နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

အာရှ

အာရှ

တော်ဝင်ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို အဆုံးသတ်ရန် ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ထိုင်းတရားရုံးက အမိန့်ပေး

ဇန်နဝါရီ (၃၁) ရက်၊ ဘန်ကောက်။

နိုင်ငံ၏နာမည်ဆိုးဖြင့်ကျော်ကြားသော တင်းကျပ်သောတော်ဝင်အသရေဖျက်မှုဥပဒေအား ပြင်ဆင်ရန်ကြိုးစားမှုကို ရပ်တန့်ရန် နိုင်ငံတော်၏ ရေပန်းအစားဆုံး နိုင်ငံရေးပါတီအား ဗုဒ္ဓဟူးနေ့တွင် အခြေခံဥပဒေတရားရုံးက အမိန့်ပေးခဲ့ပြီး အားကောင်းမောင်းသန်ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ထောက်ခံသူများ၏ မျှော်လင့်ချက်ကို ဖြိုခွင်းခဲ့သည်။ ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးရရှိခဲ့သည့် တိုးတက်သော Move Forward ပါတီကို ဘန်ကောက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဘုရင်ကိုကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြင်ဆင်ရန် စည်းရုံးလှုံ့ဆော်မှုမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့သည်ဟုဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးချုပ်လောင်း ပီတာအပါအဝင် ၎င်း၏ခေါင်းဆောင်များသည် Move Forward ကို အုပ်ချုပ်ခဲ့ပြီး၊ ၎င်းတိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့ကြသည်ဟု စွပ်စွဲခံခဲ့ရသည်။ အာဏာသိမ်းမှုသည် အရှေ့တောင်အာရှနိုင်ငံများ၏ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုအတွက် ထိုးနှက်ချက်အဖြစ် ယူဆကြပြီး အပြောင်းအလဲအတွက် မဲပေးခြင်းဖြင့် ရှေးရိုးဆန်သော၊ စစ်တပ်ကျောထောက် နောက်ခံပြုသော တည်ထောင်မှုကို လုပ်ဆောင်ရန် လူငယ်သန်းပေါင်းများစွာ၏ ရည်မှန်းချက်ကို ချေမှုန်းပစ်ခဲ့သည်။

ထိုင်းနိုင်ငံ၏ နောက်ဆုံးရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသောပါတီကို ဖျက်သိမ်းကာ ခေါင်းဆောင်များကို နိုင်ငံရေးတွင် ပါဝင်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း၊ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်မှုများဖြင့် ပြုလုပ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုကြသည်။ ၎င်း၏စီရင်ချက်တွင် Move Forward ဥပဒေပြုအမတ် အများအပြားသည် ဘုရင့်ချီးမြှောက်ခြင်းဆိုင်ရာဥပဒေကို ဖျက်သိမ်းရန်၊ တော်ဝင်အသရေဖျက်မှုဥပဒေဖြင့် စွဲချက်တင်ခံရခြင်း သို့မဟုတ် ယင်းဥပဒေအရ တရားစွဲဆိုခံထားရသော အခြားသူများကို အာမခံပေးရန် ၎င်းတို့၏ရာထူးကို အသုံးပြုခဲ့သည်ဟု တရားရုံးက ပြောကြားခဲ့သည်။ တရားရုံးသည် ပါတီအား “ဘုရင့်ဥပဒေအား ဖျက်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် အပြောအဆို၊ ရေးသားခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် ကြော်ညာခြင်း သို့မဟုတ် အခြားပုံစံဖြင့် ဖော်ပြခြင်းတို့ကို ရပ်တန့်ရန်” အမိန့်ပေးခဲ့သည်။ ယခု စီရင်ချက်သည် မည်သည့်ပါတီ သို့မဟုတ် ပုဂ္ဂိုလ်ကမှ အခြေခံဥပဒေကို ချိုးဖောက်ပြီး ပုဒ်မ ၁၁၂ ဟု ခေါ်သော ဘုရင့်ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို တရားဝင်ပြုပြင်ပြောင်းလဲရန် ကြိုးစားခြင်း၊ တိုက်တွန်းခြင်း မပြုလုပ်နိုင်ရန် ထိုစီရင်ချက်က တားမြစ်လိုက်သည်။

“ဒါက ဘုရင့်ကာကွယ်ရေးဥပဒေကို ဘယ်သူကမှ မထိရဘူးဆိုတဲ့သဘော ဖြစ်လာတယ်” ဟု သာမာဆတ်တက္ကသိုလ် ဥပဒေဌာနမှ တွဲဖက်ပါမောက္ခ Munin Pongsapan က ပြောသည်။ “ပြင်ဆင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖယ်ရှားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး၏ အာဏာနှင့် စီရင်ပိုင်ခွင့်ကို လျော့ပါးစေမည့် အသစ်တစ်ခု ရေးဆွဲရန်ဖြစ်သည်။”

ယင်းစီရင်ချက်သည် “ပါလီမန်၏ အချုပ်အခြာအာဏာ ဥပဒေပြုရေးအာဏာကို ဝင်ရောက်စွက်ဖက်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်မည်” ဟု Munin က ထပ်လောင်း ပြောကြားခဲ့သည်။

စီရင်ချက်မချမီတွင် Move Forward ပြောရေးဆိုခွင့်ရှိသူ ပရစ် ဝါချာရာဆင်ဒူ (Parit Wacharasindhu) က CNN အား အဆိုပါစီရင်ချက်သည် “ရေရှည်ရှုပ်ထွေးမှုများ သို့မဟုတ် အနာဂတ်တွင် လွှတ်တော်အမတ်များနှင့် နိုင်ငံရေးသမားများ၏ ဆောင်ရွက်ချက်များအပေါ် ကန့်သတ်ချက်များထားရှိနိုင်သည်” ဟု ပြောကြားခဲ့သည်။

သို့သော် Move Forward လွှတ်တော်အမတ် Wiroj Lakkhanaadisorn က ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို ပါတီသည် မည်သို့ပင်ဖြစ်စေ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင် ပြောကြားခဲ့သည်။

“ပါတီ ဖျက်သိမ်းခံရမည့်အရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ဖူးပါဘူး၊ စိတ်ထဲမှာ ‘ပါတီ’ ဆိုတဲ့ စကားလုံးဟာ အယူဝါဒတခုလို ဖြစ်လာနေပြီ ဖြစ်တဲ့အတွက် ပခုံးတွန့်ပြီး မမှုကြောင်းပြလိုက်ရုံပါပဲ။ ဖျက်သိမ်းလည်း ကျွန်တော်တို့က ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အတင်းကျပ်ဆုံး တော်ဝင်ဥပဒေအချို့ရှိပြီး ဘုရင်၊ မိဖုရား သို့မဟုတ် အမွေဆက်ခံသူအား ဝေဖန်ခြင်းသည် ပြစ်မှုတစ်ခုစီအတွက် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။ ၎င်းသည် တော်ဝင်မိသားစုအကြောင်းကိုပင် စွန့်စားပြောဆိုလာစေသည်။

အသရေဖျက်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူများအတွက် ထောင်ဒဏ်များသည် ဆယ်စုနှစ်များစွာကြာနိုင်ပြီး မကြာသေးမီနှစ်များအတွင်း လူရာနှင့်ချီ၍ တရားစွဲဆိုခံခဲ့ရသည်။

ယခုလအစောပိုင်းတွင် ထိုင်းအယူခံတရားရုံးက အမျိုးသားတစ်ဦးအား ဘုရင်စနစ်ကို စော်ကားမှုအတွက် စံချိန်တင် ထောင်ဒဏ် အနှစ် ၅၀ တိုးမြှင့်ခဲ့ပြီး၊ ဘုရင်ကာကွယ်ရေးဥပဒေအရ ချမှတ်ဖူးသမျှ အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်သည်ဟု ယူဆရသည်။

Move Forward က ဘုရင်အသရေဖျက်သော ထောင်ဒဏ်များကို လျှော့ချပြီး အမှုကို တရားရုံးသို့မည်သူက တင်နိုင်သည်ဆိုသည့်အချက်ကို ကန့်သတ်ရန် ကတိပြုခဲ့သည်။ သာမန်နိုင်ငံသားများအပါအဝင် မည်သူမဆို၊ အမှုတွင် တိုက်ရိုက်မပတ်သက်လျှင်ပင် ဘုရင်ကိုယ်စား အသရေဖျက်မှု စွဲချက်တင်နိုင်သည်။

ထိုင်းအစိုးရအား ဝေဖန်သူများကို နှုတ်ပိတ်ရန် ဘုရင့်ကာကွယ်ရေးဆိုင်ရာ ဥပဒေအား နိုင်ငံရေးလက်နက်သဖွယ်အဖြစ် အသုံးပြု နေခြင်းကိုလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် လွတ်လပ်စွာပြောဆိုခွင့် လှုပ်ရှားသူများက နှစ်ပေါင်းများစွာဝေဖန် ပြောဆိုခဲ့ ကြသည်။

ချူလာလောင်ကွန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် သစ်တီနန် ပေါင်ဆပ်ဟီရပ်ခ်Thitinan Pongsudhirak က ဗုဒ္ဓဟူးနေ့၏ စီရင်ချက်သည် “ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအမိန့်တွင် ဘုရင်စနစ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်” ဟု ပြောကြားခဲ့သည်။

တရားရုံး၏ဆုံးဖြတ်ချက်သည် ဘုရင့်ကာကွယ်ရေးဆိုင်ရာ ဥပဒေကို တာဝန်ခံမှု ဘောင်ထက်ကျော်လွန် ပေးထားခြင်းသည် ထိုင်းနိုင်ငံသည် လူများထောက်ခံသော တရားဝင်ပြဌာန်းထားသည့် အခြေခံဥပဒေအောက်တွင် စီမံခန့်ခွဲနေခြင်း မဟုတ်ဘဲ ဘုရင့်အမိန့်အောက်မှသာ စီမံခန့်ခွဲနေသလိုဖြစ်စေခဲ့သည်ဟု ဆိုသည်။

Move Forward ကို တရားစွဲခြင်းသည် တင်းမာမှုများ တိုးလာစေပြီး ပြုပြင်ပြောင်းလဲရေးနှင့် တိုးတက်မှုအတွက် တောင်းဆိုမှုများ တိုးပွားလာခြင်းဖြင့် ဘုရင်စနစ်တည်ထောင်ထားမှုနှင့်ထိပ်တိုက်တွေ့မှု ဖြစ်စေနိုင်သည်ဟု သစ်တီနန် က ပြောကြားခဲ့သည်။ အလားတူ တရားရုံး၏ စီရင်ချက်အပေါ် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

တားမြစ်ခံထားရသည့် အကြောင်းအရာတစ်ခုဖြစ်သည့် တော်ဝင်ပြုပြင်ပြောင်းလဲမှုနှင့် ချီးမြှောက်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန်ကြိုးစားသည့်ပြဿနာသည် ၂၀၂၀ ခုနှစ်တွင် ကြီးမားသော လူငယ်များဦးဆောင်သော ဆန္ဒပြပွဲများနောက်ပိုင်း ထိုင်းနိုင်ငံတွင် နိုင်ငံရေး အချိုးအကွေ့တစ်ခုဖြစ်လာခဲ့ပြီး ဘုရင်စနစ်နှင့်ပတ်သက်၍ လူအများက တရားဝင်အန္တရာယ်များကြားမှ ပွင့်လင်းမြင်သာစွာဝေဖန် ပြောဆိုလာကြခြင်းဖြစ်သည်။

ရာနှင့်ချီသော လူငယ်အများစုသည် နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင် လမ်းများပေါ်ထွက်ကာ ဒီမိုကရေစီ၊ စစ်တပ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပြင် အာဏာအလွန်အကျွံပေးထားသော ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးများကို တောင်းဆိုခဲ့ကြသည်။

မြင့်မြတ်သော ဧကရာဇ်စနစ်ကို ပြည်သူများက စိစစ်ဝေဖန်ခြင်းမှ ဘုရင်ကိုအကာအကွယ်ပေးသော အယူအဆကို ထိုင်းမျိုးဆက်သစ် လူငယ်များက ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း စိန်ခေါ်ခဲ့သည်။

ဆယ်စုနှစ် ခုနစ်ခုကြာ စိုးစံခဲ့သော ခမည်းတော် ဘူမိဘော အဒူလျာဒက် ကွယ်လွန်ပြီးနောက် ၂၀၁၆ ခုနှစ်တွင် မဟာဝိဇယလောင်ကွန်း နန်းတက်ခဲ့သည်။ တော်ဝင်ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုဆန္ဒပြသူများသည် ဘုရင့်ကာကွယ်ရေးဆိုင်ရာဥပဒေကို ဖျက်သိမ်းလိုကြပြီး ဘုရင်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ မှန်ကန်ကြောင်း သေချာစေရန်အတွက် ဆန္ဒပြသူများသည် ဗာဂျီရာလောင်ကွန်း၏ များပြားသောကြွယ်ဝမှုနှင့် တန်ခိုးအာဏာကို စိစစ်နေပါသည်။

Source: CNN

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း “ အာဏာရှင် ဥပဒေကို ဖျက်သိမ်းမည်” ဟူသော စာသားပါသော စာတမ်းကို ဒီမိုကရေစီ လိုလားသူ ဆန္ဒပြသူတစ်ဦး ကိုင်ဆောင်ထားသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ ဆန္ဒပြပွဲတစ်ခု၌ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူတစ်ဦးအား ရဲများက ဝိုင်းရံထားသည်။ Stringer/Anadolu Agency/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အာရှ

စစ်ကောင်စီနဲ့ MNDAA အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ပြီလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 23 Views
ဇန်နဝါရီလ (၂၀) ရက်။ မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့သည် စနေနေ့က စတင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို
နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်ကာကွယ်ရေးဝန်ကြီးလောင်း ဟက်ဆက်ကို အာဆီယံအကြောင်းမေးရာ မဖြေနိုင်သဖြင့် အိမ်စာလုပ်ဖို့ ပြောဆိုခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 22 Views
ဇန်နဝါရီ (၁၆) ရက်၊ ထရမ့်အစိုးရအသစ်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ ပီဟက်ဆက် (Pete Hegseth) ကို အတည်ပြုပေးနိုင်ဖို့ ဆီးနိတ်မှာ
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မီဇိုရမ်ပြည်နယ်မှာ CNF ခေါင်းဆောင်အပါအဝင် (၅) ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိဟု မီဇိုရမ်ရဲတပ်ဖွဲ့ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 34 Views
ဇန်နဝါရီလ (၁၆) ရက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် ပူးဘီလ်ကျုံး (Pu Bil Cung) အပါအဝင် ၅ ဦးကို လက်နက်ခဲယမ်းနဲ့အတူ မီဇိုရမ်ရဲတပ်ဖွဲက ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲက
နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတဖမ်းဆီးထိန်းသိမ်းခံရတဲ့ဖြစ်စဉ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 34 Views
စစ်အုပ်ချုပ်ရေးကြေညာမှုဖြစ်စဉ်မှာ အပြစ်ရှိတယ်လို့ စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုလ်ဟာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး တောင်ကိုရီးယားသမိုင်းမှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ပထမဆုံးအဖမ်းခံရတဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ ယွန်ဆွတ်ယိုဟာ ပြီးခဲ့တဲ့လအတွင်းက တိုင်းပြည်ကို အရေးပေါ်မာရှယ်လောထုတ်ပြန်ကြေညာကာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ရှောင်ရှားဖို့အတွက် နေအိမ်မှာ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

TikTok ကို အီလွန်မက်စ်ထံ ရောင်းချတော့မှာလား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 36 Views
အမေရိကန်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ TikTok ရဲ့ ပိုင်ရှင်သစ်အဖြစ် ဘီလျံနာ အီလွန်မက်စ် မကြာခင်မှာ ဖြစ်လာဖွယ်ရှိနေပါတယ်။ တရုတ်အာာဏာပိုင်တွေဟာ TikTok လူမှုကွန်ယက် App ကို အမေရိကန်ဘီလျံနာ အီလွန်မက်စ်ထံ ရောင်းချခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။
နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံတွင် ကျောင်းသားတယောက် ပြုတ်ကျသေဆုံးမှုဖြစ်ပြီးနောက် ဆန္ဒပြပွဲများ အကြမ်းဖက်အသွင်‌ပြောင်းလာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 48 Views
ဇန်နဝါရီလ (၁၂) ရက်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဇီ (Shaanxi) ဒေသမှ ဗီဒီယိုများတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး သေဆုံးပြီးနောက် အာဏာပိုင်များက ဖုံးကွယ်ထားသည်ဟု စွပ်စွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် ပြင်းထန်သော ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အာရှ

သမ္မတ ဇလန်းစကီးက “ ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားနှစ်ယောက်” ဓာတ်ပုံတွေကို ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 45 Views
ဇန်နဝါရီလ (၁၁) ရက်။ ဇန်နဝါရီလ (၁၁) ရက်နေ့က ယူကရိန်းသမ္မတ ဇလန်းစကီးက “ ကျွန်တော်တို့ရဲ့ စစ်သားတွေက မြောက်ကိုရီးယားစစ်သားနှစ်ဦးကို အရှင်ဖမ်းမိပြီ” ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။ အဲ့ဒီမြောက်ကိုရီးရားစစ်သားတွေကို Kursk ဒေသမှာ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

ဂျပန်နိုင်ငံသံမဏိကုမ္ပဏီကြီး နိပွန်းစတီးလ် (Nippon Steel) ဘိုင်ဒင်အစိုးရက အမေရိကန်သံမဏိလုပ်ငန်းအား ဝယ်ယူမှုကို ပိတ်ဆို့ရန် ဆုံးဖြတ်ချက်အတွက် အမေရိကန်အစိုးရကို တရားစွဲမည်ဟု ဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 64 Views
ဇန်နဝါရီလ (၉) ရက်။ နိပွန်းစတီးလ်က ဒေါ်လာဘီလီယံပေါင်းများစွာပေး၍ ဝယ်ရန်အဆိုပြုထားသည့် အရှုံးပြ ရုန်းကန်နေရသည့် အမေရိကန်သံမဏိကုမ္ပဏီ (US Steel) ကို ပြီးခဲ့သည့် သီတင်းပတ်က သမ္မတဂျိုးဘိုင်ဒင်က ပိတ်ဆို့ခဲ့ခြင်းကြောင့် အမေရိကန် အစိုးရအား တရားဥပဒေအရ အရေးယူရန်