နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ဘိုင်ဒင်အစိုးရသည် အမေရိကန်စစ်တပ် ကန်ထရိုက်တာများကို ယူကရိန်းသို့ တပ်ဖြန့်လုပ်ဆောင်ခွင့်ပြုရန် ကြိုးပမ်းနေ

ဇွန်လ (၂၅) ရက်။

ဘိုင်ဒင် အစိုးရသည် အမေရိကန် စစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာများကို ယူကရိန်းသို့ သွားရောက်ပြီး စစ်ရေးအရ ဆောင်ရွက်ခွင့် တားမြစ်ထားချက်ကို ရုတ်သိမ်းရန် ကြိုးပမ်းနေသည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သည့် အမေရိကန် အရာရှိလေးဦးက CNN သို့ ပြောကြားခဲ့သည်။ အမေရိကန်က ရုရှားအပေါ် ယူကရိန်းစစ်တပ်ကို အသာစီးရစေမည့် နည်းလမ်းများကို ရှာဖွေနေသောကြောင့် ဘိုင်ဒင်အစိုးရ၏ ယူကရိန်းပေါ်လစီတွင် သိသိသာသာ ပြောင်းလဲမှုတခုအဖြစ် ထင်ရှားလာမည် ဖြစ်သည်။

အဆိုပါမူဝါဒကို အစိုးရအုပ်ချုပ်ရေးတာဝန်ရှိသူများက ဆက်လက်လုပ်ဆောင်နေပြီး သမ္မတဂျိုးဘိုင်ဒင်ထံမှ အပြီးသတ် လက်မှတ်မထိုးရသေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အချိန်မတန်သေးတဲ့အတွက် ဘယ်ဆုံးဖြတ်ချက်တွေကိုမှ မချမှတ်သေးပါဘူး” ဟု အုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ “ယူကရိန်းကို အမေရိကန်တပ်တွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သမ္မတက အခိုင်အမာ ပြောထားပါတယ်”ဟုသူကဆိုသည်။

အတည်ပြုပြီးပါက အပြောင်းအလဲကို ယခုနှစ်တွင် ပြဋ္ဌာန်းနိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားပြီး ပင်တဂွန်သည်၂၀၂၂ ခုနှစ်တွင် ရုရှားကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ယူကရိန်းအတွင်း အမေရိကန်ကုမ္ပဏီများအား စစ်ရေးအလုပ်ကိစ္စများတွက် ကန်ထရိုက်များ ပေးအပ်ခွင့်ပြုမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ “ ယူကရိန်းစစ်တပ်က အသုံးပြုနေတဲ့ လက်နက်စနစ်တွေကို ပြုပြင်တာတွေ၊ ထိန်းသိမ်းတာတွေကို အလျှင်အမြန် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်” ဟု ဆိုသည်။

ပြီးခဲ့သောနှစ်နှစ်အတွင်းတွင်၊ ဘိုင်ဒင်သည် အမေရိကန်များအားလုံးနှင့် အထူးသဖြင့် အမေရိကန် တပ်ဖွဲ့ဝင်များအားလုံး ယူကရိန်းရှေ့တန်းမှ ဝေးဝေးတွင်နေရန် အခိုင်အမာပြောဆိုခဲ့သည်။ အိမ်ဖြူတော်သည် အမေရိကန်တို့တွင် ကျရောက်နိုင်သည့် အန္တရာယ်နှင့် အထူးသဖြင့် ထိုနေရာတွင် တိုက်ခိုက်နေကြရာ၌ အမေရိကန်စစ်တပ် ပါဝင်နေသည်ဟု ရုရှားက မယူဆနိုင်ရန် ကန့်သတ်တားဆီးထားဖို့ ဆုံးဖြတ်ထားသည်။ အမေရိကန်နိုင်ငံခြားရေးဌာနသည် ၂၀၂၂ ခုနှစ်မှစ၍ ယူကရိန်းသို့ ခရီးသွားခြင်းမပြုရန် အမေရိကန် နိုင်ငံသားများအား အတိအလင်းသတိပေးခဲ့သည်။

ရလဒ်အနေဖြင့် တိုက်ခိုက်ရေးတွင် သိသိသာသာ ပျက်စီးသွားသော အမေရိကန်မှ ပံ့ပိုးပေးထားသည့် စစ်လက်နက်ပစ္စည်းများအား ပြန်လည်ပြင်ဆင်ရန်အတွက် ပိုလန်၊ ရိုမေးနီးယား သို့မဟုတ် အခြားနေတိုး နိုင်ငံများသို့ ပို့ဆောင်ရန် လိုအပ်ပြီး ပြင်ဆင်ရန်အတွက် အတန်ကြာ အချိန်ယူရမည်ဖြစ်ပါသည်။ ယူကရိန်းနိုင်ငံသားများအား ပုံမှန်ပြုပြင်ထိန်းသိမ်းမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးများ ပိုမိုလျှင်မြန်စွာ ရရှိစေရန်အတွက် အမေရိကန်တပ်ဖွဲ့များသည်လည်း အဝေးမှ ဗီဒီယိုဖြင့် သင်ကြားရှင်းလင်းခြင်း သို့မဟုတ် လုံခြုံသောဖုန်းလိုင်းဖြင့်သာ ပြောဆိုကူညီနိုင်သည်။ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ကန်ထရိုက်တာများသည် စနစ်များတွင် တိုက်ရိုက်ပါဝင်လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသောကြောင့် ကန့်သတ်ချက်များ ရှိနေသည့် အစီအစဉ်တစ်ခု ဖြစ်နေခဲ့သည်။

ကွန်ဂရက်တွင် ယူကရိန်းအတွက် အမေရိကန် ရန်ပုံငွေများ ရပ်တန့်နေသဖြင့် ပြီးခဲ့သည့်လများအတွင်း ရုရှားသည် စစ်မြေပြင်တွင် ရရှိလာသော အခွင့်အရေးကို အသုံးချကာ မြေပြင်ထိုးစစ်များကို ရှေ့တိုးဆောက်ရွက်လာနိုင်ခဲ့သည်။ ထို့ကြောင့် အဆိုပါ ကန့်သတ်ချက်များကို အုပ်ချုပ်ရေးတာဝန်ရှိသူများက အလေးအနက် ပြန်လည်စဉ်းစားလာသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယူကရိန်းတွင် တည်ရှိနေသည့် အတွေ့အကြုံရှိသော အမေရိကန် အစိုးရ၏ ရန်ပုံငွေဖြင့် အမေရိကန် ကန်ထရိုက်တာများကို ခွင့်ပြုထားခြင်းကြောင့် ပျက်စီးသွားသော တန်ဖိုးမြင့် စက်ကိရိယာများကို ပိုမိုမြန်ဆန်စွာ ပြုပြင်ပေးနိုင်မည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တာဝန်ရှိသူများက ပုံမှန်ပြုပြင်ထိန်းသိမ်းမှု လိုအပ်ဖွယ်ရှိသည့် အဆင့်မြင့်စနစ်တစ်ခုမှာ ယူကရိန်းမှ ယခုနှစ်နှောင်းပိုင်းတွင် လက်ခံရရှိမည့် F-16 တိုက်လေယာဉ်ဖြစ်သည်။

စာချုပ်များအတွက် လေလံဆွဲသည့်ကုမ္ပဏီများသည် ၎င်းတို့၏ဝန်ထမ်းများအား ခြိမ်းခြောက်မှုများကို လျော့ပါးသက်သာစေရန် ခိုင်မာသော အန္တရာယ်လျော့ပါးရေး အစီအမံများ ရေးဆွဲရန် လိုအပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မကြာသေးမီလများအတွင်း ယူကရိန်းက ရုရှားတို့ကို အနိုင်ယူရန်အတွက် အကူအညီပေးရန် အမေရိကန်က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို ပြင်ဆင်ပေးရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ မေလနှောင်းပိုင်းတွင် ဘိုင်ဒင် သည် ယခင်က ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်ရန် ကိစ္စကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ဖူးပြီးနောက် ထိုရပ်တည်ချက်ကို သူက ပြောင်းလဲခဲ့ပြီး ယူကရိန်းနိုင်ငံ ခါကိ့ဗ် (Kharkiv) နှင့် နယ်နိမိတ်အနီးရှိ ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်ရန် ယူကရိန်းအား ခွင့်ပြုချက်ပေးခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန် (Jake Sullivan) က ယူကရိန်း-ရုရှားနယ်စပ်တစ်လျှောက် မည်သည့်နေရာမဆို အမေရိကန်လက်နက်ဖြင့် တန်ပြန်တိုက်ခိုက်နိုင်ကြောင်း ပြီးခဲ့သောသီတင်းပတ်တွင် အဆိုပါမူဝါဒကို ထပ်မံချဲ့ထွင်ပြီး ပြောကြားလာခဲ့သည်။

ယူကရိန်းသို့ ကန်ထရိုက်တာများ တပ်ဖြန့်ပို့ဆောင်ခြင်းဆိုင်ရာ ဆွေးနွေးမှုများနှင့် ရင်းနှီးသော လက်ရှိအရာရှိဟောင်းများနှင့် ရင်းနှီးသူမိတ်ဟောင်းများက မူဝါဒ အပြောင်းအလဲသည် အီရတ်နှင့် အာဖဂန်နစ္စတန်တို့ တွင် အမေရိကန် ကန်ထရိုက်တာများ အများအပြား ရှိနေမှုကဲ့သို့ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ ယင်းအစား၊ တစ်ကြိမ်လျှင် ယူကရိန်းတွင် အလုပ်လုပ်သော ကန်ထရိုက်တာ ဒါဇင် အနည်းငယ်မှ နှစ်ရာအထိ မည်သည့်နေရာတွင်မဆို အလုပ်လုပ် နေနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

“ဒါက ယူကရိန်းနိုင်ငံကို ထောက်ပံ့ဖို့ ပိုအာရုံစိုက်ပြီး စဉ်းစားရမယ့် အတွေးခေါ်ရှိရှိ အားထုတ်မှုပဲ” ဟု သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေးကောင်စီတွင် ဥရောပရေးရာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိ အဲလက်စ်ဗင်မန် (Alex Vindman) က ပြောကြားခဲ့သည်။

ဗင်မန်သည် ကန့်သတ်ချက်များကို ဖယ်ရှားရန် ဘိုင်ဒင်အစိုးရကို နှစ်နှစ်နီးပါးကြာ တွန်းအားပေးခဲ့ပြီး အစိုးရသည် ယခုနှစ်အစောပိုင်းကတည်းက ကန့်သတ်ချက်များကို ဖြေလျှော့ရန် အစီအစဉ်တစ်ခုကို လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ “ ယူကရိန်းသည် မဟာမိတ်ဖြစ်သည်” ဟု ဗင်မန်က CNN သို့ပြောကြားခဲ့သည်။ “အမေရိကန်ဟာ ယူကရိန်းကို ထောက်ပံ့ရာမှာ အရေးပါတဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို လုပ်ဆောင်ပေးဖို့ စိတ်အားထက်သန်ပြီး အန္တရာယ်လျော့ပါးရေး အစီအမံတွေလည်း အများကြီးရှိပါတယ်။” ဟု သူကဆိုသည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 41 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 44 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 58 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု