နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက်

Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency for Global Media (USAGM) ကို တရားမဝင် စီမံခန့်ခွဲခဲ့ကြောင်း ဖက်ဒရယ် တရားသူကြီးတစ်ဦးက စနေနေ့တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ထိုကာလအတွင်း လုပ်ဆောင်ခဲ့သည့် အစုလိုက်အပြုံလိုက် ဝန်ထမ်းထုတ်ပယ်မှုများနှင့် အခြားသော လုပ်ဆောင်ချက်များသည် “အကျိုးသက်ရောက်မှုမရှိ ပျက်ပြယ်စေရမည်” ဟု အမေရိကန် ခရိုင်တရားသူကြီး ရွိုက်စ် စီ လမ်းဘရက် (Royce C. Lamberth) က ရေးသား ခဲ့သည်။

ဤစီရင်ချက်သည် အီရီဇိုးနား ပြည်နယ်အုပ်ချုပ်ရေးမှူးလောင်းအဖြစ် ရှုံးနိမ့်ခဲ့သူ၊ အထက်လွှတ်တော်အမတ်လောင်းနှင့် သမ္မတ ထရမ့် ၏ သစ္စာခံတစ်ဦးဖြစ်သူ လိပ်ခ် အတွက် သိသာထင်ရှားသော အရေးယူပိတ်ပင်မှုတစ်ခု ဖြစ်လာခဲ့သည်။

လိပ်ခ် ကမူ တရားသူကြီးအား “တက်ကြွလှုပ်ရှားသူ” (Activist) ဟု ချက်ချင်းပင် တုံ့ပြန် ခေါ်ဆိုခဲ့ပြီး အေဂျင်စီအနေဖြင့် အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

ထရမ့် ၏ အေဂျင်စီကို ဖျက်သိမ်းရန် ကြိုးပမ်းမှုများကြားမှ မိမိတို့၏ အလုပ်အကိုင်ကို ကာကွယ်ရန်နှင့် အေဂျင်စီကို ကယ်တင်ရန် လိပ်ခ် ကို တရားစွဲဆိုခဲ့သည့် တရားလိုများကမူ ၎င်းတို့အနေဖြင့် “အမှန်တရား ပေါ်ပေါက်သွားပြီဖြစ်၍ အလွန်ကျေးဇူးတင်မိသည်” ဟု ပြောကြားခဲ့သည်။

ကာရီ လိပ်ခ် (Kari Lake) ရဲ့ လုပ်ဆောင်ချက်တွေဟာ အာဏာသက်ရောက်မှု မရှိစေရဘူး ဆိုတဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်မတို့ ချစ်မြတ်နိုးရတဲ့ ဒီအမေရိကန် အဖွဲ့အစည်း အပေါ် သူမ ကျူးလွန်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည် ကုစားနိုင်ဖို့ အားကောင်းတဲ့ ခြေလှမ်း တစ်ခုပါပဲ” ဟု တရားလိုများဖြစ်ကြသည့် ပက်စီ ဝဒ်ဒါကုစွာရာ (Patsy Widakuswara) ၊ ကိတ် နီးပါ (Kate Neeper) နှင့် ဂျက်စီကာဂျာရတ်(Jessica Jerreat) တို့က ပြောကြားခဲ့သည်။

“သူမရဲ့ လုပ်ဆောင်ချက်တွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဒီစီရင်ချက်က ဘာကို ဆိုလိုသလဲဆိုတာကို ကျွန်မတို့ ဆက်လက် လုပ်ဆောင်နေချိန်မှာပဲ၊ ဒါဟာ VOA ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းတွေကို ပြန်လည် အသက်သွင်းဖို့နဲ့ ဝါဒဖြန့်ချိရေး မဟုတ်ဘဲ သတင်းစာပညာကိုပဲ ဆက်လက် ထုတ်လုပ်နိုင်ဖို့ ကျွန်မတို့ရဲ့ တိုက်ပွဲအတွက် မျှော်လင့်ချက်နဲ့ ခွန်အားသစ်တွေကို ဆောင်ကြဉ်းပေးလိုက်တာပါပဲ” ဟု ၎င်းတို့က ဆက်လက်ပြောကြားခဲ့သည်။

ဝန်ထမ်းများနှင့်အတူ ပူးပေါင်းကာ တရားစွဲဆိုခဲ့သည့် နယ်စည်းမခြားသတင်းထောင်များအဖွဲ့ (Reporters Without Borders) အဖွဲ့ကလည်း ဤအမှုသည် “စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခြင်းက အရေးကြီးကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်” ဟု ဆိုသည်။

Voice of America သည် အစိုးရရန်ပုံငွေဖြင့် ရပ်တည်ပြီး သတင်းစာပညာကို ဖော်ဆောင်ကာ အမေရိကန် ပြည်ထောင်စု ပြင်ပတွင် ဒီမိုကရေစီ တန်ဖိုးများကို မြှင့်တင်ပေးခြင်းဖြင့် ပြည်ပ ဝါဒဖြန့်မှုများကို တုံ့ပြန်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်း၏ မိခင်အဖွဲ့အစည်း ဖြစ်သော USAGM သည် Radio Free Europe/Radio Liberty နှင့် Radio Free Asia ကဲ့သို့ သော အခြား အသံလွှင့်ဌာနများကိုလည်း ရန်ပုံငွေ ထောက်ပံ့ပေးထားသည်။

၂၀၂၅ ခုနှစ် မတ်လတွင် ထရမ့် က အဆိုပါ အေဂျင်စီ တစ်ခုလုံးကို “သက်ဆိုင်ရာ ဥပဒေနှင့်အညီ အမြင့်ဆုံးအတိုင်းအတာအထိ” ဖျက်သိမ်းလိုကြောင်း ပြောကြားခဲ့သည်။ VOA ကို အုပ်ချုပ်ရန် သူရွေးချယ်ခဲ့သည့် လိပ်ခ် သည် ကွန်ရက်တစ်ခုလုံးရှိ ဝန်ထမ်း အားလုံးကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ခွင့်ရက် (Administrative leave) ချက်ချင်း ပေးခဲ့ပြီး အမေရိကန် ကျောထောက်နောက်ခံပြု အခြားအသံလွှင့်ဌာနများထံမှ ရန်ပုံငွေများကိုလည်း ရုပ်သိမ်းခဲ့သည်။

VOA သည် အခြေခံအားဖြင့် ဆိတ်သုဉ်းတိတ်ဆိတ်သွားခဲ့ရသော်လည်း ထရမ့် ၏ ရပ်စဲမိန့်များကို တရားရုံးတွင် စိန်ခေါ်ခဲ့ကြပြီး တရားသူကြီးများက တရားလိုများဘက်မှ ထပ်တလဲလဲ ရပ်တည်ပေးခဲ့ကြသည်။

ဤအမှု၏ အဓိက အချက်မှာ လိပ်ခ် ကို USAGM ၏ ထိပ်ပိုင်းတွင် ခန့်အပ်ခဲ့ခြင်းသည် တရားဝင်မှု ရှိ၊ မရှိ ဆိုသည့် အချက်ဖြစ်သည်။ လက်ရှိ USAGM ဝက်ဘ်ဆိုက်တွင် လိပ်ခ် ကို ဒုတိယ အမှုဆောင်အရာရှိချုပ် (Deputy CEO) အဖြစ် ဖော်ပြထားသည်။ သို့သော် ပြီးခဲ့သည့် နွေရာသီနှင့် ဆောင်းဦးကာလတွင် သူမသည် ထိုရာထူးအတွက် အရည်အချင်း ပြည့်မီမှု ရှိ၊ မရှိ သံသယများစွာ ရှိနေသည့်ကြားမှပင် လစ်လပ်နေသော အမှုဆောင်အရာရှိချုပ် (Acting CEO) နေရာကို ရယူခဲ့သည်။

လိပ်ခ် သည် အမှားအယွင်းများစွာ ပါဝင်သည့် အစုလိုက်အပြုံလိုက် ဝန်ထမ်းထုတ်ပယ်မှုများ အပါအဝင် အငြင်းပွားဖွယ်ရာ လုပ်ဆောင်ချက် အများအပြားကို ပြုလုပ်ခဲ့ပြီး လပေါင်းများစွာ ကတည်းက ဖယ်ကြဉ်ခံထားရသည့် VOA ဒါရိုက်တာကို ရာထူးမှ ထုတ်ပယ်ရန်လည်း တွန်းအားပေးခဲ့သည်။

တရားသူကြီး လမ်းဘရက် (Lamberth) က စနေနေ့ စီရင်ချက်တွင် “ လိပ်ခ် ကို အမည်ခံမဟုတ်ဘဲ USAGM ရဲ့ CEO အဖြစ် ပြောင်းလဲပစ်ဖို့ တရားမဝင် ကြိုးပမ်းမှုတစ်ခု ရှိခဲ့တယ်” ဟု ကောက်ချက်ချ ခဲ့သည်။ ၎င်းက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ခန့်အပ်မှုဆိုင်ရာ ပြဋ္ဌာန်းချက် (Appointments clause) နှင့် Federal Vacancies Reform Act တို့ကို ချိုးဖောက်ခဲ့ကြောင်း ထောက်ပြခဲ့သည်။

ဒါဟာ VOA ကို ဖျက်သိမ်းဖို့ ထရမ့် ရဲ့ လမ်းစဉ်နောက်ကို လိုက်ဖို့ ကြိုးစားနေတဲ့ လိပ်ခ် အတွက် နောက်ဆုံးပေါ် ကျရှုံးမှုတစ်ခုပါပဲ။ “ဒါကို သတ်ပစ်လိုက်!” (KILL IT!) ဟု ထရမ့် က ပြီးခဲ့သည့် ဇွန်လတွင် Truth Social ၌ ရေးသားခဲ့သည်။ သို့သော် သမ္မတ ရော်နယ်ရီဂင် လက်ထက် က ခန့်အပ်ခဲ့သည့် တရားသူကြီး လမ်းဘရက် (Lamberth) ကမူ အာဏာခွဲဝေ ကျင့်သုံးမှုနှင့် လွှတ်တော်၏ အခန်းကဏ္ဍကို ကိုးကား၍ ထိုလုပ်ဆောင်ချက်များကို ထပ်တလဲလဲ ဟန့်တားခဲ့သည်။

လိပ်ခ် က စနေနေ့တွင် တုံ့ပြန်ရာ၌ “အမေရိကန် ပြည်သူတွေဟာ ဖောင်းပွနေတဲ့ ဗျူရိုကရေစီ ယန္တရားကို ဖြတ်တောက်ဖို့၊ လေလွင့်မှုတွေကို ဖယ်ရှားဖို့နဲ့ အစိုးရမှာ တာဝန်ခံမှုရှိအောင် လုပ်ဖို့ သမ္မတ ထရမ့် ကို လုပ်ပိုင်ခွင့် ပေးထားတာပါ။ အခုတော့ တက်ကြွလှုပ်ရှားသူ တရားသူကြီးတစ်ဦးက USAGM မှာ အဲဒီကြိုးပမ်းမှုတွေကို ဟန့်တားဖို့ ကြိုးစားနေတာပါ” ဟု ပြောဆိုခဲ့သည်။

လိပ်ခ် က “တရားသူကြီး လမ်းဘရက် (Lamberth) ဟာ တက်ကြွလှုပ်ရှားသူတွေလို ဆုံးဖြတ် ချက်ချတဲ့ အလေ့အထရှိပြီး အခုအမှုဟာလည်း ထူးမခြားနားပါဘူး။ ကျွန်မတို့အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး အယူခံဝင်သွားမှာပါ” ဟုလည်း အခိုင်အမာ ပြောကြားခဲ့သည်။

စနေနေ့၏ စီရင်ချက်သည် ရာထူးမှ ဖယ်ကြဉ်ခံထားရသည့် VOA သတင်းထောက် ရာပေါင်း များစွာအတွက် မည်သို့ ဖြစ်လာမည်ကိုမူ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော်လည်း အဖွဲ့အစည်းကို ဖျက်သိမ်းပစ်မည်ဟူသော ထရမ့် ၏ ကြေညာချက်များသည် တဖြည်းဖြည်းချင်း ပြန်လည် ပျက်ပြယ်လာနေသည်။

ပြီးခဲ့သည့်လတွင် ထရမ့် သည် လိပ်ခ် တောင်းဆိုခဲ့သည့် ပမာဏထက် ဒေါ်လာ သန်းငါးရာ ပိုမို များပြားသော ရန်ပုံငွေ ပါဝင်သည့် အသုံးစရိတ် ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခဲ့သည်။ အစောပိုင်းက လွှတ်တော်က ထိုရန်ပုံငွေကို အတည်ပြုလိုက်ချိန်တွင် လိပ်ခ် က သူမအနေဖြင့် “စိတ်ပျက်မိသည်” ဟု ပြောကြားခဲ့ဖူးသည်။

လိပ်ခ် သည် အီလွန်မာ့ခ် (Elon Musk) ၏ လူမှုကွန်ရက်ဖြစ်သော X ပလက်ဖောင်းကို အသုံးပြု၍ အေဂျင်စီကို ကျုံ့စေမည့် နောက်ထပ် ကြိုးပမ်းမှုတစ်ခုဖြစ်သော “ဆန္ဒအလျောက် နုတ်ထွက်ရေး အစီအစဉ်” (Deferred resignation program) ကိုလည်း ကြော်ငြာခဲ့သည်။ ယင်းသည် ဝန်ထမ်းများအား နုတ်ထွက်ရန် သို့မဟုတ် အငြိမ်းစားယူရန် ဖိတ်ခေါ်ခြင်းဖြစ်ပြီး မလိုက်နာပါက ဝန်ထမ်းလျှော့ချမှုများ (Layoffs) ရှိလာနိုင်သည်ဟု သတိပေးထားခြင်း ဖြစ်သည်။

သို့သော် စနေနေ့၏ စီရင်ချက်သည် ပြီးခဲ့သည့် နွေရာသီက လိပ်ခ် ၏ အစုလိုက်အပြုံလိုက် ဝန်ထမ်းထုတ်ပယ်ရန် ကြိုးပမ်းမှုကို ပြောင်းပြန်လှန်လိုက်ပုံရသည်။

ပြီးခဲ့သည့် အပတ်အတွင်း အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီး အီရန်၏ လက်တုံ့ပြန်မှုကို ကာကွယ်ခဲ့စဉ်အတွင်း လိပ်ခ် သည် အေဂျင်စီ၏ အီရန်သို့ အသံလွှင့်မှု များကို ချီးကျူးဂုဏ်ပြုခဲ့သည်။ စနေနေ့ အစောပိုင်းတွင်လည်း သူမသည် “အီရန်နိုင်ငံ အတွင်းသို့ ထရမ့် ၏ သတင်းစကားများကို Voice of America က တွန်းပို့ပေးနေသည်” ဟူသော Fox News သတင်းခေါင်းစဉ်ကို မျှဝေခဲ့သည်။

သို့သော်လည်း VOA ဝါရင့်ဝန်ထမ်း ကင်မ် အင်ဒရူး အယ်လီယွတ် (Kim Andrew Elliott) ကမူ X တွင် ရေးသားရာ၌ “ဘိုင်ဒင် အစိုးရ လက်ထက် ကုန်ဆုံးပြီးကတည်းက အေဂျင်စီရဲ့ အသံလွှင့်မှုနဲ့ သတင်းစုဆောင်းမှု အရင်းအမြစ်တွေဟာ အတော်လေး လျော့နည်းသွားခဲ့ရပြီ” ဟု ထောက်ပြထားသည်။

ကာရီ လိပ်ခ်(Kari Lake) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက