မတ်လ (၂၈)ရက်။
တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ တအာင်းဒေသတစ်ခုလုံးကို အတူတကွကာကွယ်စောင့်ရှောက်ရမယ်လို့ TNLA ဥက္ကဌ တားအိုက်ဘုန်းက မလ(၂၆)ရက်က နမ့်ဆန်မြို့လူထုတွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အသက် သွေးချွေးစွန့်ကာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ နမ့်ဆန်မြို့အပြင် တအာင်းဒေသတစ်ခုလုံးကို TNLA နဲ့ ဒေသထဲနေထိုင်ကြတဲ့ ပြည်သူတွေ စုပေါင်းကာ အတူတကွ ကာကွယ်စောင့်ရှောက်ရမယ်” လို့ သူက ဆိုပါတယ်။
မဟာလူမျိုးကြီးဝါဒ ကျင့်သုံးပြီး တအာင်းလူမျိုးအပေါ် နှစ်ပေါင်း (၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရတဲ့အမြစ်ဆိုးကို ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဖြစ်ကာ စည်းစည်းလုံးလုံးနေထိုင်သွားဖို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က မှာကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် တွေ့ဆုံပွဲမှာ တအာင်းဒေသထဲ လက်ဖက်လုပ်ငန်း ပိုမိုအဆင့်မြှင့်တင်သွားဖို့နဲ့ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို အကောင်းဆုံးဖြစ်အောင် စနစ်တကျ စီမံသွားမယ်လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောဆိုခဲ့ပါတယ်။
လူထုတွေ့ဆုံပွဲကို PSLF/TNLA ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်တို့ တက်ရောက်ခဲ့ပြီး ကျေးရွာအုပ်စု (၂၃)စုက ဒေသခံ (၃၀၀)ကျော် တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲထဲ တက်ရောက်လာတဲ့ ဒေသခံပြည်သူတွေကလဲ လိုအပ်တာတွေကို ရှင်းလင်းတင်ပြခဲ့ပြီး နားမည်တဲ့အခန်းကဏ္ဍတွေအပေါ် ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ (edited)