နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟာဆန် နာဆာရာလာ သေဆုံးသွားပြီဖြစ်ကြောင်း ဟစ်ဇဘိုလာအဖွဲ့အတည်ပြု

စက်တင်ဘာလ (၂၈) ရက်။

လက်ဘနွန်အခြေစိုက် ရှီးယိုက်အစ္စလာမ္မစ်အဖွဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟာဆန် နာဆာရာလာ (Hassan Nasrallah) သည် ပြီးခဲ့သည့်ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်း ဒါဟီမြို့ကို လေကြောင်းတိုက်ခိုက်မှုအတွင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း စက်တင်ဘာလ (၂၈) ရက်နေ့၌ ကြေညာခဲ့သည်။ ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း နာဆာရာလာ သေဆုံးသွားကြောင်း ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ခုခံမှုခေါင်းဆောင်နဲ့ တရားမျှတမှုရဲ့ကျေးကျွန်ဟာ သူ့သခင်နဲ့အတူရှိနေဖို့အတွက် ကွယ်လွန်သွားပါပြီ” ဟု ဟစ်ဇ်ဘိုလာက ၎င်း၏ လူမှုမီဒီယာပလက်ဖောင်း Telegram တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သူသည် ဘေရွတ်မြို့တောင်ပိုင်း (ဘေရွတ်မြို့ဆင်ခြေဖုံး) တွင် “ ခိုးကြောင်ခိုးဝှက် ဇီယွန်ဝါဒီတို့၏ စီးနင်းမှုတွင် နာဆာရာလာ သေဆုံးခြင်း” ကို အပြစ်တင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွင် သူသေဆုံးသွားကြောင်း ဝန်ခံခဲ့သည်။

ဂါဇာကမ်းမြောင်နှင့် ပါလက်စတိုင်းတို့ကို ဆက်လက်ထောက်ခံကာ လက်ဘနွန်နှင့် ၎င်း၏တည်ကြည်ပြီး သီလရှိသူတို့ကို ဆက်လက်ကာကွယ်ရန် အစ္စရေးကို ဆက်လက်တိုက်ခိုက်ရန် ကတိပြုထားကြောင်း ဟစ်ဇ်ဘိုလာက ပြောကြားခဲ့သည်။

IDF ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက နာဆာရာလာသည် အစ္စရေး၏ အကြီးကျယ်ဆုံး ရန်သူများထဲမှ တစ်ဦးဖြစ်ပြီး စက်တင်ဘာလ (၂၇) ရက်နေ့တွင် ဘေရွတ်မြို့ကို အစ္စရေးလေတပ်က တိကျစွာ လုပ်ကြံသတ်ဖြတ်လိုက်ကြောင်း ရှင်းပြခဲ့သည်။

အစ္စရေး တပ်ဖွဲ့များသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ အခြေခံ အဆောက်အအုံများကို လောလောဆယ် တိုက်ခိုက်နေပြီး “ ကျွန်တော်တို့ရဲ့ စစ်ပွဲဟာ လက်ဘနွန် ပြည်သူတွေနဲ့ စစ်ဖြစ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဟစ်ဇ်ဘိုလာတွေနဲ့သာ စစ်ဖြစ်နေတာပါ” ဟု ဟာဂါရီက ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာ၏ ထုတ်ပြန်ချက် မထုတ်ပြန်မီတွင် IDF မှ ဆိုရှယ်မီဒီယာတွင် “ ဟာဆန် နာဆာရာလာသည် ကမ္ဘာကြီးကို မခြိမ်းခြောက်နိုင်တော့ပါ။” ဟု ရေးသားခဲ့သည်။

အစ္စရေးစစ်တပ် IDF သည် ဘေရွတ်မြို့ကို စက်တင်ဘာလ (၂၇) ရက်နေ့ကတည်းက ညလုံးပေါက် တိုက်ခိုက်မှုများ ပြုလုပ်နေခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများသည် နာဆာရာလာနှင့် ဟစ်ဇ်ဘိုလာ တပ်မှူး အများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

နာဆာရာလာအပြင် ဟစ်ဇ်ဘိုလာအဖွဲ့၏ တောင်ပိုင်းတပ်မှူး အာလီကာရာကီ (Ali Karaki) အပါအဝင် အခြားခေါင်းဆောင် အများအပြားလည်း သေဆုံးခဲ့ကြောင်း IDF မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟဇ်ဘိုလာ၏ ဗဟိုဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ရန် တိုက်လေယာဉ်များ အသုံးပြုခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။ ဟဇ်ဘိုလာ၏ရုံးချုပ်သည် ဘေရွတ်မြို့တောင်ဘက် Dahieh ရှိ တိုက်ခန်းအဆောက်အအုံ၏ မြေအောက်ခန်းတွင် တည်ရှိသည်ဟု ဆိုသည်။

ဟဇ်ဘိုလာ၏ အကြီးတန်း ကွပ်ကဲမှု ကွင်းဆက်များသည် အဖွဲ့ အခြေစိုက်ရာ Dahiyeh အပြင်ဘက်တွင် လုပ်ဆောင်နေချိန်တွင် လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း IDF မှ ပြောကြားခဲ့သည်။

IDF စစ်ဦးစီးချုပ် Helj Halevi က “ အစ္စရေးအရပ်သားတွေကို မြောက်၊ တောင်နဲ့ ဒီ့ထက်ပိုဝေးတဲ့နေရာမှာ ခြိမ်းခြောက်ရင် ဘယ်သူက သူတို့ကို ဖမ်းရမယ်ဆိုတာ ငါတို့သိပါတယ်” ဟု ပြောကြားခဲ့သည်။

“ ပြင်ဆင်မှုများစွာ ပြုလုပ်ပြီးနောက်၊ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာဌာနချုပ်ကို ပစ်မှတ်ထားရန်” အစီအစဉ်ကို နောက်ဆုံးတွင် စတင်ခဲ့ကြောင်း IDF မှ ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ အဲဒါကို အချိန်ကိုက်ပြီး အလွန်တိကျတဲ့နည်းလမ်းနဲ့ လုပ်ခဲ့တာပါ” ဟု အစ္စရေးစစ်ဦးစီးချုပ်က ပြောသည်။

အီရန်ခေါင်းဆောင်က “ ဟစ်ဇ်ဘိုလာကို ထောက်ခံပြီး အတူတကွ ရပ်တည်သွားမယ်” ပြောပါသည်။

အစ္စရေးက ဟားမတ်စ်ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်လိုက်ကြောင်း ကြေညာပြီးနောက် အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဟစ်ဇ်ဘိုလာသည် အီရန်ထံမှ ခိုင်မာသော ငွေကြေးနှင့် စစ်ဘက်ဆိုင်ရာ အထောက်အပံ့များကို ကာလရှည်ကြာစွာ ရရှိထားသည်။

ကြေညာချက်တွင် ခါမေနီက လက်ဘနွန်တွင် အကာအကွယ်မဲ့အရပ်သားများကို သတ်ဖြတ်ခြင်းအား ရှုတ်ချခဲ့ပြီး အစ္စရေးခေါင်းဆောင်များ၏ အမြင်တိုပြီး မိုက်မဲသောမူဝါဒကို သက်သေပြသည်ဟု ပြောကြားခဲ့သည်။

အစ္စရေး၏ “ရာဇ၀တ်ကောင်များသည် လက်ဘနွန်နိုင်ငံတွင်းက ဟစ်ဇ်ဘိုလာရဲ့ အမာခံနယ်မြေတွေကို သိသာထင်ရှားစွာ ပျက်စီးစေရန် ပြုလုပ်ခဲ့တာဟာ သူတို့ဟာ မိမိတို့ကိုယ်ကို သေးငယ်လွန်းကြောင်း မဖြစ်မနေ သိထားရမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဟစ်ဇ်ဘိုလာကို ထောက်ခံပြီး ဟစ်ဇ်ဘိုလာနှင့်အတူ ရပ်တည်သွားမယ်။

ခါမေနီက မွတ်ဆလင်အားလုံးကို လက်ဘနွန်နိုင်ငံသားများ၊ ဟစ်ဇ်ဘိုလာတို့နှင့်အတူ ရပ်တည်ကာ “မတရားသော ချိုးဖောက်မှုများကို ကျူးလွန်သော ဖိနှိပ်ချုပ်ချယ်သောအစိုးရကို ဆန့်ကျင်ဖို့ ထကြွကြရန်” တောင်းဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 32 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ