အောက်တိုဘာလ (၂၈)ရက်။
အောက်တိုဘာလ (၂၆)ရက်နေ့က စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ စစ်ဒေသခွဲအမှတ်(၃)ရဲ့ ဗျူဟာ (၃၂) ပူးပေါင်းစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မြဝတီမြို့ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းတို့ အာရှလမ်းမကြီးတနေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီရဲ့ သေဆုံးဒဏ်ရာရစာရင်းကို အတည်ပြုဆဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တပ်မ (၅၅)၊ စကခ (၁၂)နဲ့ တပ်မ (၄၄) အောင်ဇေယျစစ်ကြောင်းဟာ မြဝတီမြို့ကို စစ်ကူလာချိန် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရစာရင်းကို အတည်ပြုနေတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီထံကနေ ကျည်ကာပြား (၈)ခုနဲ့ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ကာ ကာကွယ်ရေးရဲဘော်တွေဘက်က (၃)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့လဲ ရေးသားထားပါတယ်။
တိုက်ပွဲမှာ ကော်ဘရာစစ်ကြောင်း (၁၊၂)၊ ကျားသစ်နက်စစ်ကြောင်း၊ ဗျူဟာ(၃၁)လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ ရောင်နီ(ဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagle၊ KNU-KNLA၊ Federal Wings၊ Justice Wings နဲ့ Fixed Wings တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။