နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

အမေရိကန်လက်နက်များအသုံးပြု၍ ရုရှားနိုင်ငံအတွင်း ယူကရိန်းကတိုက်ခိုက်ခွင့်ရရှိ။

သမတဘိုင်ဒင်သည် ရုရှားနိုင်ငံအတွင်း အမေရိကန်လက်နက်များအသုံးပြု၍ ကန့်သတ်တိုက်ခိုက်မှုများပြုလုပ်ရန် ယူကရိန်းကို ခွင့်ပြုချက် ပေးလိုက်သည်။ ဂျိုးဘိုင်ဒင်က ရုရှားပိုင်နက်အတွင်း အမေရိကန် လက်နက်ခဲယမ်းများ အသုံးပြုတိုက်ခိုက်ခြင်းကို အကန့်အသတ်ဖြင့်ခွင့်ပြုသော်လည်း ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ခါကိဗ့်မြို့တစ်ဝိုက်တွင် ရုရှားတပ်၏ သိသာထင်ရှားသော ရှေ့တိုးလာမှုများ ပြုလုပ်လာပြီးနောက် ခါကိဗ့် နှင့် နီးသော နယ်စပ်ရှိရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်မည်ဖြစ်သည် ဟု အမေရိကန်အရာရှိ နှစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ “ ယူကရိန်းက အမေရိကန်ထောက်ပံ့ပေးထားတဲ့ လက်နက်တွေနဲ့ ခါကိဗ့် ကနေ တန်ပြန်ပစ်ခတ်တဲ့ နိုင်ဖို့အတွက် သုံးခွင့်ကို သမ္မတက သူ့အဖွဲ့ကို မကြာသေးခင်ကပဲ ပေးလိုက်တာကြောင့် ယူကရိန်းက ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်တာ ဒါမှမဟုတ် တိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်” ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကန့်သတ်ချက်များ ဖြေလျှော့မှုသည် ကာလရှည်ကြာ ပေါ်လစီချမှတ်ထားခြင်းမှ ပြောင်းလဲခြင်းဖြစ်ပြီး ရင်းနှီးသော အမေရိကန် မဟာမိတ်များထံမှ နိုင်ငံတကာ ဖိအားများ တိုးလာနေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် ၎င်းသည် ခါကိဗ့် ဝန်းကျင်ဧရိယာတွင်သာ ကန့်သတ်ထားပြီး ယူကရိန်းက ယင်းထက်ကျော်လွန်၍ ခွင့်ပြုချက်မတောင်းခဲ့ကြောင်း၊ နယ်မြေချဲ့ထွင် ပစ်ခတ်တိုက်ခိုက်ရန် အမေရိကန်က ခွင့်ပြုမည်ကို ၎င်းတို့ မျှော်လင့်မထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့များက ရှေ့တိုး ထိုးစစ်ဆင်နေသောကြောင့် လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ၎င်း၏မူဝါဒကို ပြောင်းလဲရန် ဝါရှင်တန်အား တောင်းဆိုခဲ့ကြောင်း ကိ့ဗ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုအခါ ခါကိဗ့်မှ နယ်စပ်ဖြတ်ကျော်ကာ အမေရိကန်မှ ပံ့ပိုးပေးသော အမြောက်များနှင့် ဒုံးကျည်များဖြင့် ရုရှားနိုင်ငံအနောက်ပိုင်း ရုရှားတပ်ဖွဲ့များ၊ ခဲယမ်းမီးကျောက်များ သိုလှောင်ရုံများနှင့် ထောက်ပံ့ပို့ဆောင်ရေးဗဟိုဌာနများကို ပစ်မှတ်ထားပစ်ခတ် နိုင်ပြီဖြစ်သည်။

ယူကရိန်းအစိုးရသည် အမေရိကန်ပေးအပ်ထားသည့် ကြောက်မက်ဖွယ်အကောင်းဆုံး မိုင် ၂၀၀ သို့မဟုတ် ၃၀၀ ကီလိုမီတာအကွာမှ ပစ်မှတ်များကို ထိမှန်နိုင်သော ATACMS ဟု လူသိများသော တာဝေးပစ်ဒုံးကျည်များကိုရုရှားနိုင်ငံတွင်းသို့ပစ်ခတ်ရန် အသုံးပြုခွင့်ကို မပြုရန် အခိုင်အမာ ချမှတ်ထားသည်။ ယူကရိန်းနှင့် ရုရှားလေပိုင်နက်နှစ်ခုစလုံးတွင် ပျံသန်းနေသော ရုရှားလေယာဉ်များ၏ ခြိမ်းခြောက်မှုကို ချေမှုန်းရန်အတွက် ယူကရိန်းသည် အမေရိကန်၏ လေယာဉ်ပစ်လက်နက်များကို အသုံးပြုခွင့်ပေးထားပြီး အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြောင်း ပထမဆုံး တာဝန်ရှိသူက အလေးပေးပြောကြားခဲ့သည်။ သို့သော် အဆိုပါ တားမြစ်ချက်သည် ရုရှားနိုင်ငံအတွင်း မြေပြင်ရှိ ရုရှားလေယာဉ်များကို ပစ်မှတ်ထားခြင်းကို မူ ယူကရိန်းကို ပိတ်ဆို့ထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က ၎င်း၏ရပ်တည်ချက်ကို “လိုက်လျောညီထွေဖြစ်အောင်ချိန်ညှိ” နိုင်ကြောင်း မှတ်ချက်ပေးခဲ့ပြီး အစိုးရအဖွဲ့ မှ လိုလားစွာ ပြောင်းလဲရန် ဆန္ဒရှိကြောင်း လူသိရှင်ကြား အချက်ပြခဲ့သည်။ ယူကရိန်းအတွက် အမေရိကန်ထောက်ခံမှု၏သင်္ကေတတစ်ခုကတော့ “အခြေအနေတွေ ပြောင်းလဲလာသလို စစ်မြေပြင်မှာ လိုက်လျောညီထွေဖြစ်အောင် ဖြစ်စေဖို့ပါပဲ၊ ရုရှားက သူ့ရဲ့ ရန်လိုမှု တိုးမြင့်လာမှုကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး ပြောင်းလဲသွားသလို၊ ကျွန်တော်တို့လည်း လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားပါတယ်” ဟု ဘလင်ကန် မှ ဗုဒ္ဓဟူးနေ့တွင် မော်လ်ဒိုဗာသို့ သွားရောက်ခဲ့စဉ်ကပြောကြားခဲ့သည်။ “ ကျွန်တော်တို့ ဒီလိုပဲဆက်လုပ်နေနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုဘလင်ကန်ကဆိုသည်။

ယခင်နေ့များက ဥရောပခေါင်းဆောင်များသည်သူတို့၏ရပ်တည်မှုအနေအထားပြောင်းလဲသွားကြောင်းအချက်ပြခဲ့သည်။ ဂျာမန်အဓိပတိ အိုလက်ဖ်ရှော့ဇ် (Olaf Scholz) နှင့်အတူ အင်္ဂါနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြင်သစ်သမ္မတ အီမယ်နျူရယ်မက်ခရွန် (Emmanuel Macron) က တာဝေးပစ်ဒုံးကျည်များအပါအဝင် ယူကရိန်းသို့ ပေးပို့သော ပြင်သစ်လက်နက်များကို ရုရှားနိုင်ငံအတွင်းရှိ အခြေစိုက်စခန်းများကို ပစ်မှတ်ထားရန် ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။ “ ရုရှားရှိ အခြေစိုက်စခန်းများမှ ယူကရိန်းမြေပြင်ကို တိုက်ခိုက်နေတယ် ” ဟု မက်ခရွန် က ဂျာမနီ နိုင်ငံ ဘရင်ဒင်ဘာဂ့် (Brandenburg)အရပ် ရှိ ရှလော့စ် မီစီဘာဂ့် (Schloss Meseberg) သို့သွားရောက်လည်ပတ်စဉ်တွင်ပြောကြားခဲ့သည်။

“ဒါဆို လက်ရှိမှာ ခါကိဗ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတာကိုငါတို့ကမြင်နေရပြီး ငါတို့ကသူတို့မြို့ရွာတွေကို အကာအကွယ်ပေးမယ်လို့လဲဆိုထားတယ် သူတို့ကို ပစ်မှတ်ထားပြီး ဒုံးပျံတွေနဲ့ ပစ်နေတဲ့နေရာတွေကို သူတို့က ပြန်ပစ်ခွင့်မပြုဘူး လို့ဆိုရင် ယူကရိန်းတွေကိုငါတို့ကဘယ်လိုရှင်းပြရမှာလဲ?”

ဟုငြင်းချက်ထုတ်ခဲ့သည်။

“သူတို့ဆီကို ဒုံးကျည်တွေ ပစ်လွှတ်နေတဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကို ပျက်ပြယ်အောင်သူတို့ကို လုပ်ခွင့်ပေးသင့်တယ်လို့ ကျနော်တို့ ထင်ပါတယ်” ဟု မက်ခရွန် မှ ဆက်လက် ပြောကြားခဲ့သည်။ ဂျာမနီမှ စလော့ဇ် မှ မက်ခရွန် ၏ မှတ်ချက်ကို ပဲ့တင်ထပ်ပြီး ယူကရိန်းသည် အမေရိကန်အပါအဝင် နိုင်ငံတကာဥပဒေနှင့် လက်နက်ထောက်ပံ့သည့်နိုင်ငံများမှ သတ်မှတ်ပေးအပ်ထားသော အခြေအနေများကို လေးစားလိုက်နာပြီး မိမိကိုယ်ကို ခုခံကာကွယ်ရန် ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းပိုင်နက်ထဲသို့ အမေရိကန်လက်နက်များဖြင့် ပစ်ခတ်ခြင်းမပြုရန် ကနဦးကန့်သတ်ချက်များသည် စစ်ပွဲနှင့်ပတ်သက်ပြီး ဘိုင်ဒင် အစိုးရ၏ စိုးရိမ်ပူပန်မှုများတွင် အမြစ်တွယ်နေခဲ့သည်။ ယင်းစိုးရိမ်မှုများ ရှိနေသော်လည်း ယူကရိန်းအစိုးရက ခါကိဗ်ကို ကာကွယ်ရန် လိုအပ်ကြောင်း ပြတ်သားစွာ ကိုးကားပြောကြားလာပြီးနောက် ဥရောပ မဟာမိတ်များကလည်း မူလရပ်တည်မှုကို ပြောင်းလဲလာကာ နေတိုး ခေါင်းဆောင်များက ယင်းကဲ့သို့ ပြန်လှန် တိုက်ခိုက်မှုများကို ခွင့်ပြုရန် အမေရိကန်အား တိတ်တဆိတ် တိုက်တွန်းခဲ့သည်။

ဘလင်ကန် သည် ယခုလအစောပိုင်းတွင် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ရုရှားနယ်စပ်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် ယူကရိန်း၏ တောင်းဆိုမှုကို ကိုယ်တိုင်ကြားသိခဲ့ရသည်။ ထိုခရီးစဉ်တွင် အမေရိကန်သည် ယူကရိန်းအား “နောင်လာမည့်တိုက်ခိုက်မှုများကို ဟန့်တားကာကွယ်နိုင်သည့် အနေအထားတွင်” ထားရှိရန် သေချာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဘလင်ကန် က ထပ်လောင်းပြောကြားခဲ့သည်။ “ အမေရိကန်သည် အငြင်းအခုံဖြစ်နေမှု၏ ဖိအားကို ခံစားနေရသည်” ဟု ဥရောပသံတမန်တစ်ဦးမှ ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့ပြီး အမေရိကန်၏မူဝါဒ အပြောင်းအလဲဖြစ်လာနိုင်သည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အမှန်မှာ၊ ဘလင်ကန် သည် လွန်ခဲ့သော နှစ်ပတ်က ဝါရှင်တန်သို့ ပြန်ရောက်သောအခါ ဘိုင်ဒင် သည် အမေရိကန်မူဝါဒကို ပြင်ဆင်ရန် ဘီးများသည် စတင်ရွေ့လျားနေပြီဖြစ်သည်။ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန် (Jake Sullivan၊) ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(Lloyd Austin) နှင့် ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌ စီကျူဘရောင်း(C.Q Brown) တို့က သမတဘိုင်ဒင်ထံသို့ ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များကို ယူကရိန်းမှ ပစ်ခတ်ခွင့်ကို ထောက်ခံကြောင်းတင်သွင်းခဲ့သည့် အကြံပြုချက်ကို အမေရိကန်တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုသဘောတူညီချက်သည် မေလ ၁၀ ရက်နေ့တွင် ရုရှားက ထိုးစစ်ဆင်ပြီးနောက် ရက်ပိုင်းအတွင်း၌ ဖြစ်သည်။

မေလ ၁၃ ရက်နေ့ လုံခြုံသော ဗီဒီယိုကွန်ဖရင့်တွင် ၎င်းတို့သုံးဦးသည် ၎င်းတို့၏ ယူကရိန်း မဟာမိတ်များထံမှ အယူခံဝင်မှုကို ကြားခဲ့ပြီး ယူကရိန်းတပ်များသည် ခါကိဗ်ကို ရုရှားဖက်မှ တိုက်ခိုက်နေသည့် နယ်မြေများကို ပြန်လည်ပြီး တိုက်ခိုက်နိုင်ရန်အတွက် အမေရိကန်၏ ကန့်သတ်ချက်များကို ရုတ်သိမ်းရန် သင့်လျော်ကြောင်း ဆုံးဖြတ်ခဲ့သည်။ အမေရိကန် ဥရောပ စစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာ ကာဗလီကို အသေးစိတ် အပြီးသတ် ကူညီရန် စကားဝိုင်းသို့ ခေါ်ဆောင်ခဲ့သည်။ သို့သော် အမေရိကန်၏ ဆုံးဖြတ်ချက်သည် ယင်းစနစ်အတိုင်း လုပ်ဆောင်ပြီး အသက်ဝင်ရန် ကြာသပတေးနေ့အထိကြာမည်ဖြစ်သည်။

နေတိုးအတွင်းရေးမှူးချုပ် ဂျင်းစတော့တင်ဘာဂ့် (Jens Stoltenberg) သည် ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို နောက်သို့လိုက်နိုင်ရန် ယူကရိန်းအား လိုအပ်သည့် စွမ်းဆောင်ရည်များ ပေးအပ်ရန် အမေရိကန်နှင့် အခြားနိုင်ငံများကို တိတ်တဆိတ် တိုက်တွန်းခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဂျင်းစတော့တင်ဘာဂ့် ၏ တံခါးပိတ်နောက်ကွယ်တွင် ထပ်ခါတလဲလဲ ကြိုးပမ်းမှုများသည် အမေရိကန်၏ မူဝါဒပြောင်းလဲမှုကို ချက်ချင်း မဖြစ်ပေါ်စေခဲ့ပေ။ သို့သော်လည်း ဤသီတင်းပတ်တွင် ယူကရိန်းနိုင်ငံကို အကန့်အသတ်မရှိ ခုခံကာကွယ်ခွင့်ပြုခြင်း၏ အကျိုးကျေးဇူးကို လူသိရှင်ကြား ပြောဆိုခဲ့ပြီး သူက ထောက်ပြခဲ့သည်။

“ရုရှားပိုင်နက်ထဲရှိ တရားဝင်စစ်ပစ်မှတ်တွေကို ပစ်ဖို့ ဒီလက်နက်တွေသုံးချဖို့ကိစ္စမှာ ယူကရိန်းကအသုံးပြုဖို့ကို ပိတ်ပင်ထားခြင်းက သူတို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့ တော်တော်ခက်ခဲပါတယ်” ဟု မစ္စတာ စတော့တင်ဘာဂ့် က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 34 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ