နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်တွေကို စိုးရိမ်စေခဲ့တဲ့ အမေရိကန်သမ္မတလောင်းစကားစစ်ထိုးပွဲ

ဒီမိုကရက်တွေကို စိုးရိမ်စေခဲ့တဲ့ အမေရိကန်သမ္မတလောင်းစကားစစ်ထိုးပွဲ

++++++++++++++++

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ပြိုင်ဘက်ဖြစ်တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ရဲ့ ပထမဆုံး ရုပ်/သံ စကား စစ်ထိုးပွဲမှာ ဂျိုးဘိုင်ဒန်ရဲ့ တုန်ရီနေတဲ့လုပ်ဆောင်ချက်တွေကြောင့် ဒီမိုကရက်တစ်ပါတီကို တုန်လှုပ်စေခဲ့ပါတယ်။ အသက်အကြီးဆုံး အမေရိကန်သမ္မတနှစ်ဦးရဲ့ စကားစစ်ထိုးပွဲမှာ ပုဂ္ဂိုလ်ရေးဝေဖန်ထိုးနှက်ချက်တွေနဲ့ အပြန်အလှန်စွပ်စွဲခဲ့ကြပြီး ဒေါ်နယ်ထရန့်က မှားယွင်းတဲ့အချက်အလက်တွေနဲ့ ပြောဆိုတိုက်ခိုက်ခဲ့ပါတယ်။

ထရန့် – “ ခင်ဗျားကြောင့် တိုင်းပြည်တစ်ခုလုံးက ပျက်ဆီးနေပြီ”

ဂျိုးဘိုင်ဒန် – “ ငါ့သားက အရှုံးသမားမဟုတ်ဘူး၊ လူပြိန်းတစ်ယောက်လည်း မဟုတ်ဘူး၊ ခင်ဗျားကသာ လူပြိန်း၊ အရှုံးသမားတစ်ယောက်ပဲ”

နိုဝင်ဘာလရွေးကောက်ပွဲကျင်းပဖို့ 4 လအလို CNN ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ သမ္မတလောင်းရွေးကောက်ပွဲ စကားစစ်ထိုးပွဲမှာ ဒေါ်နယ်ထရန့်နဲ့ ဂျိုးဘိုင်ဒန်တို့ဟာ သူတို့ရဲ့ သဘောထားစစ်တမ်းကို လှုပ်နှိုးဖို့ ရည်ရွယ်ပြီး   တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်၊ ငွေကြေးဖောင်းပွမှု၊ ဂါဇာနဲ့ ယူကရိန်းစစ်ပွဲတွေအပါအဝင် သူတို့ရဲ့ ဂေါက်ရိုက်ပြိုင်ပွဲတွေကိုတောင် ထည့်သွင်း စကားစစ်ထိုးခဲ့ကြတာဖြစ်ပါတယ်။

အချေအတင်ပြောဆိုမှု ပထမနာရီဝက်မှာပဲ သမ္မတဂျိုးဘိုင်ဒန်ဟာ ပြောနေရင်းအသံတိမ်ဝင်သွားခဲ့တာကြောင့် သမ္မတဟောင်း ဒေါ်နယ်ထရန့်က ဝင်ရောက်ထိုးနှက်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒန် – “ ကျတော်တို့အရာအားလုံးနဲ့ ညှိနှိုင်းပြီး ဆေးဝါးစောင့်လျှောက်မှုလုပ်ငန်းတွေကို လုပ်နိုင်ခဲ့ပါတယ်”

ထရန့် – “ သူပြောတာ မှန်တယ်။ သူတို့ လုပ်နိုင်ခဲ့တယ်။ သေတဲ့အထိ လုပ်နိုင်ခဲ့ကြတာ”

အသက် 81 နှစ်အရွယ် ဂျိုးဘိုင်ဒန်နဲ့ အသက် 78 နှစ်အရွယ် ဒေါ်နယ်ထရန့်တို့ဟာ စကားစစ်ထိုးပွဲမှာ သူတို့အနေနဲ့ သမ္မတရာထူးအတွက် ထိုက်တန်ကြောင်းကို ပြသနိုင်ဖို့ ဖိအားတွေ အသီးသီး ရှိနေခဲ့ကြတာဖြစ်ပါတယ်။

စကားစစ်ထိုးပွဲတလျှောက်လုံးမှာ ဒေါ်နယ်ထရန့်က ဝေဖန်ထိုးနှက်မှုတွေကို ပြင်းပြင်ထန်ထန်ပြုလုပ်ခဲ့ပေမယ့် သူပြောတဲ့ စကားအများစုကတော့ မှားယွင်းတဲ့အချက်အလက်တွေဖြစ်နေပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် ရာဇဝတ်မှုတွေမြင့်တက်လာတာ၊ ဒီမိုကရက်တွေက ကလေးဖျက်ချတာကို အားပေးထောက်ခံတာ စတဲ့ မဟုတ်မှန်တဲ့အချက်အလက်တွေဖြစ်ပါတယ်။

စစ်တမ်းတွေအရ ရွှေ့ပြောင်းနေထိုင်သူတွေထက် အမေရိကန်နိုင်ငံမှာ မွေးဖွါးသူတွေက ရာဇဝတ်မှုပိုမိုကျူးလွန်ကြတာဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ ဇန်နဝါရီလ 6 ရက်နေ့က Capitol Hill တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့မေးခွန်းတွေကို ရှောင်တိမ်းခဲ့ပြီး တာဝန်ယူဖြေရှင်းဖို့ကိုလည်း ငြင်းဆိုခဲ့တဲ့အပြင် အဲဒီဖြစ်စဉ်မှာ အဖမ်းခံရသူတော်တော်များများဟာ အပြစ်ကင်းတဲ့သူတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျိုးဘိုင်ဒန် – “ သူပြောနေတာတွေက လုံး၀မမှန်ပါဘူး။ Capitol Hill မှာဖြစ်ပျက်ခဲ့တာတွေကို ရပ်တန့်ဖို့ သူလုံး၀မကြိုးပမ်းခဲ့ဘူး။ ပြီးတော့ အဲဒီဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေအားလုံးက ပြစ်ဒဏ်ကျခံရဖို့ ထိုက်တန်တဲ့သူတွေဖြစ်ပါတယ်”

အခု စကားစစ်ထိုးပွဲမှာ 2020 ခုနှစ်ကလို မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်စေဖို့အတွက် ပရိသတ်မပါဘဲ ကျင်းပခဲ့တာဖြစ်သလို မိုက်ကရိုဖုန်းအသုံးပြုမှုကိုလည်း တင်းကြပ်ခြင်းမရှိခဲ့ပါဘူး။ ကိုယ်စားလှယ်လောင်းနှစ်ယောက်စလုံးဟာ အခွင့်အရေးရရင် ရသလို တစ်ယောက်ကို တစ်ယောက် ဝေဖန်ပုတ်ခတ်ပြောဆိုမှုပြုလုပ်ခဲ့ကြပါတယ်။

ထရန့် – “ သူလုပ်ခဲ့တဲ့ ကြောက်စရာအလုပ်တွေကို ကျုပ်ဆက်လုပ်မှာ မဟုတ်ပါဘူး။ သူက တိုင်းပြည်ကို ဖျက်ဆီးနေတာ”

ဘိုင်ဒန်ကတော့ ထရန့်လုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေအပေါ် ဖိအားပေးပြောဆိုခဲ့ပါတယ်။

ဂျိုးဘိုင်ဒန် – “ ခင်ဗျားက နောက်ဖေးလမ်းကြားက ကြောင်လို ခိုးစားတတ်တဲ့အကျင့်ရှိတယ်”

ထရန့် – “ Porn Star နဲ့ ကျုပ်မအိပ်ခဲ့ဘူး”

အရည်အချင်းပြည့်မီမှုနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးအတွက် စိုးရိမ်စရာတွေရှိနေပေမယ့် စကားစစ်ထိုးပွဲက  ဂျိုးဘိုင်ဒန်ရဲ့ စွမ်းဆောင်ရည်ကတော့ သူ့ရဲ့ မဲဆွယ်စည်းရုံးမှုအတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုဖြစ်လာနိုင်ပါတယ်။ အိမ်ဖြူတော်က အရာရှိနှစ်ဦးကတော့ ဂျိုးဘိုင်ဒန်ဟာ စကားစစ်ထိုးပွဲမှာ အအေးမိဖျားနာနေတာလို့ ပြောပါတယ်။

အမည်မဖော်လိုတဲ့ ထိပ်တန်းအလှူရှင်တစ်ဦးကတော့ ကိုယ်စားလှယ်လောင်းတွေရဲ့ စွမ်းဆောင်ရည်ဟာ အရည်အချင်းမပြည့်မီဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဩဂုတ်လအတွင်းကျင်းပမယ့် ဒီမိုကရက်ပါတီအစည်းအဝေးပွဲမတိုင်မီ ကိုယ်စားလှယ်လောင်းစာရင်းကဖယ်ရှားနိုင်ဖို့ မျှော်လင့်နေပါတယ်။

တနင်္ဂနွေနေ့က ရိုက်တာသတင်းဌာနကပြုလုပ်ခဲ့တဲ့ မဲဆန္ဒရှင်တွေရဲ့ စစ်တမ်းအရ ဒေါ်နယ်ထရန့်ဟာ စီးပွါးရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကိုယ်စားလှယ်လောင်းဖြစ်တယ်လို့ ထင်မြင်နေကြပြီး ဂျိုးဘိုင်ဒန်ကတော့ ဒီမိုကရေစီစနစ်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့နေရာမှာ ထရန့်ထက် သာလွန်ကောင်းမွန်တယ်လို့ ဖော်ပြခဲ့ကြပါတယ်ခင်ဗျား . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 30 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 40 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 55 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု