နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ရာမာ (၂) (Rama II) လမ်းတွင် ကရိန်းပျက်ကျပြီး မြန်မာ ၃ ဦး၊ ထိုင်း ၁ ဦးသေဆုံး

နိုဝင်ဘာလ (၂၉) ရက်။

တနင်္လာနေ့ နံနက်စောစောပိုင်းက ရာမာ(၂) လမ်းတွင် ကရိန်းနှင့် ကွန်ကရစ် အစိတ်အပိုင်း ပြိုကျသဖြင့်လူ ၄ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိခဲ့သည်။

ရာမာ (၂) လမ်းမှ မြို့ပြင်ထွက်သည့် လမ်းဆောက်လုပ်နေသည့်အပေါ် လမ်းအပိုင်း M82 တွင် နံနက် ၄နာရီ ၁၃မိနစ်က ပြိုကျမှု ဖြစ်ခဲ့သည်။ အတွင်းသတင်းပို့ချက်အရ အလုပ်သမား ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူအနက် ၃ ဦးမှာ မြန်မာဖြစ်ကြောင်း သိရှိရသည်။

အလုပ်သမားခေါင်းလုပ်သူက ကွန်ကရစ် အစိတ်အပိုင်း ပြုတ်ကျသည့်အခါ အလုပ်သမား အများအပြားလည်း ပြုတ်ကျကုန်ကြောင်း‌ ပြောပြသည်။ စုစုပေါင်း အလုပ်သမား ၂၅ ယောက်ကို ထိုနေရာမှကယ်ထုတ်ခဲ့ကြောင်း သိရသည်။ ထိုနေရာတွင် ယဥ်ပိတ်ဆို့နေခဲ့မှုကြောင့် ဆမွတ်စခွန်မြို့တော် အုပ်ချုပ်ရေးမှူးက မော်တော်ယဥ်များကို အခြားလမ်းများမှသွားရန် ညွှန်ကြားခဲ့သည်။ အမြန် ရာမာ (၂) လမ်းသည် လုံးဝပိတ်သွားခဲ့ပြီး အခြားဘေးလမ်းနှစ်ဖက်လုံးကို ဖွင့်ပေးထားခဲ့သည်။ ယဥ်ထိန်းရဲများက ဖက်ကာဆမ် (Phet Kasem) နှင့် ဘိုရွန်မာရတ်ချိုနန်နီ (Borommaratchachonnani) လမ်းတို့ကိုလမ်းလွှဲအနေနှင့်အသုံးပြုရန် အကြံပေးခဲ့သည်။ ရွေ့လျားကရိန်း ၃ စီးကို အပျက်အစီးများကို ဖယ်ရှားရန်ပို့ဆောင်ပေးခဲ့ပြီး ထိုကရိန်းများသည် နေ့လည် ၁နာရီခန့်တွင် ထိုနေရာသို့ ရောက်ရှိမည် ဖြစ်သည်။

ရာမာ (၂) လမ်းသည် တောင်ဖက်သို့ သွားသည့် အဓိကလမ်းမကြီးဖြစ်ပြီး ကားသမားများသည် သူတို့၏လုံခြုံရေးအတွက် စိုးရိမ်မှု ရှိနေကြသည်။

၂၀၂၂ခုနှစ် ဇူလိုင်လက ဂငယ်ကွေ့ တံတားဘောင်ကြီးသည် ဆမွတ်စခွန်တွင် ပြုတ်ကျခဲ့သည်။ လွန်ခဲ့သည့်နှစ် မေလတွင်လည်း ကွန်ကရစ်ယက်မကြီး လဲကျခဲ့ပြီး အလုပ်သမားတယောက် သေဆုံးခဲ့ရသည်။ ဇန်နဝါရီလတွင် ကရိန်းအပေါ်ရှိလူစီးသည့်ခွက်ပေါ်မှ ပြုတ်ကျပြီး ဆောက်လုပ်ရေး လုပ်သားတဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရခဲ့ ပြန်သည်။ ယခုနှစ်ဧပြီလတွင် ဆင်ထားသည့် ငြမ်းအပိုင်းတခု လမ်းပေါ်သို့ ပြိုကျခဲ့သည်။

ရာမာ(၂) လမ်းမကြီးကို တချို့က မဆုံးနိုင်သော ဆောက်လုပ်ရေးလမ်းဟု ခေါ်ဆိုကြသည်။ ဆယ်စုနှစ်များအတွင်း နှစ်၅၀ စီမံကိန်းအတွင်း မကြာခဏ ထိခိုက်ဒဏ်ရာရမှုများဖြင့် ထိုလမ်းဆောက်လုပ်ရေးတွင်ဖြစ်ပေါ်နေခဲ့သည်။ ထိုင်းတောင်ပိုင်းအတွက် အရေးကြီးသော ပင်မလမ်းကြီးတခုဖြစ်သဖြင့် ကြီးမားကျယ်ပြန့်သော စီမံကိန်းများ ချမှတ်ပြီး ယဥ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ကြိုးပမ်းလုပ်ဆောင်နေရသည့်နေရာြဖစ်သည်။

သတင်းရင်းမြစ်။ The Nation

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 49 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 44 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 47 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို