နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာရှိ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ဖိနှိပ်တာတွေတိုးမြှင့်လာတဲ့အပေါ် ကန်အောက်လွှတ်တော်မှာ ရှင်းလင်းတင်ပြပွဲ

ဇန်နဝါရီလ (၃၀)ရက်။

မြန်မာနိုင်ငံထဲက ခရစ်ယာန်ဘာသာဝင်တွေအပေါ် ဖိနှိပ်သတ်ဖြတ်တာတွေ တိုးမြှင့်လာတာနဲ့ လူသားချင်းစာနာမှု ကျဆင်းလာအပေါ် မနေ့က အမေရိကန်အောက်လွှတ်တော်မှာ ရှင်းလင်းတင်ပြပွဲတစ်ရပ်ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီရှင်းလင်းတင်ပြပွဲကို အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာဆပ်ကော်မတီဥက္ကဌ Chris Smith က ဦးဆောင်ပြုလုပ်ခဲ့ပြီး ရှင်းလင်းပွဲမှာ NUG ရဲ့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပူးတွဲဦးဆောင်သူအဖြစ် ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ရှင်းလင်းတင်ပြပွဲမှာ မြန်မာစစ်တပ်က အာဏာသိမ်းဖို့ကြိုးစားပြီးနောက် ခရစ်ယာန်ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားဖျက်ဆီးတာနဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေအပါအဝင် အခြားဘာသာရေးခေါင်းဆောင်တွေကို မတရားဖမ်းဆီးအကျဉ်းချတာတွေကို ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ဘာသာရေးခေါင်းဆောင်တွေကို သတ်ဖြတ်တာတို့ တိုးမြှင့်ကျူးလွန်လာတဲ့ အခြေအနေတွေကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေနဲ့ ချင်းလူ့အခွင့်အရေးလှုပ်ရှားသူတွေက ရှင်းလင်းပြောကြားခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီကျူးလွန်တာတွေကို တာဝန်ယူ၊ တာဝန်ခံမှု ရှိလာစေဖို့နဲ့ မြန်မာနိုင်ငံထဲ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးခဲ့ကာ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်ဒုဥက္ကဌ Fredercik Davie လည်း ပါဝင်ဆွေးနွေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ရှင်းလင်းတင်ပြပွဲကို CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်နဲ့ NUG က လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗဟိုဦးဆောင်ကော််မတီဝင် (၂)ဦးကို တပ်ပိုင်ဘဏ္ဍာပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ အရေးယူထားတယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 26 Views
နိုဝင်ဘာလ (၂၁)ရက်။ MDY-PDF ရဲ့ ဗဟို‌ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးကို တပ်ပိုင်ဘဏ္ဍာပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ အရေးယူထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရွှေကုက္ကိုလ်နယ်မြေကနေ နိုင်ငံခြားသား (၄၀၀)ကျော်ကို ထပ်မံဖမ်းမိခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 32 Views
နိုဝင်ဘာလ (၂၁)ရက်။ ရွှေကုက္ကိုလ်နယ်မြေထဲ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား (၄၀၅)ဦးကို ထပ်မံဖမ်းမိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့
မြန်မာသတင်း

သမိုင်းတရားခံမဖြစ်အောင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU ထပ်မံနှိုးဆော်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 20 Views
နိုဝင်ဘာလ (၂၁)ရက်။ “ သမိုင်းတရားခံမဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်းစို့” ခေါင်းစဉ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က မနေ့က ထပ်မံနှိုးဆော်ထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်ထဲ စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ မစစ်မမှန် အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကို အချက်
မြန်မာသတင်း

ပွင့်ဖြူမြို့မှာ လောင်းကစားပြုလုပ်သူတွေကို အပြစ်ပေးအရေးယူမယ်လို့ မြို့နယ်ပကဖ သတိပေး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 40 Views
နိုဝင်ဘာလ (၂၀)ရက်။ ပွင့်ဖြူမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးတွေ အကောင်အထည်ဖော်နေချိန် လောင်းကစားတွေ ပြုလုပ်တာတွေ ရှိနေတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ လက်တွဲပြီး ပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အချိန်မှာ ကြက်တိုက်တာနဲ့
မြန်မာသတင်း

မြိုင်နယ်ထဲ ညသန်းခေါင်အချိန် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူ (၅)ဦးထက်မနည်း သေဆုံးပြီး (၁၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 43 Views
နိုဝင်ဘာလ (၂၀)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က မြိုင်နယ်တနေရာကို ပြည်သူတွေ အိပ်မောကျနေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း(မြိုင်)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုရက်ထဲ မြိုင်နယ်ထဲက ပြည်သူတွေဟာ စစ်တပ်က စစ်ကြောင်းထိုးလို့
မြန်မာသတင်း

စစ်ကိုင်းက ပသုံးလုံးပြဿနာကို အနီးကပ် ‌ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 45 Views
နိုဝင်ဘာလ (၂၀)ရက်။ စစ်ကိုင်းတိုင်းထဲက NUG လက်အောက်ခံ ပသုံးလုံးတွေရဲ့ ပြဿနာတွေကို အနီးကပ် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲမှာရှိနေတဲ့ ပသုံးလုံးပြဿနာတို့ တော်လှန်ရေးပြဿနာတွေကို အနီးကပ် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဦးတည်နေတာဖြစ်ပါတယ်”
မြန်မာသတင်း

သပိတ်ကျင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 31 Views
နိုဝင်ဘာလ (၂၀)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်က သပိတ်ကျင်းမြို့ရှိ လက်ပံပြန့်ရွာကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ညနေ (၄)နာရီ (၃၀)မိနစ်မှာ သပိတ်ကျင်းမြို့ လက်ပံပြန့်ရွာကို
မြန်မာသတင်း

ကျားဖြန့်တိုက်ဖျက်ရေး မြန်မာစစ်တပ်နဲ့ ပူးပေါင်းရင် အောင်မြင်မှာမဟုတ်ဘူးလို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 34 Views
ရာဇဝတ်လုပ်ငန်းတွေ တားမြစ်တိုက်ဖျက်ဖို့ အဆင့်မြင့်ခေါင်းဆောင်တွေပါဝင်တဲ့ အထူးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ဆို နိုဝင်ဘာလ (၂၀)ရက်။ ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းမယ်ဆို အောင်မြင်မှာမဟုတ်ဘူးလို့ KNU က မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကျားဖြန့်တိုက်ဖျက်ရေးအတွက် နိုင်ငံတကာရဲ့ လှုပ်ရှားမှုဟာ