နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်းမြိုထဲ ကျေးရွာအလှူခံဂိတ်ကို UCRRF က ဖွင့်ထားတာဖြစ်ပြီး CDM ကျောင်းဆရာမနဲ့မသက်ဆိုင်

ဇူလိုင်လ (၂၇)ရက်။

ပြီးခဲ့ရက်ပိုင်းမှာ မင်းကင်းမြိုက ကျေးရွာမှာ အလှူခံဂိတ်ဖွင့်လှစ်ထားတာနဲ့ပတ်သက်ပြီး ရေးသားဖော်ပြခဲ့တဲ့အထဲ CDM ကျောင်းဆရာမ ဒေါ်ဖြိုးပပမွန်က ဦးဆောင်ဖွင့်လှစ်ထားတာမဟုတ်ဘူးလို ပြောဆိုချက်တွေအရ သိရပါတယ်။

အဲ့ဒီကျေးရွာမှာ ပညာရေး၊ ကျန်းမာရေးနဲ့ ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး အလှူခံဂိတ်ကို Upper Chindwin River Revolution Force (UCRF) က ဖွင့်လှစ်ထားတာလို ‌သတင်းထပ်မံအတည်ပြုချက်တွေအရ သိရပါတယ်။

CDM ကျောင်းဆရာမ ဒေါ်ဖြိုးပပမွန်ဟာ အလှူခံဂိတ်ကို သွားတာဟာ ဂိတ်အနီးရှိ လယ်ကွင်းထဲက တာရိုးလေးတနေရာမှာသာ ဖုန်းလိုင်းမိတာကြောင့် မကြာခဏ သွားရောက်တာဖြစ်ပြီး ဂိတ်ကတာ၀န်ရှိသူတွေနဲ့ နှုတ်ဆက်စကားပြောတာသာဖြစ်တယ်လို ဆိုပါတယ်။

အဲ့ဒီအတွက်ကြောင့် ခေတ်မျက်လုံးသတင်းဌာနက ဖော်ပြခဲ့တဲ့ CDM ကျောင်းဆရာမ ဒေါ်ဖြိုးပပမွန် ဦးဆောင်ဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်ဆိုတာဟာ ဒေသခံများရဲ့ ပြောဆိုချက်အပေါ် အခြေခံပြီး နားလည်မှုလွဲမှားကာ ရေးသားခဲ့မိတာဖြစ်ပြီး အဲ့ဒီဂိတ်ကို UCRRF က ဖွင့်လှစ်ထားတာလို သိရပါတယ်။

ဒါ့အပြင် ဇူလိုင်လ (၂၂)ရက်နေ့က မြိုနယ်ပကဖ ဒုတာ၀န်ခံ ‌ကိုဇော်မင်းနဲ့အဖွဲဟာ အဲ့ဒီအလှူခံဂိတ်ဖွင့်တာနဲ့ပတ်သက်ပြီး ကျေးရွာထဲကို သေနတ်ပစ်ဖောက် ၀င်ရောက်ခဲ့သလို ကျောင်းထဲကိုလဲ သေနတ်ပစ်ဖောက်၀င်လာကာ CDM ဆရာ၊ ဆရာမတွေကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို ဖမ်းဆီးခံရတဲ့အထဲပါ၀င်ခဲ့တဲ့ CDM ဆရာ‌တစ်ဦးက ပြောပါတယ်။

နောက်ပြီး CDM ဆရာမ ဒေါ်ဖြိုးပပမွန်အပါအ၀င် ကျောင်းဆရာအချိုကို ရွာတက်ကုန်းဘက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ပေမယ့် အသက် (၁၇) နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦးကိုတော့ ဒီကနေ့အချိန်ထိ ဖမ်းဆီးထားပါတယ်။

မင်းကင်းမြိုနယ်ထဲ ပညာရေး၊ ကျန်းမာရေးနဲ့ ကာကွယ်ရေးအတွက် အကြောင်းပြကာ ဂိတ်ဖွင့်တာတွေအပါအ၀င် ရွှေတူးဖော်တာတွေပြုလုပ်နေကြပေမယ့် ထောက်ပံ့တာမှာတော့ (၁၀) ပုံမှာ တစ်ပုံခန့်သာရှိခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ဓာတ်ပုံ။

Upper Chindwin River Revolution Force (UCRF) တပ်ဖွဲ့ဝင်များ/UCRRF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 32 Views
ဇူလိုင်လ (၅)ရက်။ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ့ဆေးရုံအပါအဝင် အဆောက်အဦးအချို့ ထိမှန်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 27 Views
ဇူလိုင်လ (၅)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က သီပေါမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဖို့ NUCC နဲ့ NUG တို့ ပန်ကြားစာပေးပို့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 26 Views
ဇူလိုင်လ (၅)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတူဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေကို NUCC နဲ့ NUG တို့က ဒီကနေ့မှာ မေတ္တာရပ်ခံတဲ့ ပန်ကြားစာ‌တစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပန်ကြားစာကို NUCC
မြန်မာသတင်း

PDF တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ရွေးကောက်ပွဲဝင်ဖိုဆိုပြီး စစ်ကောင်စီ ထပ်မံဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 23 Views
ဇူလိုင်လ (၅)ရက်။ PDF တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ကောင်စီက မနေ့က ထပ်မံဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်ဆိုပြီး ထုတ်ပြန်ထားကာ အဲ့ဒီဖိတ်ခေါ်ချက်ထဲ NUG၊ CRPH နဲ့ PDF
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 35 Views
ဇူလိုင်လ (၄)ရက်။ နောင်ချိုမြို့ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဟာ နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့ လုံရဲရွာကြားအပြင် အုမ္မသီးနဲ့ ဆမ္မဆယ်ရွာကြားတို့မှာ
မြန်မာသတင်း

တောင်သာမှာ အရက်ထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 32 Views
ဇူလိုင်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန်က တောင်သာမြို့ရှိ အမှတ်(၁)စွပ်ကျယ်စက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အမှတ်(၁) စွပ်ကျယ်စက်ရုံမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စကစတပ်ဖွဲ့ဝင် (၂)ဦးက အရက်ထွက်ဝယ်ဖို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 33 Views
ဇူလိုင်လ (၄)ရက်။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာမပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG က မနေ့က တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ ကြိုးစားနေတဲ့ တရားမဝင်စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိဘူးလို့
မြန်မာသတင်း

နိုင်ငံငြိမ်းချမ်းရေး အမျိုးသမီးတွေ ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 31 Views
ဇူလိုင်လ (၄)ရက်။ နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ အမျိုးသမီးထုကြီးတရပ်လုံးက ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ‌နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ အမျိုးသမီးထုကြီးတရပ်လုံးက