နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမြို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ (၃၇)ဦးကို ဖမ်းဆီးခဲ့

အောက်တိုဘာလ (၃၁)ရက်။

မနေ့က နေ့လယ် (၃)နာရီခန့်က ကန့်ဘလူမြို့၊ ကာဘိုးပျူအထိုင်ကနေ ထွက်လာတဲ့ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ အိုင်ပေါင်းချောင်ရွာက ပြည်သူ (၃၇)ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ကျီစုနဲ့ ကျောက်တိုင်ရွာကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေက အိုင်ပေါင်းချောင်ရွာက ပြည်သူ (၃၇)ဦးကို ဖမ်းသွားတာ။ အိုင်ပေါင်းချောင်ရွာက ပြည်သူတွေက မရှောင်ကြဘူးလို့ သိရတယ်။ ကျီစုနဲ့ ကျောက်တိုင်ရွာကို မီးရှို့ရုံမကဘူး၊ ဒရုန်းနဲ့ပါ ဗုံးကြဲသွားတာ၊ ရွာထဲ မနေရဲလို့ အကုန်ရှောင်ကြရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ကျီစုရွာနဲ့ ကျောက်တိုင်ရွာတို့ကို မီးရှို့တာသာမကဘဲ ဒရုန်းနဲ့ ဗုံးကြဲချခဲ့သလို အိုင်ပေါင်းချောင်ရွာက အမျိုးသား (၃၄)ဦးနဲ့ အမျိုးသမီး (၃)ဦးတို့ကို ဖမ်းဆီးပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ ကာဘိုးပျူအထိုင်ကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးသွားတဲ့ ပြည်သူ (၃၇)ဦးကို စစ်ကောင်စီတပ်က ကာဘိုးပျူအထိုင်ကနေတဆင့် ကန့်ဘလူ (၆၀၀၆) တကရတပ်ကို ကား (၃)စီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြေပြင်သတင်းတွေက ပြောဆိုထားပါတယ်။

အိမ်ခြေ (၉၀၀)နီးပါးရှိတဲ့ ကျီစုရွာကို စစ်ကောင်စီက အခုအခါ (၃)ကြိမ်မြောက်အနေနဲ့ မီးရှို့ခဲ့တာဖြစ်ပြီး အိမ်ခြေဘယ်လောက် ဆုံးရှုံးတယ်ဆိုတာကို မသိရသေးဘဲ အရင် (၂)ကြိမ်က မီးရှို့ခဲ့တာမှာ အိမ်ခြေ (၆၆၆)လုံးနဲ့ ဗလီတလုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။

“ အခုက ကန့်ဘလူတင်မဟုတ်ဘူး၊ နယ်မြေဆက်နေတဲ့ ရေဦးနယ်ထဲက ပင်စိမ်းခင်းရွာကော ဗုံးကြဲခံရတာ။ အထိအခိုက်ရှိမရှိတော့ ဘာမှမကြားရသေးဘူး၊ လူလွတ်ပြေးမရဘဲ သားသမီးတွေ မိဘတွေနဲ့ဆိုတော့ စစ်ကြောင်းထိုးလို့ ပြေးရရင် တအားခက်ခဲတာ၊ တော်လှန်ရေးလဲ ပြီးစေချင်ပြီ” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကျောက်တိုင်ရွာကိုလဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာ (၂)ကြိမ်ရှိပြီဖြစ်ပြီး ပထမအကြိမ် မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူပိုင်နေအိမ် (၁၇၃)လုံးနဲ့ ဆွမ်းစားဆောင်တစ်ဆောင် မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။

အခုလို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ကျေးရွာ‌တွေကို ဗုံးသီးချတိုက်ခိုက်တာနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းသင်တန်းဆင်းအင်အား (၁)သိန်းနီးပါးအထိရှိလာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား (၉၄၉၆၀)ဦးအထိ ရှိလာပြီလို မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ(MDSI)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

MNDAA နဲ့ TNLA တော်လှန်ရေးအကျိုး မထိခိုက်စေဘဲ ညှိနှိင်းဖြေရှင်းဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 18 Views
မတ်လ (၁၈)ရက်။ MNDAA နဲ့ TNLA တိုရဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က မေတ္တာရပ်ခံ
မြန်မာသတင်း

ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်းတွေ လွတ်မြောက်ဖို့ဆိုတဲ့အချက် ထည့်သွင်းတောင်းဆိုဖို့ NLD တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 22 Views
မတ်လ (၁၈)ရက်။ CRPH ကျင်းပနေတဲ့ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက သဝဏ်လွှာပေးပိုခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ ‌နွေဦးတော်လှန်ရေး (၅)နှစ်ကျော်ကာလရောက်ပေမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို (၉)ကြိမ်အထိ အဆက်မပြတ် ကျင်းပနိုင်တဲ့အပေါ်
မြန်မာသတင်း

စစ်တပ်ရဲ့ အမျိုးသားလွှတ်ဥက္ကဋ္ဌနေရာ အောင်လင်းဒွေးကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 21 Views
မတ်လ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းက အမျိုးသားလွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အမျိုးသားလွှတ်တော်အစည်းအဝေးကို သဘာပတိအနေနဲ့ ဒေါ်ဒွဲဘူကို ရွေးကောက်တင်မြှောက်ခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကိုပါ ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီလို စစ်တပ်ရဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အောင်လင်းဒွေးကို
မြန်မာသတင်း

အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ထိပ်တန်းလုံခြုံရေးအကြီးအကဲ သေဆုံးပြီးနောက် အီရန်က လက်စားချေမည်ဟု ကြုံးဝါး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက် ထိုအတောအတွင်း အီရန်၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးအလယ်ပိုင်းတွင် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး၊ အမေရိကန်ကမူ ဟော်မုဇ် ရေလက်ကြားတစ်လျှောက်ရှိ အီရန်ဒုံးကျည်စခန်းများပေါ်သို့ ပေါင်
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 25 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၀)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကို ဒေသထဲတနေရာမှာ ပြုလုပ်ခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို ဇန်နဝါရီလ အစောပိုင်းက စတင်ခဲ့ပြီး သင်တန်းကာလ စုစုပေါင်း
မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 39 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပခုက္ကူအနောက်ခြမ်း ကန်တော်ရွာကနေ ညောင်ဂျစ်ပင်ပျူစောထီးရွာကို အင်အား (၇၀)ကျော်နဲ့ ထွက်လာတဲ့
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 35 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်းကစပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လောက်ကိုင်ကို ရောက်နေကြပြီ။ အပစ်ရပ်တာကတော့