နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထရမ့်၏သမတဒုတိယသက်တမ်း လက်ထက်တွင် ပါကစ္စတန်က ကျွမ်းကျင်သော သံတမန်ရေး၊ အဖိုးတန် မြေရှားသတ္တုနှင့် ချီးမွမ်းဂုဏ်ပြုမှုတို့ဖြင့် ဆက်ဆံရေး အောင်မြင်စွာ တည်ဆောက်ထားသည်

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ဂါဇာအပစ်အခတ် ရပ်စဲရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များရှေ့တွင် အောင်ပွဲခံနေစဉ်၊ ပါကစ္စတန် စစ်တပ်၏ အကြီးအကဲဖြစ်သူ စစ်သေနာပတိချုပ် အာဆင် မူနီယာအား “သူ၏ အချစ်ဆုံး စစ်သေနာပတိ” ဟု ခေါ်ဝေါ်ခဲ့ သည်။ ထို့နောက် ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘာဇ် ရှရစ်ဖ်ကလည်း ထရမ့်အား ငြိမ်းချမ်း ရေး နိုဘယ်ဆု ထပ်မံ အမည်စာရင်း တင်သွင်းရန် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။

လွန်ခဲ့သော တစ်နှစ်ခန့်က အမေရိကန်သည် ပါကစ္စတန်၏ မတည်ငြိမ်မှုများနှင့် တရုတ်နှင့် နီးစပ်မှုကြောင့် ဆက်ဆံရေး တင်းမာခဲ့သည်။ သမ္မတဟောင်း ဂျိုးဘိုင်ဒန်သည် ဝန်ကြီးချုပ်များကို ဖုန်းပင် မခေါ်ခဲ့ပေ။

သို့သော် ထရမ့် ၂.၀ လက်ထက်တွင် ပါကစ္စတန်သည် အောင်မြင်သော သံတမန်ရေးကို ကျင့်သုံးခဲ့သည်။
အချက်အလက်များ- ပါကစ္စတန်ခေါင်းဆောင်များသည် အိမ်ဖြူတော်သို့ မကြာခဏ သွားရောက်ခဲ့ရပြီး၊ အမေရိကန်လုပ် Raytheon ဒုံးကျည်အသစ်များ ရရှိရန် မျှော်လင့်နေသည်။ ပြိုင်ဘက် အိန္ဒိယထက် အခွန်လျှော့ချမှုများလည်း ရရှိခဲ့သည်။

အောင်မြင်မှု၏သော့ချက်များ-
မြေရှားသတ္တု (Rare Earths)- တရုတ်မှ ထိန်းချုပ်မထားသော အဖိုးတန် မြေရှားသတ္တုများ (Critical Minerals) ကို အမေရိကန်သို့ အခွင့်ထူးပေး၍ ရယူခွင့်ပြုရန် ကမ်းလှမ်းခဲ့ခြင်း။ ပါကစ္စတန်၏ သတ္တုသိုက် ကြွယ်ဝမှုမှာ ဒေါ်လာ ၈ ထရီလီယံခန့် ရှိသည်ဟု ခန့်မှန်းရသည်။

ချီးမွမ်းဂုဏ်ပြုခြင်း- ထရမ့်အား အမြဲတမ်း ချီးမွမ်းထောပနာပြုခြင်း။
စစ်သေနာပတိချုပ်၏ အခန်းကဏ္ဍ စစ်တပ်အကြီးအကဲ စစ်သေနာပတိချုပ် အာဆင် မူနီယာ (Field Marshal Asim Munir)သည် ဆက်ဆံရေး တိုးတက်ရာတွင် အဓိကကျသူဖြစ်သည်။ မေလက အိန္ဒိယနှင့် ပဋိပက္ခ ဖြစ်ပွားစဉ် ရပ်တန့်ပေးရန် ထရမ့်က ကြိုးပမ်းခဲ့ပြီးနောက်၊ ပါကစ္စတန်က ထရမ့်၏ ဆောင်ရွက်မှုကို ချက်ချင်း ထောက်ခံခဲ့ကာ ထရမ့်အား နိုဘယ်ဆု အတွက် ပထမဆုံး အမည်စာရင်း တင်သွင်းခဲ့သည်။ မူနီယာသည် ထရမ့်နှင့် နေ့လယ်စာ အတူစားရန် အိမ်ဖြူတော်သို့ အရပ်ဘက်အရာရှိများ မပါဘဲ သီးသန့် သွားရောက်ခဲ့သူ ဖြစ်သည်။ “ထရမ့်က အောင်မြင်သူတွေကို ကြိုက်တယ်” ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

အိန္ဒိယ၏ ဒေါသ ပါကစ္စတန်၏ သံတမန်ရေးရာ အောင်ပွဲသည် ဈေးပေါသော ရုရှားရေနံကို ဆက်လက်ဝယ်ယူနေသည့် အိန္ဒိယကို ဒေါသထွက်စေပြီး၊ အိန္ဒိယသည် အမေရိကန်၏ ကြီးမားသော အခွန်နှုန်းထားများဖြင့် ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။

ကန့်သတ်ချက် မည်သို့ပင်ဆိုစေကာမူ ဤဆက်ဆံရေးသည် ထရမ့်၏ စိတ်ဆန္ဒ ပေါ်တွင်သာ မူတည်နေသည်ဟု သံတမန်ဟောင်း ဟူစိန် ဟက်ကာနီက မှတ်ချက်ပြုသည်။ “ထရမ့်က သူ့ကို ပါကစ္စတန်က ကြိုက်ပြီး ချီးမွမ်းနေတာတွေလုပ်နေတဲ့အတွက်ကြောင့် အခု ပါကစ္စတန်ကို ကြိုက်နေတာပဲ” ဟု ဆိုသည်။

ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က တနင်္လာနေ့က အီဂျစ်နိုင်ငံ ရှမ် အယ်ရှိတ်(Sharm el-Sheikh) တွင် ကျင်းပတဲ့ ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ကြေညာချက်ထုတ်တာကို နားထောင်နေပုံ (ဓါတ်ပုံ)

ပါကစ္စတန် စစ်သေနာပတိချုပ် အာဆင် မူနီယာကိုပြည်သူများကထောက်ခံအားပေးနေပုံ (ဓါတ်ပုံ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပါကစ္စတန် ၀န်ကြီးချုပ် Shehbaz Sharif နှင့် Field Marshal Asim Munir တို့နှင့် စက်တင်ဘာ ၂၅ ရက်က ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့စဥ် ပါကစ္စတန် နိုင်ငံထွက် တွင်းထွက်များကိုပြသပြီးလက်ဆောင်ပေးခဲ့စ်။ (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက