နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကိုဇော်မင်း ဦးဆောင်တဲ့ မြို့နယ်ပကဖအဖွဲ့က ကျေးရွာထဲ သေနတ်ပစ်ဖောက် ၀င်ရောက်ဖမ်းဆီးတာကြောင့် အရင်ပကဖခေါင်းဆောင်တွေ ထွက်ပြေးနေရ

ဇူလိုင်လ (၂၄) ရက်။

မင်းကင်းမြိုမှာ ကိုဇော်မင်း ဦးဆောင်တဲ့ မြို့နယ်ပကဖအဖွဲ့၀င်တွေဟာ သေနတ်ပစ်ဖောက် ဝင်ရောက်ဖမ်းဆီးတာတွေကြောင့် အရင်ပကဖခေါင်းဆောင်နဲ့အဖွဲ့တွေ ထွက်ပြေးနေရတယ်လို ရွာခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ဇော်မင်းဆိုတာက ရွှေမှော်တွေကို ရွာသားတွေကလက်မခံဘဲ တရားမဝင်လုပ်နေပြီး ချမ်းသာနေတဲ့သူပေါ့၊ သူက ‌ကျေးရွာပကဖကို သူတိုစိတ်တိုင်းကြဖွဲဖိုလုပ်တာကို ရွာကလက်မခံတာကို မကျေမနပ်ဖြစ်ပြီး လိုက်ရမ်းနေတာ၊ နောက်ပြီး တော်လှန်ရေးအဖွဲ့တွေကိုလည်း ဖမ်းထားတယ်၊ အခု အရင်ပကဖတွေကိုပါ ဖမ်းဖိုလုပ်နေတာကြောင့် သူတိုလည်း ထွက်ပြေးနေရတယ်”လို ရွာခံတစ်ဦးက ဆိုပါတယ်။

မြိုနယ်ပကဖဒုတာ၀န်ခံ ကိုဇော်မင်းဟာ ရွာသားတွေ ကန့်ကွက်နေတဲ့ကြားက တရားမ၀င် ရွှေတူးဖော်တာတွေကို လုပ်ကိုင်နေပြီး ကျေးရွာပကဖ ပြန်လည်ဖွဲစည်းရာမှာ ရွာသူရွာသားတွေက လက်မခံခဲ့တာကို မကျေနပ်တာကြောင့် အခုလို လက်နက်ကိုင်ရမ်းကားနေတာလို သိရပါတယ်။

အရင်ရက်သတ္တပတ်ထဲကစပြီး ကိုဇော်မင်း ဦးဆောင်တဲ့အဖွဲဟာ ကျေးရွာပကဖခေါင်းဆောင်အချိုအပါအ၀င် တော်လှန်ရေးရဲဘော် (၁၄) ဦးကို ရွာတက်ကုန်းမှာ ရိုက်နှက်ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူတွေထဲ Upper Chindwin River Revolution Force (UCRF) အဖွဲဝင်တွေ ပါဝင်နေပါတယ်။

“အခုချိန်အထိ တော်လှန်ရေးရဲဘော် (၁၄) ဦးကို ထိပ်တုံးခတ်ပြီး ဖမ်းထားတုန်းပါ၊ အသက်မပြည့်‌သေးတဲ့ ကလေးတဦးလည်း ပါတယ်။ နောက်ပြီး အရင်ကျေးရွာပကဖက ဖွင့်ထားတဲ့ ဆေးခန်းက CDM ကျန်းမာရေးဆရာမကိုလဲ ဖမ်းဖိုလုပ်နေတာကြောင့် အဲ့ဒီဆရာမလဲ ထွက်ပြေးနေရပါတယ်။ ကျန်တဲ့ ပကဖအဖွဲ၀င်တွေလဲ ထွက်ပြေးနေရတာ (၃) ရက်လောက်ရှိနေပါပြီ” လို့ သူက ဆက်ပြောပါတယ်။

ကိုဇော်မင်းနဲ့အဖွဲဟာ ကျေးရွာဆေးခန်းက CDM ကျန်းမာရေးသူနာပြုဆရာမ ဒေါ်နုနုအေးရဲ့ နေအိမ်ကို သေနတ်ပစ်ဖောက် ၀င်ရောက်ဖမ်းဆီးခဲ့ပေမယ့် ဖမ်းမိခဲ့တာမရှိဘဲ ကျန်းမာရေးသူနာပြုဆရာမဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို သိရပါတယ်။

“သူတိုက ဆရာမရဲ့အိမ်ထဲကို သေနတ်ဖောက်ပြီး ၀င်ဖမ်းတာ၊ ဆရာမတော့ ထွက်ပြေးလွတ်မြောက်သွားတယ်၊ ဘာလိုဖမ်းဖိုလုပ်တာလဲဆိုတာတော့ သေချာမသိရဘူး။ အရင်ပကဖနဲ့ဆက်စပ်တာတွေကို လိုက်ဖမ်းနေတဲ့အခြေအနေမျိုးလိုပြောလိုရတယ်”လို ထပ်မံပြောပါတယ်။

မင်းကင်းမြိုနယ်ပကဖက ကပြစ်ကျေးရွာအပါအ၀င် အနီးအနားရှိ ကျေးရွာအချိုမှာ ရွှေတူးဖော်ခွင့်ရှိတယ်ဆိုပြီး ကြေညာကာ အလွန်အကျွံ လုပ်ဆောင်နေတာကြောင့် ဒေသအကျိုးစီးပွားဖြစ်တဲ့ စိုက်ပျိုးမြေတွေကို ထိခိုက်လာတဲ့အတွက် ဆန္ဒပြကန့်ကွက်တာတွေရှိခဲ့တယ်လို သိရပါတယ်။

အခုလို ထင်တိုင်းကြဲနေတဲ့ လုပ်ရပ်တွေဟာ အကျိုးစီးပွားထိခိုက်တာတွေကြောင့် ပါဝင်လာကာ ထိန်းသိမ်းမယ့်သူ မရှိတာကြောင့် အခြေအနေတွေ ပိုမိုဆိုးရွား‌လာနေတာဖြစ်ပြီး တော်လှန်ရေးထဲ ထဲထဲ၀င်၀င်လုပ်နေသူတွေကို လိုက်လံချေဖျက်နေတာဖြစ်တယ်လို NUG လက်အောက်ခံ မဟုတ်တဲ့ ဒေသတော်လှန်ရေးအဖွဲ့ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“မင်းကင်းမှာ အဆိုတခု ရှိတယ်၊ မင်းကင်းမြို့နယ်ပကဖ ဝင်လိုက်တဲ့နေရာတိုင်းက စိတ်မချမ်းမြေ့စရာ ဖြစ်ရတယ်။ ကျေးရွာကိုဝင်ရင် အဲ့ဒီရွာက နှစ်ရွာကွဲတယ်။ တိုက်နယ်ကိုဝင်ရင် တိုက်နယ် နှစ်ခုကွဲတယ်၊ ကျောင်းတွေဆိုလဲ ပိတ်ပစ်တယ်၊ ရွှေမျှောဆိုရင်လဲ သမိုင်းဆိုးပဲ ရှိတယ်။ စစ်ကောင်စီကို တိုက်တာမျိုးလည်း မရှိဘူး။ တိုက်ပွဲတကြိမ် တိုက်ခဲ့တုန်းကလဲ ရဲဘော် (၂၀) ကျော်လောက် ကျသွားတာရှိတယ်။ ဒါ့ကြောင့် နိုင်ငံရေးကော စစ်ရေးမှာကော သိက္ခာတစက်မှမရှိတဲ့အဖွဲ့ ဖြစ်နေတာပါ”လို ဒေသတော်လှန်ရေးအဖွဲ့တခုက ပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို