နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက သတင်းအမှားဖြန့်ပြီး ပြည်သူတွေကို ဆီဆိုင်မြို့ထဲ ပြန်၀င်ခိုင်းနေတယ်လို့ PNLA ထုတ်ပြန်

မတ်လ (၃၀)ရက်။

စစ်ကောင်စီဟာ ပြည်သူကို လူသားဒိုင်းအနေနဲ့သုံးဖို့ ရည်ရွယ်ချက်နဲ့ လူထုကို ဆီဆိုင်မြို့ထဲပြန်၀င်နိုင်ပြီဆိုပြီး သတင်းအမှားဖြန့်နေတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီသတင်းအမှားတွေကို ယုံကြည်ပြီး စစ်မက်ဖြစ်ပွား‌နေတဲ့ စစ်ဇုန်ထဲကို ၀င်ရောက်မိပါက စစ်ကောင်စီရဲ့ လူသားဒိုင်းအနေနဲ့ အသုံးပြုခံရနိုင်သလို မလိုလားအပ်တဲ့ ထိခိုက်တာတွေလဲ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လူသားဒိုင်းအနေနဲ့ အသုံးပြုမခံရစေဖို့နဲ့ တိုက်ပွဲအကြား မလိုလားအပ်တဲ့ ထိခိုက်တာတွေ မဖြစ်စေဖို့ PNLA ရဲ့ တရား၀င်ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။

မနေ့ကလဲ စစ်ကောင်စီဟာ လူထုအချို့ကို ပအိုဝ်း၀တ်စုံ ၀တ်ဆင်ခိုင်းပြီး လူသားဒိုင်းလုပ်ကာ ဆီဆိုင်မြို့ထဲက နေရာအချို့မှာ ဓါတ်ပုံရိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို စစ်ကောင်စီက လူထုကို လူသားဒိုင်းအနေနဲ့ ပြုလုပ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်တာတွေ မပြုလုပ်ခဲ့တာလို့ ရေးသားထားပါတယ်။

အခုအချိန်မှာတော့ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပြီး ဆီဆိုင်မြို့ကို ပစ်ခတ်ဖျက်ဆီးနေတာကြောင့် တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးလာတာကြောင့် မြို့ဟာ စစ်ဇုန်ဖြစ်နေတယ်လို့ သိရပါတယ်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဘတ်ဂျက်ငွေသုံးစွဲနိုင်ဖို့ အခွန်အခတွေရရှိဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 0 Views
နိုဝင်ဘာလ (၂၈)ရက်။ ဘတ်ဂျက်သုံးစွဲရာမှာ ငွေရှိမှသာ သုံးစွဲနိုင်မှာဖြစ်တာကြောင့် အခွန်အခတွေ ပြည့်ပြည့်ဝဝရရှိဖို့လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ဘဏ္ဍာရေးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

စစ်အုပ်စုခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံဖို့ NUG တောင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 58 Views
နိုဝင်ဘာလ (၂၇)ရက်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံပြီး ဆောင်ရွက်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုခဲ့တယ်လို့
မြန်မာသတင်း

အခုလထဲ ရခိုင်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား (၂၀)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 56 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကစပြီး (၂၆)ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၂၀)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးခဲ့တဲ့ အရပ်သား (၂၀)ဦးဟာ အမျိုးသား
မြန်မာသတင်း

ICC ရှေ့နေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 56 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရဲ့ တရားလွှတ်တော်ရှေ့နေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်တာဟာ ရခိုပြည်နယ်ထဲ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 60 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၂၅)ရက်နေ့က တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)က အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ တောင်ကုတ်မြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ စကခ(၅)လက်အောက်ခံ ခမရ(၃၄၆)နဲ့ ခမရ (၅၄၄)တို့က အလံဖြူထောင် လက်နက်ချအညံ့ခံပြီးနောက် မြို့ကို
မြန်မာသတင်း

၂၀၂၅ဟာ တော်လှန်ရေး အလှည့်အပြောင်းဖြစ်လာမယ့်နှစ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 63 Views
နိုဝင်ဘာလ (၂၇)ရက်။ ၂၀၂၅ဟာ တော်လှန်ရေးအတွက် အလှည့်အပြောင်းဖြစ်လာမယ့်နှစ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၅ဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် တကယ်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်ပါတယ်။
မြန်မာသတင်း

စစ်ကောင်စီဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့သား မင်္ဂလာဆောင်မယ့် MICC-2 တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 62 Views
နိုဝင်ဘာလ (၂၇)ရက်။ စစ်ကောင်စီဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ သားဖြစ်သူ မင်္ဂလာဆောင်မယ့် နေပြည်တော်ရှိ MICC-2 ကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ရှာထူးဝေါ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နေပြည်တော်ရှိ MICC-2 ကို နိုဝင်ဘာလ
မြန်မာသတင်း

ရန်ကုန်မှာ ဖုန်းနဲ့ဆက်သွယ်ပြောဆိုပြီး ငွေကြေးလိမ်လည်သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 58 Views
နိုဝင်ဘာလ (၂၇)ရက်။ ရန်ကုန်တိုင်းထဲ ဖုန်းနဲ့ဆက်သွယ်ကာ အယောင်ဆောင်ပြောဆိုပြီး ငွေကြေးလိမ်လည်တဲ့ အမျိုးသား (၅)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူတို့ (၅)ဦးကို နိုဝင်ဘာလ (၁၇)ရက်နေ့ ညနေပိုင်းက ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်မှာ