နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁) သင်တန်းဆင်း

ဇွန်လ (၂၈)ရက်။

ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁)က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁) သင်တန်းဆင်းပွဲကို တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ပြုလုပ်ခဲ့ကြကာ စစ်ကောင်စီရဲ့တိုင်းစစ်တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁)သင်တန်းဆင်းတာကို စစ်ကောင်စီဘက်က အသေးစိတ် ထုတ်ပြန်လာတာမရှိသေးဘဲ စစ်လော်ဘီချန်နယ်တွေက ဖော်ပြထားပါတယ်။

စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁)သင်တန်းကို ဧပြီလကစတင်ခေါ်ယူကာ သင်တန်းပေးခဲ့တာဖြစ်ပြီး (၃)လအကြာမှာ အခုလို သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာပါ။

မကြာခင်မှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို တာဝန်ကျရာ နေရာအသီးသီးမှာ တာဝန်ထမ်းဆောင်ခိုင်းတော့မှာဖြစ်တယ်လို့ စစ်လော်ဘီတွေက ပြောဆိုထားပါသေးတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)ကိုလဲ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ခေါ်ယူသင်တန်းပေးနေပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

See insights and ads

Boost post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခံယူချက် မယိမ်းယိုင်ဖို့နဲ့ တပ်တွင်း စည်းလုံးဖို့ စစ်ခေါင်းဆောင်က တပ်ဖွဲ့ဝင်တွေကို တိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 2 Views
ဒီဇင်ဘာလ (၇)ရက်။ ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်းယိုင်စေဖို့နဲ့ တပ်တွင်း စည်းလုံးညီညွတ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်က
မြန်မာသတင်း

ပျူစောထီးတစ်ဦးကို ရှင်းလင်းခဲ့တဲ့ ရေးဘီလူးအဖွဲကို MOD က ခုံရုံးဖွဲစစ်ဆေးဖို ပြင်ဆင်နေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 3 Views
ဒီဇင်ဘာလ (၆)ရက်။ ပျုစောထီးတစ်ဦးကို ရှင်းလင်းခဲ့တဲ့အပေါ် ရေးမြိုအခြေစိုက် တော်လှန်ရေးတပ်တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲကို MOD က ခုံရုံးဖွဲစစ်ဆေးသွားမယ်လို ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားချက်အရ
မြန်မာသတင်း

တရုတ်နဲ့ လုံခြုံရေးကုမ္ပဏီတည်ထောင်နိုင်ဖို့ နားလည်မှုစာချွန်လွှာရေးထိုးဖို့ စစ်ကောင်စီက လုပ်ငန်းကော်မတီဖွဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ တရုတ်နိုင်ငံနဲ့ Joints Venture Security Company တည်ထောင်နိုင်ဖို့အတွက် နားလည်မှူစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ဖို့ စစ်ကောင်စီက လုပ်ငန်းကော်မတီဖွဲ့စည်းထားတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ဖော်ပြထားချက်တွေအရ သိရပါတယ်။ အဲ့ဒီလုပ်ငန်းကော်မတီမှာ စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီးက ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားပြီး
မြန်မာသတင်း

ပေါင်းတည်မြို့မှာ PDF တွေကို ကြုံးဝါးတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ ဒီဇင်ဘာလ (၃)ရက်နေ့ ည(၈)နာရီခွဲအချိန်က ပေါင်းတည်မြို့၊ ဆင်လူးအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ခင်ထွဋ်နဲ့ သားဖြစ်သူ အောင်ဇော်ထွဋ်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ကို PPDF
မြန်မာသတင်း

မူတြော်ခရိုင်တိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် (၈၈)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 4 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလထဲ မူတြော်ခရိုင်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၄၃)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က (၈၈)ဦး သေဆုံးပြီး (၁၃)ဦး
1027 Operations မြန်မာသတင်း

လောက်ကိုင်မြို့မှာ ရာဇဝတ်မှုကျူးလွန်သူ (၆)ဦးကို MNDAA က သေဒဏ်ချမှတ်ပြီး ချက်ခြင်းကွပ်မျက်ခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 3 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က လောက်ကိုင်မြို့မှာ ရာဇဝတ်မှုကျူးလွန်သူ (၆)ဦးကို ကိုးကန့်တပ်(MNDAA)က သေဒဏ်ချမှတ်ပြီး ချက်ခြင်းကွပ်မျက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အထူးဒေသ(၁) လောက်ကိုင်မြို့မှာ ပြန်ပေးဆွဲတာ၊ ငွေညှစ်တာနဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်တာတို့နဲ့ သံသယရှိသူ (၁၄)ဦးကို ဥပဒေနဲ့အညီ
မြန်မာသတင်း

ထိုင်းအစိုးရအနေနဲ့ စစ်အုပ်စုရဲ့ မြန်မာအလုပ်သမားတွေအပေါ် ဖိနှိပ်တာတွေကို မကူညီဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 3 Views
ဒီဇင်ဘာလ (၆)ရက်။ ထိုင်းအစိုးရအနေနဲ့ စစ်အုပ်စုရဲ့ မြန်မာအလုပ်သမားတွေအပေါ် ဖိနှိပ်တာတွေကို အားပေးကူညီတယ မလုပ်ဖို့ NUG အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။ စစ်တပ်အာဏာမသိမ်းခင်အထိ ထိုင်းနိုင်ငံမှာ MoU အလုပ်သမားတွေအပါအဝင် တရားဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂)သန်းကျော်နဲ့
မြန်မာသတင်း

တန့်ယန်းက ငွေလိမ်လုပ်ငန်းလုပ်တဲ့ တရုတ်တွေအပါအဝင် (၄၅)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီဖမ်းမိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 5 Views
ဒီဇင်ဘာလ (၆)ရက်။ ဒီဇင်ဘာလ (၂)ရက်နေ့က ရှမ်းမြောက် တန့်ယန်းမြို့မှာ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်တွေအပါအဝင် (၄၅)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တန့်ယန်းမြို့ နောင်ဟီးကျေးရွာက နေအိမ်တစ်လုံးမှာ တရုတ်နိုင်ငံသားတွေနဲ့