နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပခုက္ကူမြို့တိုက်ပွဲထဲ ရဲဘော်တွေပြန်ဆုတ်နိုင်အောင် ကာပစ်ပေးခဲ့တဲ့ PLA နိုင်ငံရေးမှူးရဲဘော်တစ်ဦး ကျဆုံးခဲ့

မေလ (၂၇)ရက်။

မေလ (၂၆)ရက်နေ့က ပခုက္ကူမြို့အနောက်တောင်ဘက် ဖလမ်အိုကျေးရွာမှာ အခြေချတပ်စွဲနေတဲ့ စစ်ကောင်စီကင်းစခန်းကို အမှတ်(၈၁၅) PLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ တိုက်ပွဲမှာ ရန်သူ့စစ်ကူတွေ ရောက်လာတာကြောင့် ပြန်ဆုတ်ခွာခဲ့ရပါတယ်။ ပြန်ဆုတ်တဲ့အချိန် ရဲဘော်တွေ ပြန်ဆုတ်နိုင်ဖို့ PLA တပ်ဖွဲ့ နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင်က ကာပစ်ပေးခဲ့တယ်။ ရဲဘော်အားလုံး ဆုတ်ခွာပြီးချိန်မှာ ရဲဘော်ထွန်းနိုင် ဆုတ်ခွာခဲ့တယ်” လို့ PLA က ဆိုပါတယ်။

ရဲဘော်ထွန်းနိုင် ပြန်လည်ဆုတ်ခွာချိန်မှာ စစ်ကောင်စီရဲ့ကျည် ဦးခေါင်းကို ထိမှန်ခဲ့ပြီး ကျည်ထိမှန်ခဲ့တာကို စကားပြောစက်ကနေ သတင်းပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ စကားပြောစက်မှာ ထိသွားပြီလို့ ရဲဘော်တွေကို သတင်းပို့ခဲ့တယ်။ ဘာမှမဖြစ်ဘူးလို့လဲ ပြောခဲ့တယ်။ ဒဏ်ရာရသွားလို့ ရဲဘော်တွေက ပြန်ကူပြီး ပုခက်နဲ့ ထမ်းခေါ်ဖို့ ကြိုးစားတဲ့အချိန်မှာ ကျဆုံးသွားခဲ့တာပါ” လို့ ဆက်ပြောပါတယ်။

တိုက်ပွဲထဲ ကျဆုံးခဲ့ရတဲ့ ရဲဘော်ထွန်းနိုင်(ခ)ကိုအောင်သူရဟာ အနောက်မြောက်စစ်ဒေသရဲ့ ပါတီကလာပ်စီးအဖွဲ့ဝင်ဖြစ်ကာ အမှတ်(၈၁၅) PLA တပ်ဖွဲ့မှာ နိုင်ငံရေးမှူး တာဝန်ယူထားသူလို့ ရေးသားထားပါတယ်။

အခုလို တိုက်ပွဲမှာ အသက်ပေးလှူသွားခဲ့တဲ့ နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင်အတွက် ကျန်ရစ်သူ မိသားစုတွေနဲ့အတူ ဝမ်းနည်းရကာ နိုင်ငံရေးနဲ့ စစ်ရေးတာဝန်တွေကို ကျေပွန်စွာထမ်းရွက်ခဲ့တဲ့ PLA ရဲ့ သူရဲကောင်းအာဇာနည်တစ်ဦးလို့ ပြောဆိုထားပါတယ်။

ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းအာဇာနည် ရဲဘော်ထွန်းနိုင်ကို PLA က လှိုက်လှဲစွာ အလေးနီပြု ဦးညွတ်ကာ မပြီးပြတ်သေးတဲ့ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တန့်ဆည်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 6 Views
နိုဝင်ဘာလ (၅)ရက်။ နိုဝင်ဘာလ (၄)ရက်နေ့ ညပိုင်းအချိန်က တန့်ဆည်နယ်အနောက်ဘက်ခြမ်းရှိ ဇီးပေါက်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက
မြန်မာသတင်း

တရုတ်ကို ရောက်ရောက်ချင်း စစ်ခေါင်းဆောင် တရုတ်လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 7 Views
‌နိုဝင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်လုပ်ငန်းရှင်တွေနဲ့ Hualuxe Hotel မှာ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်သွားတဲ့နေ့ အေလာလေယာဉ်ကွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 7 Views
နိုဝင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲခန့်က နေပြည်တော်ရှိ အေလာလေယာဉ်ကွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့သတင်းတွေအရ သိရပါတယ်။ “ ဒီမနက် (၈)နာရီ (၂၀)မိနစ်လောက်မှာ အေလာလေယာဉ်ကွင်းထဲ ပေါက်ကွဲတာ။ ပေါက်ကွဲတဲ့နေရာက လေယာဉ်ပြေးလမ်းနဲ့ ကားပါကင်ကြားမှာလို့တော့သိရတယ်၊ ထိခိုက်တာ‌တွေတော့
မြန်မာသတင်း

မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ထွက်ခွာ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 19 Views
နိုဝင်ဘာလ (၅) ရက်။ တရုတ်နိုင်ငံတွင် ကျင်းပမည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒီနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှာ အထူးလေယာဉ်နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။
မြန်မာသတင်း

ခေါပုတ်စခန်းကနေ ဖမ်းမိတဲ့သူတွေကို စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းနဲ့အညီ ကောင်းမွန်စွာ ဆေးကုသပေးထားတယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 11 Views
နိုဝင်ဘာလ (၅)ရက်။ ဖာပွန်ခရိုင်ထဲရှိ ခေါပုတ်စခန်းကနေ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းနဲ့အညီ ကောင်းမွန်စွာ ဆေးကုသပေးထားတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလကုန်ပိုင်းက KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ခေါပုတ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး
မြန်မာသတင်း

ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 17 Views
ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့ နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၂)ရက် နေ့လယ် (၁)နာရီကျော်အချိန်က ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား (၂၀၀)ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက အစည်းအဝေးဆိုပြီး လူစုခိုင်းကာ ပြည်သူ (၅၀)ကျော်ကို ဖမ်းဆီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 14 Views
နိုဝင်ဘာလ (၄)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ကန့်ဘလူမြို့နယ်၊ ဘူးကြီးရွာက အပြစ်မဲ့ပြည်သူ (၅၀)ခန့်ကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးသွားခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ မနက်ပိုင်းက စကစနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း အင်အား
မြန်မာသတင်း

လှိုင်သာယာမြို့ရှိ မိတ္ထီလာရှမ်းတဲလေတပ်က ဗိုလ်မှူးမိသားစုပိုင် ဂတ်စ်ဆိုင် ဖောက်ခွဲခံရ၊ 

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 13 Views
ဆယ်အိမ်မှူးတစ်ဦးသေဆုံးပြီး ရာအိမ်မှူးနဲ့ စစ်ကောင်စီအရာရှိ ညီတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၄)ရက်။ မနေ့က နံနက် (၆)နာရီခန့်မှာ လှိုင်သာယာမြို့နယ်ရှိ မိတ္ထီလာရှမ်းတဲလေတပ်က ဗိုလ်မှူးမိသားစုပိုင်ဆိုင်တဲ့ ဂတ်စ်ဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။