နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ မျောက်ကျောက်ရောဂါတွေ့တယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီတိုင်းကျန်းမာရေးငြင်းဆို

ဩဂုတ်လ (၂၇)ရက်။

ရန်ကုန်တိုင်းမှာ မျောက်ကျောက်ရောဂါတွေ့တယ်ဆိုတဲ့ သတင်းတွေက သတင်းအမှားတွေလို့ စစ်ကောင်စီတိုင်းကျန်းမာရေးရဲ့ အခုရက်ပိုင်းထဲ ငြင်းဆိုထားချက်တွေအရ သိရပါတယ်။

“ သတင်းအမှားဖြစ်ပါတယ်၊ လေကြောင်းက၀င်လာသူတွေထဲက ရောဂါဖြစ်တယ်လို့ သံသယရှိသူ တစ်ဦးမှမရှိသေးပါဘူး” လို့ စစ်ကောင်စီရဲ့ တိုင်းကျန်းမာရေးမှူး ဒေါက်တာ နန္ဒာ၀င်းက ဆိုထားပါတယ်။

ဩဂုတ်လ (၂၃)ရက်နေ့ကစပြီး ရန်ကုန်တိုင်းကို လေကြောင်းကနေ ၀င်ရောက်လာသူတွေထဲ မျောက်ကျောက်ရောဂါ စတင်တွေ့ရှိရပြီလို့ ဗုဒ္ဓဂုဏ်ရည်ဆရာတော်အမည်နဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖြန့်ဝေလာခဲ့တာပါ။

အဲ့ဒီလူမှုကွန်ရက်စာမျက်နှာမှာ မျောက်ကျောက်ရောဂါ စတင်တွေ့ရှိတာကို ဒေါက်တာနန္ဒာ၀င်းဆီက သိရတယ်လို့ ပြောဆိုခဲ့ပြီး အခုလိုသတင်းပျံ့နှံ့လာခဲ့တာကို ကာယကံရှင်ဖြစ်သူက ပြန်လည်‌ဖြေရှင်းပြောဆိုခဲ့ပါတယ်။

အာဖရိကတိုက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ မျောက်ကျောက်ရောဂါဟာ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့်မှာ ကူးစက်ခံရသူတွေ ရှိနေပါတယ်။

အခုလို အိမ်နီးချင်းနိုင်ငံတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်တာတွေ ရှိလာတဲ့အတွက် စစ်ကောင်စီက ပြည်ပနိုင်ငံတွေကနေ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်၀င်ထွက်ပေါက်တို့က ၀င်ရောက်လာမယ့်သူတွေကို စိစစ်ကြပ်မတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုတာကို ၂၀၂၂ခုနှစ်ကစပြီး ဆောင်ရွက်ခဲ့ရာ အခုအချိန်အထိ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ မတွေ့ရှိသေးဘူးလို့လဲ စစ်ကောင်စီကျန်းမာရေးက ပြောဆိုထားပါတယ်။

မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအနေနဲ့ သတ်မှတ်ကြေညာထားကာ မြန်မာနိုင်ငံကို ၀င်ရောက်လာသူတွေအနေနဲ့ ကျန်းမာရေးအချက်အလက်တွေ ဖြည့်သွင်းခိုင်းနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 14 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 15 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 10 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 53 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ