မတ်လ (၂၉)ရက်။
မြေပြင်ကျောင်းပေါင်း (၃၀၃)ကျောင်းကို “ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများ” အနေနဲ့ အသိအမှတ်ပြုခဲ့တယ်လို့ NUG ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
NUG ပညာရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြု လျှောက်လွှာတင်ထားတဲ့ ကျောင်းတွေထဲက စိစစ်ပြီး အသိအမှတ်ပြုရေးမူဝါဒ (၁၁)ချက်ကို လိုက်နာမယ်လို့ ဝန်ခံကတိပြုတဲ့ ကျောင်းတွေကို အသိအမှတ်ပြုခဲ့တာလို့ ဆိုပါတယ်။
NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ကြားကာလမှာ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ဖို့အတွက် မြေပြင်ပြည်သူ့ပညာရေးကျောင်းတွေ၊ အွန်လိုင်းကျောင်းတွေနဲ့ ဆက်သွယ်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
စိစစ်ဆဲ အွန်လိုင်းကျောင်းတွေနဲ့ မြေပြင်ပြည်သူ့ပညာရေးကျောင်းတွေကိုလဲ အသိအမှတ်ပြုတဲ့အပေါ် ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမယ်လို့ ရေးသားထားပါတယ်။
NUG အနေနဲ့ ၂၀၂၃-၂၄ ပညာသင်နှစ်မှာ အခြေခံကျောင်းပေါင်း (၅၉၄၉)ကျောင်း ဖွင့်လှစ်ခဲ့ကာ အရင်နှစ်နဲ့နှိုင်းယှဉ်ပါက ကျောင်းပေါင်း (၂၀၀၀)ကျော် ပိုမိုဖွင့်လှစ်လာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အဲ့ဒီကျောင်းတွေမှာ ဆရာ၊ ဆရာမ စုစုပေါင်း (၆၁၆၄၅)ဦး ခန့်ထားပြီး သူတို့ထဲက (၁၈၅၄၈)ဦးဟာ စီဒီအမ် ဆရာ၊ ဆရာမတွေဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ (edited)