နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဟိုပန်မြို့မှာ ဓါးပြတိုက်သတ်ဖြတ်ခဲ့သူကို “ဝ”က လူမြင်ကွင်းရှေ့ ပထမဆုံးအကြိမ် သေဒဏ်ချမှတ်

အောက်တိုဘာလ (၃၀)ရက်။

ဒီကနေ့ ဟိုပန်မြို့ရှိ ယဉ်ကျေးမှုကွင်းမှာ ဓါးပြတိုက်ပြီး လူသတ်မှုကျူးလွန်တဲ့ လူငယ်အမျိုးသားတစ်ဦးကို “ဝ”တပ်ဖွဲ့ UWSA က လူမြင်ကွင်းမှာ သေဒဏ်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၃)ရက်နေ့က ဟိုပန်မြို့ထဲရှိ ကုန်စုံဆိုင်တဆိုင်ကို အသက်(၂၀)ဝန်းကျင်ရှိ မောင်စိုင်းကျော်ထွန်းက ဓါးပြတိုက်ခဲ့ကာ အသက်(၈)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“လူထုရှေ့ သေဒဏ်ချမှတ်တာက “ဝ”ရဲ့ အရင်ကထဲက ကျင့်သုံးလာတဲ့ မူဝါဒကို ကျင့်သုံးလာတာပါ။ လူထုကို ပညာပေးတဲ့နေရာပါ။ အခုက သေဒဏ်ပဲ ချမှတ်တာပါ။ လူထုရှေ့ မကွက်မျက်ပါဘူး”လို့ “ဝ”ပြည်သူ့အစိုးရတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဓါးပြတိုက်ကာ ကလေးငယ်သေဆုံးခဲ့တဲ့ဖြစ်စဉ်က ပြစ်မှုကျူးလွန်သူကို (၂)လအကြာမှာ “ဝ”ပြည်သူ့အစိုးရ တရားရေးဌာနက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ဟိုပန်မြို့မှာ ပထမဆုံးအကြိမ် သေဒဏ်ချမှတ်တာလည်းဖြစ်ပါတယ်။

အခုလို ပြစ်မှုကျူးလွန်သူကို ‌လူမြင်ကွင်းရှေ့ သေဒဏ်ချမှတ်ခဲ့ပေမယ့် ကွက်မျက်တာမဟုတ်ဘဲ ကွက်မျက်မယ့်နေရာနဲ့ ပုံစံတို့ကို တရားရေးဌာနက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဓါးပြတိုက်လူသတ်မှုကျူးလွန်သူကို သေဒဏ်ချမှတ်တဲ့ ဒီကနေ့မှာပဲ မုဒိန်းမှုကျူးလွန်သူ (၆)ဦးကို တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ် (၁၅)နှစ် ချမှတ်ခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

ဟိုပန်မြို့ဟာ “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းမှာ ညီနောင်မဟာမိတ် (၃)ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် “ဝ”တပ်ဖွဲ့ UWSA ရဲ့ ထိန်းချုပ်မှုအောက်ကို လွှဲပြောင်းပေးခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 114 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 87 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို