နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဟိုပန်မြို့မှာ ဓါးပြတိုက်သတ်ဖြတ်ခဲ့သူကို “ ဝ” က လူမြင်ကွင်းရှေ့ ပထမဆုံးအကြိမ် သေဒဏ်ချမှတ်

အောက်တိုဘာလ (၃၀)ရက်။

ဒီကနေ့ ဟိုပန်မြို့ရှိ ယဉ်ကျေးမှုကွင်းမှာ ဓါးပြတိုက်ပြီး လူသတ်မှုကျူးလွန်တဲ့ လူငယ်အမျိုးသားတစ်ဦးကို “ ဝ” တပ်ဖွဲ့ UWSA က လူမြင်ကွင်းမှာ သေဒဏ်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၃)ရက်နေ့က ဟိုပန်မြို့ထဲရှိ ကုန်စုံဆိုင်တဆိုင်ကို အသက်(၂၀)ဝန်းကျင်ရှိ မောင်စိုင်းကျော်ထွန်းက ဓါးပြတိုက်ခဲ့ကာ အသက်(၈)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ လူထုရှေ့ သေဒဏ်ချမှတ်တာက “ ဝ” ရဲ့ အရင်ကထဲက ကျင့်သုံးလာတဲ့ မူဝါဒကို ကျင့်သုံးလာတာပါ။ လူထုကို ပညာပေးတဲ့နေရာပါ။ အခုက သေဒဏ်ပဲ ချမှတ်တာပါ။ လူထုရှေ့ မကွက်မျက်ပါဘူး” လို့ “ ဝ” ပြည်သူ့အစိုးရတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဓါးပြတိုက်ကာ ကလေးငယ်သေဆုံးခဲ့တဲ့ဖြစ်စဉ်က ပြစ်မှုကျူးလွန်သူကို (၂)လအကြာမှာ “ ဝ” ပြည်သူ့အစိုးရ တရားရေးဌာနက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ဟိုပန်မြို့မှာ ပထမဆုံးအကြိမ် သေဒဏ်ချမှတ်တာလည်းဖြစ်ပါတယ်။

အခုလို ပြစ်မှုကျူးလွန်သူကို ‌လူမြင်ကွင်းရှေ့ သေဒဏ်ချမှတ်ခဲ့ပေမယ့် ကွက်မျက်တာမဟုတ်ဘဲ ကွက်မျက်မယ့်နေရာနဲ့ ပုံစံတို့ကို တရားရေးဌာနက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဓါးပြတိုက်လူသတ်မှုကျူးလွန်သူကို သေဒဏ်ချမှတ်တဲ့ ဒီကနေ့မှာပဲ မုဒိန်းမှုကျူးလွန်သူ (၆)ဦးကို တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ် (၁၅)နှစ် ချမှတ်ခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

ဟိုပန်မြို့ဟာ “ ၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းမှာ ညီနောင်မဟာမိတ် (၃)ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် “ ဝ” တပ်ဖွဲ့ UWSA ရဲ့ ထိန်းချုပ်မှုအောက်ကို လွှဲပြောင်းပေးခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ နှိုးဆော်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 27 Views
အောက်တိုဘာလ (၂၇)ရက်။ စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ထိရောက်စွာ လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုက
မြန်မာသတင်း

ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းပေးခဲ့ပေမယ့် ဖိအားပေးခံရတာတွေကြောင့် ပြန်ရုတ်သိမ်းခဲ့ရတယ်လို့ ဦးကိုကိုကြီးပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 29 Views
အောက်တိုဘာလ (၂၇)ရက်။ ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းပေးခဲ့ပေမယ့် ဖိအားပေးခံရတာကြောင့် ပြန်လည်ရုတ်သိမ်းခဲ့ရတာတွေ ရှိတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ထုတ်ဖော်ပြောဆိုထားတယ်လို့
မြန်မာသတင်း

KK Park ကနေ အကျိုးအမြတ်ရနေတယ်လို့ စစ်အုပ်စုရဲ့ စွပ်စွဲချက် KNU ငြင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 32 Views
အောက်တိုဘာလ (၂၇)ရက်။ ထိုင်း-မြန်မာနယ်စပ်ရှိ KK Park ကနေ အကျိုးအမြတ်ရရှိတယ်ဆိုပြီး စစ်အုပ်စုက စွပ်စွဲထားတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)က မနေ့က ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုရဲ့ ပြောခွင့် ဗိုလ်ချုပ် ဇော်မင်းထွန်းက KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက်
မြန်မာသတင်း

ရန်ကုန်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်သူ (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 45 Views
အောက်တိုဘာလ (၂၅)ရက်။ ရန်ကုန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူငယ် (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေပြည်သာသပိတ်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖမ်းဆီးခံရတာက စက်တင်ဘာ (၁၈)ရက်နေ့က အလုပ်ကအပြန်မှာ ဖမ်းသွားတာ။ ဖမ်းဆီးခံရတာက
မြန်မာသတင်း

SpaceX မှ မြန်မာ လိမ်လည်မှုစခန်းများ အသုံးပြုနေသော Starlink ကိရိယာ ထောင်ပေါင်း များစွာကို အသုံးပြု၍မရအောင် ပိတ်ဆို့လိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 53 Views
CNN – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် အီလွန် မတ်စ် (Elon Musk) ဦးဆောင်သည့် SpaceX ကုမ္ပဏီက မြန်မာနိုင်ငံ၏ ဥပဒေမဲ့ဒေသ တစ်ခုတွင် လည်ပတ်နေသော ဆိုက်ဘာလိမ်လည်မှု ဂိုဏ်းများ
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပေါ် အထူးစိုးရိမ်တယ်လို့ KIO ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 52 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အခုနှစ်ကုန် ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် အထူးစိုးရိမ်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲပြုလုပ်ဖို့
မြန်မာသတင်း

PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်မရဘူးလို့ သတင်းထွက်ပေါ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 41 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ‌ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဝင်ပြိုင်ခွင့်မရဘူးဆိုပြီး ‌သတင်းတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)မှာ ဝင်ပြိုင်ဖို့ရှိနေပေမယ့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အမည်စာရင်းမှာ ပါဝင်လာတာမရှိဘူးလို့ ဆိုပါတယ်။ အခုလို
မြန်မာသတင်း

ကျားဖြန့်‌(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 27 Views
အောက်တိုဘာလ (၂၅)ရက်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်တဲ့ဖြစ်စဉ်တွေဟာ ဒေသထဲပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်၊ ယုတ်လျော့စေရုံသာမက ဦးစီးလုပ်ကိုင်သူတွေဟာ လူဆိုးဂိုဏ်းကြီးတွေအနေနဲ့ ကြီးထွားလာပြီး နိုင်ငံတကာအသိုက်အဝိုင်းရဲ့ အကျိုးစီးပွားကိုပါ ထိပါးလာတယ်လို့