ဇန်နဝါရီလ (၂၆)ရက်။
ရန်ကုန်တိုင်းစစ်ဌာနရဲ့ တပ်ရင်း (၅၁၀၁) ကို လက်နက်တပ်ဆင်ပေးတဲ့ အခမ်းအနားကို ရှေ့တန်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီအခမ်းအနားကို အစီအစဉ် (၁၁)ရပ်နဲ့ ကျင်းပခဲ့ပြီး တပ်ဆင်တဲ့ လက်နက်ငယ်တွေကို တပ်ရင်းမှူး ရဲဘော်ဩကာသနဲ့ တပ်ခွဲမှူး ရဲဘော်စိုင်းငယ်တို့က လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ရန်သူကို ထူးချွန်စွာ ချေမှုန်းနိုင်ခဲ့တဲ့ စနိုက်ပါတပ်ဖွဲ့နဲ့ စည်းကမ်းရေးရာစံပြတပ်သားစုတို့ကို အခမ်းအနားမှာ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခမ်းအနားမှာ PDF တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ ဒုစစ်ဒေသမှူး ရဲဘော်စောရှားက PDF ဖွဲ့စည်းပြီး (၃)နှစ်အတွင်း လက်နက်တင်ဆင်ထားရှိမှု၊ စစ်ဆင်ရေးရည်မှန်းချက် အကောင်အထည်ဖော်ဆောင်နိုင်မှုတို့ကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် စစ်ဒေသခွဲ (၂) ရဲ့ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝကလည်း စစ်သည်တော်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စစ်ကောင်စီကို ချေမှုန်းတိုက်ခိုက်ဖို့နဲ့ ပြည်သူကိုကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေကို ပြောကြားခဲ့ပါတယ်။
NUG MOD အနေနဲ့ ပြည်ထောင်စုဘတ်ဂျက်က ရန်ပုံငွေတွေ၊ ပြည်သူရဲ့ လက်နက်တပ်ဆင်ရေး ပရောဂျက်တွေအတွက် ထည့်ဝင်လှူဒါန်းတာတွေနဲ့ စစ်ပညာသင်တန်းတွေနဲ့ လက်နက်တပ်ဆင်တာတွေကို အားထုတ်ပြုလုပ်နေတယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။