နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

အိန္ဒိယနိုင်ငံထဲ ဖမ်းဆီးခံရတဲ့ မြန်မာတွေ ပြန်လွတ်မြောက်ဖို့ ဝိုင်း၀န်းအသံထွက်ရပ်တည်ပေးဖို့ India for Myanmar တောင်းဆို

ဩဂုတ်လ (၂၉)ရက်။

အိန္ဒိယနိုင်ငံထဲ ဖမ်းဆီးခံရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေ အမြန်ဆုံးလွတ်မြောက်ဖို့ နိုင်ငံတကာက ဝိုင်း၀န်းအသံထွက် ရပ်တည်ပေးကြဖို့ India for Myanmar ရဲ့ မနေ့က ထုတ်ပြန်တောင်းဆိုထားချက်အရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံမှုမရှိတဲ့ မြန်မာနိုင်ငံသား သောင်းနဲ့ချီဟာ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကို ခိုလှုံလာခဲ့ကြပေမယ့် အိန္ဒိယဗဟိုအစိုးရက မြန်မာစစ်‌ဘေးဒုက္ခသည်တွေကို စနစ်တကျ ကူညီဆောင်ရွက်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။

အိန္ဒိယဗဟိုအစိုးရက ကူညီပေးတာမရှိတဲ့အတွက် နယူးဒေလီမြို့ရှိ UNHCR ရုံးကို စောင့်ရှောက်မှုခံယူဖို့ သွားတဲ့လမ်းမှာ စာရွက်စာတမ်းအတုကိုင်ဆောင်မှုအပါအ၀င် မဏိပူရ်ပြည်နယ်က ပဋိပက္ခမှာ ပါ၀င်တယ်ဆိုတဲ့ အထောက်အထားမဲ့ စွပ်စွဲချက်နဲ့ မြန်မာ (၂၅၀)ခန့်ကို ဖမ်းဆီးထောင်ချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ သူတို့ကျခံရမယ့် ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ကျခံခဲ့ပေမယ့် ဒီကနေ့အထိ ရာဇ၀တ်သားတွေအတိုင်း ပြင်းထန်တဲ့ ထောင်စည်းကမ်းတွေနဲ့ ရက်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ပြင်းထန်စွာ ခံစားနေရတယ်လို့ ရေးသားထားပါတယ်။

အိန္ဒိယထောင်မှာ ရက်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာကို ခံစားရသူတွေထဲ မွေးကင်းစကလေးငယ်တွေကနေ သက်ကြီးရွယ်အိုတွေအထိပါ၀င်ကာ လွတ်ရက်အတိအကျမရှိတာကြောင့် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို အကန့်အသတ်မရှိ ရင်ဆိုင်နေရတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ အစာငတ်ခံဆန္ဒပြတာကို (၄)ကြိမ်မြောက်အနေနဲ့ ပြုလုပ်နေပြီး ထောင်အာဏာပိုင်တွေက လာရောက်ညှိနှိုင်းတာမရှိတဲ့အတွက် တွေ့ဆုံညှိနှိုင်းနိုင်တဲ့အထိ ဆက်လက်ဆန္ဒပြတောင်းဆိုသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 14 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 15 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 11 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 53 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ