းကို မတ်လ (၁၁)ရက်နေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 47 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 42 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။