နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယောဒေသ အညာမြေမှာ အောင်လံစိုက်နိုင်ဖို့ ကြိုးစားပြင်ဆင်နေပြီလို့ ယောကာကွယ်ရေးတပ်(YDF)ပြော

ဩဂုတ်လ (၂၉)ရက်။

မဟာမိတ်နယ်မြေတွေမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ယောဒေသ အညာမြေတဝိုက်မှာ အောင်လံစိုက်ဖို့ ကြိုးစားပြင်ဆင်နေပြီလို့ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်နေတဲ့ ယောကာကွယ်ရေးတပ်(YDF)ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

YDF အနေနဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းမှာ မဟာမိတ်တွေနဲ့အတူ ပါ၀င်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ကာ AA နဲ့လဲ ရခိုင်ဒေသရှိ စစ်ကောင်စီတပ်စခန်း၊ တပ်ရင်း၊ ဌာနချုပ်နဲ့ မြို့သိမ်းတိုက်ပွဲတွေအပြင် မတူပီ၊ ကျင်ဒွေး စတဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ပါ၀င်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာလဲ လုံခြုံရေးအရ ဖော်ပြလို့မရသေးတဲ့ တိုက်ပွဲပေါင်းများစွာမှာ ပါ၀င်နေပြီး ပြည်သူတွေရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်ကနေ လွတ်မြောက်ဖို့ ကျရာတာ၀န် ထမ်းဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

အောင်မြင်မှုတွေ ဆက်တိုက်ရရှိဖို့လဲ စစ်သည်၊ စစ်မေတို့က ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ပြီး စစ်ရေးစစ်သွေးပြည့်၀ကာ အမိန့်နာခံတတ်မှုနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်တတ်တဲ့သူတွေဖြစ်အောင် အမြဲဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။

အခုလို ယောတို့ဌာနီ အညာမြေတဝိုက်မှာ အောင်လံစိုက်နိုင်ဖို့ ပြည်သူတွေရဲ့ ထောက်ပို့တာတွေကို လိုအပ်နေပြီး တိုက်ပွဲတိုင်း ရဲရဲရင့်ရင့် ချီတက်နိုင်ဖို့ လိုအပ်ချက်အများဆုံးဖြစ်တဲ့ စစ်၀တ်တန်ဆာနဲ့ ကျည်ကာဦးထုတ်၊ ကျည်ကာအင်္ကျီတွေ ဖြည့်ဆည်းနိုင်ဖို့ “ ယောတို့ဌာနေ အောင်ပွဲဆီ” ဆိုတဲ့ ကမ်ပိန်းကို ပြုလုပ်နေတယ်လို့ ပြောဆိုထားပါတယ်။

‌” ယောတို့ဌာနေ အောင်ပွဲဆီ” ကမ်ပိန်းကို ဩဂုတ်လ (၃၀)ရက်နေ့ကစပြီး စက်တင်ဘာလ (၃၀)ရက်နေ့အထိ တစ်လကြာ ပြုလုပ်သွားမှာဖြစ်ပြီး ငွေကျပ်သိန်း (၁၀၀၀) ပြည့်မီဖို့ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ (၃)နှစ်ကျော်ကာလထဲ ထောက်ပို့တာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သလို ကျန်သေးတဲ့ အဆုံးသတ်အောင်ပွဲအတွက် ထပ်မံ၀န်းရံပေးကြဖို့ကိုလဲ YDF က ထပ်မံတိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 21 Views
ဇူလိုင်လ (၂)ရက်။ ဇွန်လ (၁၉)ရက်နေ့က မြင်းခြံထောင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား‌တွေက ကဗျာရွတ်ဖတ်ခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားသူကို ကယ်ထုတ်သွားတဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 15 Views
ဇူလိုင်လ (၂)ရက်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီရဲတွေဆီကနေ ကယ်ထုတ်သွားသူတွေကို ပြန်ဖမ်းမိတယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 20 Views
ဇူလိုင်လ (၂)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ မနေ့ကပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ သမ္မတ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူကို လူတစုက စစ်ကောင်စီလက်က ကယ်ထုတ်

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 17 Views
ဇူလိုင်လ (၂)ရက်။ မနေ့က ည (၇)နာရီခွဲအချိန် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထရတဲ့ အမျိုးသမီးတစ်ဦးကို လူတစုက စစ်ကောင်စီလက်ကနေ ကယ်ထုတ်သွားတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စကစရဲ့ လှိုင်သာယာအရှေ့ပိုင်းရဲစခန်းမှာ ပုဒ်မ-၅၀(ည)နဲ့ ဖမ်းခံထားရတဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 30 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သုံးဆယ်ရွာကို နေ့လယ် (၃)နာရီ
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 24 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇွန်လ (၁၂)ရက်နေ့က မုံရွာထောင်ကနေ အိုးဘိုထောင်ကို နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 33 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က