နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်ပရောက်ရှိနေတဲ့ NUG အစိုးရအဖွဲ့ဝင်တွေ မြန်မာပြည်တွင်း ပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

နိုဝင်ဘာလ (၂၆) ရက်။

နိုင်ငံတကာကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တွေအနေနဲ့ မဟာဗျူဟာကျကျ ဆွေးနွေးချက်တွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ အရင်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်လို့မရတော့ဘဲ လက်တွေ့ကျတဲ့လုပ်ငန်းရပ်တွေကို လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်မှာ ပြုလုပ်တဲ့ အွန်လိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် NUG အစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ အချိန်ယူသင့်သလောက် ယူခဲ့ပြီး၊ အချိန်ပေးသင့်တာထက် ပိုပြီးပေးခဲ့ပြီးပြီမို့ အဝေးရောက်အစိုးရအဖြစ် ဆက်ရှိနေလို့ မရတော့ဘဲ အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်းကို ပြန်လာဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “ အပြောင်းအလဲတွေက ခပ်စိပ်စိပ်လာနေတယ်ဆိုတာ တွေ့ရပါတယ်။ တချိုကလည်း အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေ ရှိနေတာတွေ့ရပါတယ်။ တကယ်တော့ တော်လှန်ရေးဆိုတဲ့ အနက်သဘောကိုယ်၌က၊ အပြောင်းအလဲကို ဖော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို အားလုံး သတိရဖို လိုပါတယ်။ အဲသည့် အပြောင်းအလဲ‌တွေဟာ တိုင်းပြည်နဲ့ လူထုအတွက် ကောင်းတဲ့ အပြောင်းအလဲတွေဖြစ်ဖိုပဲကျွန်တော်တို အားလုံး ဝိုင်းဝန်း ရှေ့ရှုရမယ်လို ယူဆရပါတယ်။ ကျွန်တော်တိုဟာ အပြောင်းအလဲကို စိုးရိမ်လို မရပါဘူး။ အပြောင်းအလဲကို ကြီးမှူးနိုင်ဖိုကသာ အဓိကကျတယ်လို နားလည်ထားဖို လိုပါတယ်။ အခုဆိုရင် ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာန အသီးသီးက သက်ဆိုင်ရာ ကဏ္ဍနယ်ပယ်အလိုက် လုပ်ရမယ့် မဟာဗျူဟာ ဆွေးနွေးချက်တွေကို လုပ်နေတာ ရှိပါတယ်။ ကျွန်တော်တိုဟာ လာမယ့် ၂၀၂၅ ခုနှစ်အတွက်လည်း ကြိုတွက်ပြီး ပြင်ထားဖို လိုသလို ၂၀၃၀ လောက်အထိ အကြမ်းဖျင်း တွက်ချက်ပြီး ချိန်ဆလုပ်ဆောင်တာတွေလည်း ရှိသင့်တယ်လို ထင်ပါတယ်။

လက်ရှိ အခင်းအကျင်းကတော့ ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲနဲ့ နိုင်ငံရေးအရ – စစ်ရေးအရ တိုက်ရိုက် ချိတ်ဆက်မှု အားနည်းတဲ့ အင်အားစုတွေမှာ ထင်မှတ်မထားတဲ့ စစ်ရေး – နိုင်ငံရေး ဖိအားတွေ ကြုံနေတာတွေ့ရပါတယ်။ အထူးသဖြင့် ဖိအားလို ပြောတဲ့နေရာမှာ – တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထား ရလဒ်က ထွက်လာတဲ့ ဖိအားတွေလို ပြောနိုင်ပါတယ်။ ဒါတွေကို ကျွန်တော်တို လျစ်လျှူရှုလို မရပါဘူး။ ဒါကို မဟာဗျူဟာအပြောင်းအလဲ အနေနဲ့ ရှုမြင်ပြီး – တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုး မကြီးမားအောင် ဘယ်လို လုပ်မလဲဆိုတာ စဉ်းစားကြဖို ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ – တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖျင်း ကြည့်လိုက်ရင် – စစ်ရေးအရ နိုင်ငံရေးအရ China Dependency ရှိနေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒါက အရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ အဲဒါက အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း ကြီးကြီးမားမား ရှိနေတာ တွေ့ရတယ်။ ဒါက လက်တွေ့ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တိုက ငြင်းပယ်လို မရသလို လျစ်လျူရှုပစ်လိုက်လိုလည်း မရပါဘူး။” လို့ ပြောကြားထားပါတယ်။

လက်ရှိတော်လှန်ရေးကာလအတွင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်နဲ့ အချို့ဝန်ကြီးဌာနက ပုဂ္ဂိုလ်အနည်းစုသာ မြန်မာနိုင်ငံတွင်းမှာ ရှိနေကြတာဖြစ်ပြီး အများစုက အမေရိကနိုင်ငံမှာ ရောက်ရှိနေကြပါတယ်။ အချို့လည်း ဥရောပမှာ ရောက်ရှိနေကြတယ်လို့ သိရပါတယ်။ အိမ်နည်းချင်း ထိုင်းနိုင်ငံရဲ့ မဲဆောက်မှာတော့ NLD အမတ် အများစုဟာလည်း တတိယနိုင်ငံကို ထွက်ခွာသွားကြပြီ ဖြစ်လို့ CDM လုပ်ထားတဲ့ ဝန်ထမ်းလောက်ပဲ ကျန်တော့တယ်လို့ မဲဆောက်မှာ နေထိုင်နေတဲ့ CDM ဝန်ထမ်းတဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အထူးတိုင်းစစ်ဌာနအောက် တပ်ရင်း(၁)ရင်းနဲ့ ဒရုန်းတပ်ဖွဲ့တဖွဲ့ အတည်ပြုဖွဲ့စည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 9 Views
ဒီဇင်ဘာလ (၃၀)ရက်။ အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာ တပ်ရင်း (၁)ရင်းနဲ့ ဒရုန်းတပ်ဖွဲ့တဖွဲ့တို့ကို အတည်ပြုဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အတည်ပြုဖွဲ့စည်းလိုက်တဲ့
မြန်မာသတင်း

ဂန့်ဂေါခရိုင်ထဲ ယောဒေသစစ်ဆင်ရေး ဂန့်ဂေါခရိုင်စစ်ဌာန စတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 22 Views
စစ်တပ်လက်အောက်ခံ ပျူစောထီးရွာတရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် (၅)နာရီအချိန်ကစပြီး ဂန့်ဂေါခရိုင်ထဲရှိ စစ်တပ်စခန်းတွေနဲ့ ပျူစောထီးရွာတွေကို
မြန်မာသတင်း

ချောက်မြို့တိုက်ပွဲထဲ စစ်တပ်ဘက်က (၇)ဦးသေဆုံးပြီး (၂၀)ခန့် ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 20 Views
ဒီဇင်ဘာလ (၃၀)ရက်။ ချောက်မြို့ရှိ စစ်တပ်ရဲ့ မြို့အဝင်ဂိတ်၊ တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင်စစ်ဌာန-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ဖိုကုန်းရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို
မြန်မာသတင်း

၂၀၂၆ခုနှစ်မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 16 Views
ဒီဇင်ဘာလ (၃၀)ရက်။ ၂၀၂၆ခုနှစ်မှာ တေယ်လှန်ရေးကို အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က PVTV နဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၆မှာ ဘာဖြစ်မလဲဆိုတာ တိတိကျကျ
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၁)ကို အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 25 Views
ရွေးကောက်ပွဲကာလ မြို့နယ်ပေါင်း (၅၀)ကျော် တိုက်ခိုက်ခံရတယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ်ပေါင်း (၁၀၂)မြို့နယ်မှာ အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့အချိန် (၁၀၂)မြို့နယ်ထဲက လွိုင်ကော်မြို့အပါအဝင် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ မြို့နယ် (၁၁)ခုရှိခဲ့ပြီး
မြန်မာသတင်း

ကသာမြို့အနီးတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မြို့အဝင်အထွက် ပိတ်ထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 52 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က ညနေပိုင်းအချိန်ကစပြီး ကသာမြို့အနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသထဲသတင်း‌ရင်းမြစ်တွေထံက သိရပါတယ်။ “ မနေ့က ရွေးကောက်ပွဲလုပ်ပြီးတဲ့အချိန် ညနေပိုင်းလောက်ကစပြီး မြို့အဝင်နားမှာ တိုက်ပွဲဖြစ်တာ။ ဒီကနေ့ နေ့လယ်ပိုင်းအထိပဲ၊ တိုက်ပွဲက မြို့အဝင်
မြန်မာသတင်း

မြိတ်မြို့မှာ ရွေးကောက်ပွဲရှုံးတဲ့ ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 46 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က မြိတ်မြို့မှာ စစ်တပ်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲ ရှုံးနိမ့်တာကြောင့်ဆိုပြီး ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မြိတ်မြို့ ပသောင်းကျေးရွာအုပ်စုရှိ ပသောင်းမဲရုံမှာ မဲလာပေးသူအချို့ကို မဲရုံအမည်စစ်ဆေးသူက ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကို မဲပေးဖို့ ညွှန်ပြတာတွေရှိခဲ့တယ်လို့
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်/ကျဉ်းသူတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 39 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒိုက်ဦးထောင်ထဲ ခရစ္စမတ်နေ့ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူအချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တိုက်ပိတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ PPNM အပါအဝင် နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့အဖွဲ့ (၄)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒိုက်ဦးထောင်ရှိ အမျိုးသမီးဆောင်မှာ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို