နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

တနင်္သာရီတိုင်းမှာ ပထမဆုံး စခန်းသိမ်းပွဲအနေနဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးခြေကုပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ MOD ထုတ်ပြန်

ဇန်နဝါရီလ (၂၇) ရက်။

ဇန်နဝါရီလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က တနင်္သာရီတိုင်း၊ ထား၀ယ်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ကျောက်ထု စစ်ဆင်ရေးခြေကုပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးကာ (၇)ဦး အရှင်ဖမ်းမိခဲ့ပြီး (၂)ဦးဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်တာလုံး၀မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကျောက်ထု စစ်ဆင်ရေးခြေကုပ်စခန်းကို ထားဝယ်ခရိုင် T1 စစ်ကြောင်း၊ T5 စစ်ကြောင်းနဲ့ ဒေါင်းမင်းစစ်ကြောင်း ပူပေါင်းတပ်တွေအပါအ၀င် KNLA တပ်မဟာ (၄)၊ တပ်ရင်း (၁၂)နဲ့ KNLA တပ်မဟာ (၆)၊ တပ်ရင်း (၂၇)တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစခန်းကနေ MA-1 (၄)လက်၊ MA-2 (၂)လက်၊ MA-3 (၆)လက်၊ MA-4 (၁)လက်၊ MA-5 (၁)လက်၊ ငါးကြင်းမြီး (၁) လက်၊ ငါးကြင်းမြီး ကျည်ကဒ် (၁)ခု၊ ငါးကြင်းမြီး ပြောင်းပို (၁)ခု၊ RPG (၁)လက်၊ RPG ကျည် (၅)လုံး၊ RPG ပို့ယမ်း (၃)တောင့်၊ စကစကျည်ဘောက် (၃၃)ဘောက်၊ (၆၀) မမ ကွန်မန်ဒိုစိန်ပြောင်း (၂)လက်၊ (၆၀) မမ ကျည် (၁၆)လုံး၊ ၄၀ မမကျည် (၄၂)လုံး၊ လက်ပစ်ဗုံး (၄)လုံး၊ ရှေ့ထွက်မိုင်း (၁၇)လုံး၊ တိုက်မိုင်း (၁၆)လုံး၊ တိုက်မိုင်းငုတ်တိုင် (၁၆)တိုင်၊ တိုက်မိုင်းကပ်ဖြူ့စ် (၉)ခု၊ ပလက်စတစ်နင်းမိုင်း အသေး (၃၅)လုံး၊ နင်းမိုင်းအသေး ကပ်ဖြူ့စ် (၂၅)တောင့်၊ အီနာဂါ (၄)လုံး၊ သံခမောက် (၂)လုံး၊ ၆၀မမ အောက်ခံပြား (၁)ခု၊ ၆၀ မမ ထောက်တိုင် (၁)တိုင်၊စကားပြောစက်အသေး (၂)လုံး၊ စကားပြောစက် အထိုင်စက်အကြီး (၁)လုံး၊ စကားပြောစက် ဒိုင်နမိုအားသွင်းစက် (၁)လုံး၊ ၅.၅၆ စကစကျည် (၃၀၉၀)တောင့်၊ ၇.၆၂ စကစ ကျည် (၁၁၀၀)တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ MOD က အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ ကျောက်ထု စစ်ဆင်ရေးခြေကုပ်စခန်းဟာ တနင်္သာရီတိုင်းထဲမှာ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 16 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 24 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ
မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 20 Views
ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား မတ်လ (၃၁)ရက်။ မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။ မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန်
မြန်မာသတင်း

NUG၊ CRPH၊ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲစည်း

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 24 Views
မတ်လ (၃၁)ရက်။ NUG၊ CRPH နဲ့ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ဖွဲစည်းခဲ့တယ်လို မနေ့ကထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာ
မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 197 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကြောင်ချောင်းရွာအနီးမှာ ဘယ်တိုက်ပွဲမှလဲမရှိဘဲ သူရဲဘောကြောင်ပြီး အကြမ်းဖက်စစ်ကော်မရှင်က ‌ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌအိမ်ဘေးမှာ လူငယ် (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 27 Views
မတ်လ (၃၀)ရက်။ ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၃)ဦးဟာ ဟားခါးမြို့ထဲနေသူတွေဖြစ်ပြီး မတ်လ
မြန်မာသတင်း

၂၀၀၈ခြေ/ဥကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ် ရဲဝင်းဦး ပြော

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 24 Views
မတ်လ (၃၀)ရက်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ မိန့်ခွန်းထဲ
မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 20 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချုပ်ခန်းထဲ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟာ