နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ကာကိဗ်မြို့မှာ အရပ်သားသေဆုံးမှုများပြား

ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ကာကိဗ်မြို့မှာ အရပ်သားသေဆုံးမှုများပြား

++++++++++++++++++++

မေလ 25 ရ့က်နေ့က ရုရှားရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ ကာကိဗ်မြို့က ကုန်မာဆိုင်တစ်ခုကို ထိမှန်ပြီး လူအသေအပျောက်များပြားကာ ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။ ရုရှားဘက်က ပစ်ခတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းဟာ ကုန်မာဆိုင်ကို ထိမှန်ခဲ့ပြီး မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒုံးကျည်ထိမှန်ချိန်မှာ ဆိုင်အတွင်း လူ 120 ခန့်ရှိနေတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ရုပ်သံမှတ်တမ်းတချို့ကိုလည်း CCTV မှတ်တမ်းတွေကနေ ရရှိထားပြီး အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၀ ဦးထက်မနည်းရှိခဲ့ပါတယ်။ တယ်လီဂရမ်ချန်နယ်တစ်ခုရဲ့ ပို့စ်မှာတော့ ယူကရိန်းပြည်ထဲရေးဝန်ကြီး ကလီမန်ကိုက အရပ်သားတွေကို ထိမှန်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကို ဝေဖန်ရှုတ်ချခဲ့ပြီး အခုချိန်ထိ 15 ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ မီးလောင်ပေါက်ကွဲမှုကို ငြိမ်းသက်ဖို့ 16 နာရီကြာ အချိန်ယူခဲ့ရတယ်လို့လည်း ကလီမန်ကိုက ဆိုပါတယ်။

ရုရှားတပ်တွေ ယူကရိန်းရဲ့မြောက်ဘက် နယ်စပ်စည်းကို ကျူးကျော်ဝင်ရောက်လာပြီးတဲ့နောက်  ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ယူကရိန်းရဲ့ ဒုတိယမြို့တော် ကာကိဗ်မှာ တိုက်ခိုက်မှုတွေ အရှိန်မြင့်လာခဲ့တာဖြစ်ပါတယ်။

ဒုံးကျည်ထိမှန်သွားခဲ့တဲ့ ကုန်မာဆိုင်အနီးက မျက်မြင်တွေ့ရှိသူ အန်ဒရီကူဒီနော့ဗ်က “ ပေါက်ကွဲချိန်မှာ အားလုံးအထိတ်တလန့်နဲ့ ကမ္ဘာပျက်သလို ပြေးလွှားခဲ့ကြရတယ်”လို့ ဆိုပါတယ်။ ဒုံးကျည်ထိမှန်ချိန်ဟာ စနေနေ့ နေ့လည်စာစားချိန်ဖြစ်သလို ဥယာဉ်စိုက်ပျိုးတဲ့ကာလဖြစ်တာကြောင့်လည်း ဆိုင်ထဲမှာ ကုန်ပစ္စည်းဝယ်ယူသူ​တွေ ပြည့်နှက်နေခဲ့တာပါ။

ယူကရိန်းဟာ ရုရှားရဲ့တိုက်ခိုက်မှုတွေကို ကာကွယ်တွန်းလှန်ဖို့အတွက် လေကြောင်းရန် ကာကွယ်ရေးလက်နက်တွေကို ထောက်ပံ့ပေးဖို့ သမ္မတဇယ်လီစကီကိုယ်တိုင် မဟာမိတ်နိုင်ငံတွေကို တောင်းဆိုထားပါတယ်။

စနေနေ့ညပိုင်းမှာလည်း နောက်ထပ် ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့တာကြောင့် လူဦးရေ 1.3 သန်းကျော်နေထိုင်တဲ့ ကာကိဗ်မြို့လယ်က အဆောက်အဦတစ်ခုကို ထိမှန်ကာ အနည်းဆုံး လူ 25 ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရုရှားတပ်တွေဟာ ယူကရိန်းနယ်စပ်နဲ့ မိုင် 20 သာကွာဝေးတဲ့ ကာကိဗ်မြို့ကို 2022 ခုနှစ်က သိမ်းပိုက်ဖို့ ကြိုးစားခဲ့ရာမှာ မအောင်မြင်ခဲ့တာကြောင့် စစ်ပွဲကာလတစ်လျှောက် မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကယ်ဆယ်ရေးသမားတွေ၊ ဆေးဝန်ထမ်းတွေနဲ့ ဂျာနယ်လစ်တွေဟာ ကာကိဗ်မြို့က  နှစ်ဖက်တိုက်ခိုက်မှုကြားမှာ မကြာခဏဆိုသလို အလုပ်များနေကြရပါတယ်။

မော်စကိုကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေအပေါ် ငြင်းဆိုထားပေမယ့် ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ 27 လတာကာလအတွင်း အရပ်သား ထောင်ချီသေဆုံး၊ ဒဏ်ရာရရှိခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ