နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

ရခိုင်ပဋိပက္ခအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု မဟုတ်ဟုဆို

ဒီဇင်ဘာလ (၂၄) ရက်။

နိုင်ငံခြားရေးဝန်ကြီး အမ်ဒီတောဟစ်ဟိုစိန် (Md Touhid Hossain) သည် ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပသော အလွတ်သဘောဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသို့ ဤသဝဏ်လွှာကို ပေးပို့ခဲ့သည်။

တွေ့ဆုံစဉ်အတွင်း ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းခြင်း မရှိဘဲ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် ခဲယဉ်းသွားမည်ဖြစ်ကြောင်းလည်း တောဟစ် ဟိုစိန်က အလေးပေးပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် အခြားနိုင်ငံများမှ အကြီးတန်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

“နယ်စပ်က ခင်ဗျားတို့ရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးလို့ မြန်မာနိုင်ငံကို ကျွန်တော် အကြောင်းကြားခဲ့ပါတယ်။ ရက္ခိုင့်တပ်မတော်လို အစိုးရမဟုတ်တဲ့အင်အားစုတွေက ချုပ်ကိုင်ထားလို့ နိုင်ငံတခုအနေနဲ့ ကျနော်တို့က သူတို့နဲ့ မဆက်ဆံနိုင်ဘူး။ ” ဟု တောဟစ်ဟိုစိန်က မနေ့က မြို့တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပြီး ဆွေးနွေးပွဲမှာ သူ့ရဲ့ ဆွေးနွေးမှု အသေးစိတ်ကို မျှဝေခဲ့ပါတယ်။

“ မြန်မာဘက်က နယ်စပ်ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်” ဟုဖြေကြားခဲ့ပါသည်

နယ်စပ်၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လက်နက်မှောင်ခို၊ လူမှောင်ခိုကူးမှုနှင့် ၎င်း၏ နိုင်ငံရေး အနာဂတ် အပါအဝင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အဓိကကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း တောဟစ် ဟိုစိန်က ပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံရေးအနာဂတ်တွင် ပြည်တွင်းရေးပြဿနာများကို ဖြေရှင်းရန်နှင့် ရှေ့သို့တက်လှမ်းရန် ကြိုးပမ်းရာတွင် ပါဝင်သူအားလုံးက ထောက်ခံကြောင်း ဖော်ပြထားကြောင်း တောဟစ်ဟိုစိန်က မှတ်ချက်ပြုခဲ့သည်။

“လူတိုင်းက မြန်မာနိုင်ငံကို ထောက်ခံမယ်လို့ ပြောကြပြီး ဖက်ဒရယ်ဖွဲ့စည်းပုံကို ရွေးမယ်ဆိုရင် ကျနော်တို့က ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့က ဆုံးဖြတ်ချက်တခုကို လိုချင်ပါတယ်” ဟု တောဟစ်ဟိုစိန်က ပြောသည်။

ကြာသပတေးနေ့ အစည်းအဝေးကို ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာရစ်စ် ဆင်းရမ်ဖုန်း (Maris Sangiampongsar) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မြန်မာဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ လာအိုနိုင်ငံခြားရေးဝန်ကြီး၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ ပါဝင်တက်ရောက်ဆွေး‌နွေးကြသည်။

ယမန်နေ့က ဒါကာ၌ ပြုလုပ်သည့် နိုင်ငံတကာဆွေးနွေးပွဲတွင် ဧည့်သည်တော် အကြီးအကဲအဖြစ် ပြောကြားရာတွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးသည် ဘင်္ဂလားပင်လယ်အော်နှင့် ပတ်ဝန်းကျင်နိုင်ငံများ၏ အလားအလာကို အပြည့်အဝ သော့ဖွင့်ရန် အရေးကြီးကြောင်းနှင့် ရိုဟင်ဂျာ အကျပ်အတည်းကို မဖြေရှင်းဘဲ ငြိမ်းချမ်းရေး မရနိုင်ဟု နိုင်ငံခြားရေး အကြံပေးက ပြောကြားခဲ့သည်။

“ဘင်္ဂလားပင်လယ်အော်ကို ပြန်လည်ချိတ်ဆက်ခြင်း။ အကျိုးစီးပွားပေါင်းစည်းမှုကို စူးစမ်းရှာဖွေခြင်း ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ခြင်းမှလွဲ၍ မြန်မာနိုင်ငံနှင့်ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရှိလာနိုင်မည် မဟုတ်ပါဟု မြို့တော်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေးဌာန (BISS) တွင်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် အခြေအနေတွေကို သတိပြုမိပြီး ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁.၂ သန်းထက်မနည်းဟာ ပြီးခဲ့တဲ့ ခုနစ်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့နေရပ်ပြန်ရေးမှာ တိုးတက်မှု မရှိသေးသလို၊ ရခိုင်ပြည်နယ်က အစိုးရမဟုတ်တဲ့ ရက္ခိုင့်တပ်မတော်က ဘင်္ဂလားဒေ့ရှ် နယ်စပ်တခုလုံးကို ချုပ်ကိုင်ထားတဲ့အတွက် အခြေအနေက ပိုရှုပ်ထွေးနေတယ်” ဟု ၎င်းက ဆိုသည်။

“သူတို့ပြန်လာဖို့အတွက် သာယာတဲ့အငွေ့အသက်တွေ ဖန်တီးဖို့ မြန်မာနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေအပေါ်မှာ ရှိတယ်” ဟု နိုင်ငံခြားရေး အကြံပေးက ဆိုသည်။

ဂျပန်နိုင်ငံသံရုံးမှ ပံ့ပိုးကူညီထားသည့် BIISS နှင့် Institute of Developing Economies (IDE-JETRO) တို့ ပူးပေါင်း၍ နိုင်ငံတကာ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

ဘင်္ဂလားပင်လယ်အော်သည် ၎င်း၏ကြီးမားသော သဘာဝအရင်းအမြစ်များ၊ အရေးပါသော သင်္ဘောလမ်းကြောင်းများနှင့် စီးပွားရေးပေါင်းစည်းရန် အလားအလာများဖြင့် ပထဝီဝင် နိုင်ငံရေး နှင့် စီးပွားရေးဆိုင်ရာ အချက်အခြာအဖြစ် ပေါ်ထွက်လာသည်ဟု ၎င်းက ဆိုသည်။

တောဟစ်ဟိုစိန် က ပင်လယ်အော်ဝန်းကျင်ရှိ နိုင်ငံများနှင့် အခြားသော သက်ဆိုင်သူများ အနေဖြင့် ၎င်းတို့၏ မတူကွဲပြားသော အကျိုးစီးပွားများကို ချိန်ညှိသင့်ပြီး “ ဘင်္ဂလားပင်လယ် အော်သည် ပဋိပက္ခထက် ပူးပေါင်းဆောင်ရွက်သည့် ဒေသဖြစ်လာစေရန်၊ ငြင်းခုံခြင်းထက် ချိတ်ဆက်မှု၏ အချက်အချာကျသော ဒေသဖြစ်လာကြောင်း သေချာစေရေး” လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးဗဟိုချက်ဖြစ်လာရန်နှင့် ၎င်း၏ဗျူဟာမြောက်တည်နေရာနှင့် ကြီးထွားလာနေသော စက်မှုအခြေခံဖြင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးရှိသောစီးပွားရေးဆိုင်ရာထုတ်လုပ်မှု ကွင်းဆက်တွင် အဓိကပါဝင်လုပ်ဆောင်သူ ဖြစ်လာရန် ထူးထူးခြားခြားပြင်ဆင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဒီဖြစ်နိုင်ချေတွေကို သော့ဖွင့်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အနေနဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းပြီး ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ထားဖို့ လိုပါတယ်” ဟု အကြံပေးပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမှ ဦးဆောင်သော “ ဘင်္ဂလားပင်လယ်အော် စက်မှုတန်ဖိုးကွင်းဆက်” ကဲ့သို့သော အစပျိုးမှုများသည် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် လုပ်အားကို အသုံးချခြင်းဖြင့် ဤအသွင်ကူးပြောင်းမှုအောင်မြင်ရန် အသေးစိတ်ပုံစံကို ပံ့ပိုးပေးထားကြောင်း ၎င်းက အသိအမှတ်ပြုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံ၏ အလုံးစုံပါဝင်ကူညီမှုကိုလည်း အကြံပေးပုဂ္ဂိုလ်က ချီးကျူးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီဝါမာကီမီနိုရီ (Iwama Kiminori)၊ BIISS ဥက္ကဋ္ဌ ဂိုရှယ်အာဇမ်ဆာကာ(Gousal Azam Sarkar) နှင့် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် အစ်ဖ်တက်ဟာအန်နစ် (Iftekhar Anis) တို့မှ အမှာစကား ပြောကြားသည်။

ရိုဟင်ဂျာတွေ ထပ်ဝင်ရောက်လာနိုင်တဲ့ အလားအလာနဲ့ ပတ်သက်လို့ မေးခွန်းကို တုံ့ပြန်ရာမှာ တောဟစ် ဟိုစိန် က အစိုးရအနေနဲ့ စိုးရိမ်ပေမယ့် ဒီလိုဖြစ်ရပ်မျိုးဟာ ဖြစ်နိုင်ချေနေတဲ့ အခြေအနေ ရှိတယ်လို့ သူ မယုံကြည်ကြောင်း ပြောပါတယ်။

သတင်းရင်းမြစ်။

The Daily Star

Dhaka- Dec 23, 2024

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 3 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 11 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 95 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 35 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 118 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ “ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 20 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်သဘာပတိအနေနဲ့ နန္ဒကျော်စွာက တာဝန်ယူပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကို ရွေးချယ်ခန့်အပ်ကြပါတယ်။ အဲ့ဒီလို ရွေးချယ်တာမှာ
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 33 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ