နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမြို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ (၃၇)ဦးကို ဖမ်းဆီးခဲ့

အောက်တိုဘာလ (၃၁)ရက်။

မနေ့က နေ့လယ် (၃)နာရီခန့်က ကန့်ဘလူမြို့၊ ကာဘိုးပျူအထိုင်ကနေ ထွက်လာတဲ့ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ အိုင်ပေါင်းချောင်ရွာက ပြည်သူ (၃၇)ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ကျီစုနဲ့ ကျောက်တိုင်ရွာကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေက အိုင်ပေါင်းချောင်ရွာက ပြည်သူ (၃၇)ဦးကို ဖမ်းသွားတာ။ အိုင်ပေါင်းချောင်ရွာက ပြည်သူတွေက မရှောင်ကြဘူးလို့ သိရတယ်။ ကျီစုနဲ့ ကျောက်တိုင်ရွာကို မီးရှို့ရုံမကဘူး၊ ဒရုန်းနဲ့ပါ ဗုံးကြဲသွားတာ၊ ရွာထဲ မနေရဲလို့ အကုန်ရှောင်ကြရတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ကျီစုရွာနဲ့ ကျောက်တိုင်ရွာတို့ကို မီးရှို့တာသာမကဘဲ ဒရုန်းနဲ့ ဗုံးကြဲချခဲ့သလို အိုင်ပေါင်းချောင်ရွာက အမျိုးသား (၃၄)ဦးနဲ့ အမျိုးသမီး (၃)ဦးတို့ကို ဖမ်းဆီးပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ ကာဘိုးပျူအထိုင်ကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးသွားတဲ့ ပြည်သူ (၃၇)ဦးကို စစ်ကောင်စီတပ်က ကာဘိုးပျူအထိုင်ကနေတဆင့် ကန့်ဘလူ (၆၀၀၆) တကရတပ်ကို ကား (၃)စီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြေပြင်သတင်းတွေက ပြောဆိုထားပါတယ်။

အိမ်ခြေ (၉၀၀)နီးပါးရှိတဲ့ ကျီစုရွာကို စစ်ကောင်စီက အခုအခါ (၃)ကြိမ်မြောက်အနေနဲ့ မီးရှို့ခဲ့တာဖြစ်ပြီး အိမ်ခြေဘယ်လောက် ဆုံးရှုံးတယ်ဆိုတာကို မသိရသေးဘဲ အရင် (၂)ကြိမ်က မီးရှို့ခဲ့တာမှာ အိမ်ခြေ (၆၆၆)လုံးနဲ့ ဗလီတလုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။

“အခုက ကန့်ဘလူတင်မဟုတ်ဘူး၊ နယ်မြေဆက်နေတဲ့ ရေဦးနယ်ထဲက ပင်စိမ်းခင်းရွာကော ဗုံးကြဲခံရတာ။ အထိအခိုက်ရှိမရှိတော့ ဘာမှမကြားရသေးဘူး၊ လူလွတ်ပြေးမရဘဲ သားသမီးတွေ မိဘတွေနဲ့ဆိုတော့ စစ်ကြောင်းထိုးလို့ ပြေးရရင် တအားခက်ခဲတာ၊ တော်လှန်ရေးလဲ ပြီးစေချင်ပြီ”လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကျောက်တိုင်ရွာကိုလဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာ (၂)ကြိမ်ရှိပြီဖြစ်ပြီး ပထမအကြိမ် မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူပိုင်နေအိမ် (၁၇၃)လုံးနဲ့ ဆွမ်းစားဆောင်တစ်ဆောင် မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။

အခုလို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ကျေးရွာ‌တွေကို ဗုံးသီးချတိုက်ခိုက်တာနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 114 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 87 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို