နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

YDF လေ့ကျင့်ရေးစခန်းနဲ့ ထောင်ကို မသမာသူတစုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် စီးနင်းမှုဖြစ်ပွားခဲ့

ဇွန်လ (၁)ရက်။

မေလ (၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ယောကာကွယ်ရေးတပ် (YDF) ရဲ့ အမှတ် (၁) လေ့ကျင့်ရေး စခန်းနဲ့ ထောင်ကို မသမာသူတစ်စုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့တယ်လို့ YDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြေပြင်သတင်းပို့ချက်အရ YDF လေ့ကျင့်ရေးစခန်းမှာ ဖွင့်ထားတဲ့သင်တန်းကို မဟာမိတ် လေးဖွဲ့လည်း လာရောက်တက်ရောက်ခဲ့တဲ့အတွက် အဲ့ဒီ မဟာမိတ်အဖွဲ့ဝင်တွေနဲ့ အဖွဲ့ခေါင်းဆောင်အချို့ကို ခေတ်မျက်လုံးက ဖုန်းနဲ့ဆက်သွယ်ပြီး အင်တာဗျူးခဲ့ပါတယ်။ နယ်မြေလုံခြုံရေးနဲ့ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးအရ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အမည်ကိုတော့ လက်ရှိအချိန်မှာ ထုတ်ဖော်မရေးသားပေမဲ့ အလျဉ်းသင့်တဲ့အချိန်မှာ ပြန်လည်ဖော်ပြပေးပါ့မယ်။ အသံဖိုင်တွေကိုလည်း ရုပ်သံနဲ့ တင်ဆက်တဲ့အခါ ထည့်သွင်းဖော်ပြပေးပါ့မယ်။

ဖြစ်စဉ်အကျင်းက ၂၀၂၅ ခုနှစ်၊ မေလ၊ ၈ ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ယောကာကွယ်ရေးတပ် – YDF ၏ အမှတ်-၁ အကျဥ်းထောင်ဌာနမှ လျှော့ပေါ့ပြစ်ဒဏ်နဲ့ လွတ်မြောက်ခဲ့ပြီး ပြန်လည်တာဝန်ပေးအပ်ခံထားရတဲ့ ရဲဘော်ကောင်းကောင်းဟာ YDF ရဲ့ အမှတ်-၁ လေ့ကျင့်ရေးစခန်းကနေ လက်နက်တွေ လိမ်လည်ထုတ်ယူပြီး အကျဉ်း‌‌ထောင်ကို ဖောက်ထွင်း ဖျက်ဆီးကာ အကျဉ်း‌‌ထောင်မှ ပြစ်ဒဏ်ကျခံနေတဲ့ သူ့လူအချို့ကို ခေါ်ထုတ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် အမှတ်-၁ လေ့ကျင့်ရေးစခန်း သင်တန်းကွင်းရှိ လုံခြုံရေးဂိတ်ကို ဝင်ရောက်စီးနင်းကာ လုံခြုံရေးရဲဘော်တွေဆီက လက်နက်တွေကို လုယူပြီး သသင်တန်းကျောင်းကိုဝင်စီးပြီး သင်တန်းသားများကိုလည်း ဝမ်းလျားမှောက်ခိုင်း၍ ခေါင်းထောင်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုကာ ဓားစာခံအဖြစ် ရဲဘော်နဲ့ ရဲမေ အချို့ကို သေနတ်ထောက် ခေါ်ဆောင်သွားခဲ့သလို လျှို့ဝှက်သတင်းအချက်အလက်တွေနဲ့ အရေးကြီးစာရွက်စာတမ်းတွေကို ခိုးယူဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

“ လေ့ကျင့်ရေးစခန်းကို ဝင်စီးခံရတဲ့အချိန် အနယ်နယ်အရပ်ရပ်ကနေ သင်တန်းလာတက်နေတဲ့ မဟာမိတ်ရဲဘော်တွေအပါအဝင် စုစုပေါင်း သင်တန်းသား (၁၅၀)လောက် သင်နေတဲ့ အချိန်ပေါ့၊ စခန်းထဲရှိနေတဲ့သူတွေကို ခေါင်းမော့ရင် ပစ်သတ်မယ်ဆိုပြီး သေနတ်ထောက် ခြိမ်းခြောက်တာ။ ပြီးတော့ ရဲဘော်အချို့နဲ့ ရဲမေအချို့ကိုလဲ ဖမ်းသွားတယ်” လို့ အဲ့ဒီသင်တန်းမှာ တက်ရောက်ခဲ့တဲ့ မဟာမိတ်ရဲဘော်တစ်ဦးက ပြောပြပါတယ်။

မဟာမိတ်အဖွဲ့ခေါင်းဆောင်တစ်ဦးက “ ထောင်ဖောက်ထွင်းတဲ့ဖြစ်စဉ်မှာလဲ အပြစ်သားတွေ လွတ်သွားတာရှိတယ်။ ဒါ့ကြောင့် သူတို့အပါအဝင် ကျူးလွန်‌သူတွေကို တွေ့ရင် YDF ကို လွှဲပြောင်းပေးဖို မဟာမိတ်တွေကို အသိပေးထားတယ်” လို့ သူက ပြောပါတယ်။

YDF လေ့ကျင့်ရေးစခန်းနဲ့ ထောင်တို့ကို အကြမ်းဖက်စီးနင်းတာမှာ အဓိကဦးဆောင်သူတွေဟာ အရင်က YDF ရဲ့ လယ်မစစ်ဆေးရေးဂိတ်မှူးဖြစ်တဲ့ ရဲဘော် သားကြီးနဲ့ အရင် စစ်ဒေသမှူးတာဝန်ယူထားတဲ့ ရဲဘော် ကောင်းကောင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

“ ကောင်းကောင်းက သေနတ် (၇) လက်ကို ရောင်းစားတာ၊ တော်လှန်ရေးစိုးမိုးနယ်မြေထဲ လဘက်ရည်ဆိုင်ဖွင့်တယ်၊ စတားလင့်ထောင်ပြီး စီးပွားရေးလုပ်တယ်။ သစ်ခိုးထုတ်တယ်ပေါ့။ အခုတော့ သူတို့ကို ဖမ်းမိဖို့က ခေါင်းဆောင်ပိုင်းတွေဖြစ်နေတော့ မလွယ်ဘူး” လို့ တော်လှန်ရေး မဟာမိတ်ခေါင်းဆောင်တဦးက ပြောပါတယ်။

သစ်ခိုးထုတ်တဲ့ခါမှာလည်း ကိုယ်တိုင်ခိုးထုတ်တာတွေနဲ့ ပွဲစားတွေဆီက ဝယ်ယူပြီး စစ်ကောင်စီလမ်းကြောင်းနဲ့ NUG လမ်းကြောင်းတွေကို အသုံးပြုပြီး မန္တလေးဘက်ကို ပို့ပြီး အဲ့ဒီကနေတဆင့် တရုတ်ပြည်ကို ပို့ဆောင်တာလို့ သူက ဆက်ပြောပါတယ်။

ရဲဘော်ကောင်းကောင်းဟာ တပ်ပိုင်လက်နက်ခဲယမ်းတွေ ခိုးယူရောင်းချတာ၊ ဘဏ္ဍာငွေတွေ အလွဲသုံးစားလုပ်တာ၊ တပ်ထဲ စည်းလုံးရေး ပျက်ပြားစေဖို တိုက်တွန်းနှိးဆော်တာတွေ ကျူးလွန်ခဲ့တာကြောင့် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရသူပါ။

ဒါပေမယ့် ရဲဘော် ကောင်းကောင်းကို မိသားစုဝင်တွေနဲ့ ရင်းနှီးသူတွေက လွတ်ငြိမ်းခွင့်ပေးဖို တောင်းဆိုတာတွေ ရှိခဲ့တဲ့အတွက် ဗဟိုစစ်ရုံးချုပ်ကို အသိပေးကာ သဘောထားကြီးကြီး ထားပြီး ခံဝန်ထိုးခိုင်းကာ တပ်သား အနေနဲ့ ခန့်အပ်ပြီးလွှတ်ခဲ့ ပေမယ့် အခုလိုဖြစ်စဉ်ကို ထပ်မံကျူးလွန်ခဲ့တာလို သိရပါတယ်။

ကောင်းကောင်းဟာ ရပ်ကွက်လူမိုက်တယောက်ဘဝကနေ တော်လှန်‌‌ရေးထဲ ဝင်လာခဲ့ပြီးနောက် YDF မှာ စစ်ရေးဒုခေါင်းဆောင်ဘဝ ရောက်လာတဲ့အခါ တော်လှန်ရေးအကျိုးထက် လက်နက်ကိုင်လာတဲ့အခါ ရရှိလာတဲ့ အာဏာကို အသုံးပြုပြီး ကိုယ်ကျိုးရှာတာတွေ ဖြစ်လာခဲ့တာကြောင့် နောက်ဆုံးအရေးယူခြင်းခံရသူဖြစ်ပြီး မိမိကျူးလွန်တဲ့အပြစ်ကြောင့် ထောင်ချခံရာကနေ တော်လှန်ရေးသမားတယောက်ကို တန်ဖိုးထားတဲ့အတွက် ဒုတိယအကြိမ် အခွင့်အရေးပေးပြီး ပြန်တာဝန်ထမ်းဆောင်ခွင့် ပေးခဲ့တာကို အသိအမှတ်မပြုဘဲ ပုန်ကန်ခဲ့တာဖြစ်သလို သင်တန်းကျောင်းမှာရှိတဲ့သင်တန်းသားတွေကို ခြိမ်းခြောက်ခဲ့ပြီး တချို့ကိုဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာကြောင့် တပ်တွင်းပုန်ကန်သူဘဝကိုရောက်ရှိသွားသူဖြစ်တယ်လို့ ဆိုပါတယ်။

YDF ရဲ့ လယ်မစစ်ဆေးရေးဂိတ်မှူးဖြစ်တဲ့ ရဲဘော်သားကြီးကလည်း စစ်ဆေးရေး ဂိတ်ကနေ ရရှိတဲ့ ကောက်ခွန်တွေ သစ်ခိုးထုတ်တာတွေကို ကောင်းကောင်းနဲ့ ချိတ်ဆက် စီးပွားရှာတဲ့ လောဘသားတယောက်ဖြစ်လာခဲ့ပြီး YDFက စာရင်းလာရှင်းခိုင်းပေမဲ့ လာမရှင်းဘဲ ရှောင်တိမ်းနေရင်း သူနဲ့လုပ်ဖော်ကိုင်ဖက် တွေငွေကြေးအလွဲသုံးစားလုပ်လို့ ထောင်ကျနေတာကို နောက်ဆုံး ကောင်းကောင်းနဲ့ပေါင်းပြီး အကျဥ်းထောင်ဖောက် ကယ်ထုတ်တဲ့အထိ တော်လှန်ရေးကနေသွေဖီသွားခဲ့သူဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို အဖြစ်အပျက်တွေက တော်လှန်ရေးသမားတွေ အားလုံးလေ့လာ သင်္ခန်းစာယူသင့်တဲ့ အချက်တခု ဖြစ်ပါတယ်။ YDF သာမဟုတ် NUG ရဲ့ MOD အောက်က PDFတွေ ပသုံးလုံးတွေ လည်း ပြည်သူတွေထံက အခွန်တွေကောက်ခွင့်ရလာတဲ့အခါ တော်လှန်‌ရေးကိုမေ့ပြီး ငွေဒဏ်မခံနိုင်ဘဲ ဖောက်ပြန်လာကြတာနေရာအနှံမှာ ကြားနေရပါတယ်။ အဓိက ငွေရပေါက် ပေးရင် ဘယ်လိုပြန်ပြီး ထိန်းညှိမယ်ဆိုတဲ့ စနစ်မရှိလို့ မြင်ပါတယ်။

တော်လှန်ရေးအတွက် ငွေလိုတာမှန်ပေမဲ့ ဒီငွေတွေကို ရလာတဲ့အခါ ဘယ်လို အဆင့်ဆင့် ကြီးကြပ်ရမယ်ဆိုတဲ့စနစ် ရှိဖို့လိုပါတယ်။ သဘောထားခံယူချက်တွေကိုလည်း ရဲဘော်တွေကို ပို့ချ အသိပေးနေဖို့လိုသလို အပြန်အလှန်ထိန်းကြောင်း စစ်ဆေးနေဖို့လည်းလိုကြောင်း တွေ့ရှိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 23 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 17 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 18 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 39 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 33 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့
မြန်မာသတင်း

(၂)လတာထဲ စစ်တပ်ထံက ဖမ်းမိသူ (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 28 Views
ဇန်နဝါရီလ (၁၃)ရက်။ (၂)လတာထဲ စစ်တပ်ထံက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေဟာ SAF ရဲ့ စစ်ဆင်ရေးနယ်မြေတခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြတဝိုက်က
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ SAC-M ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 33 Views
ဇန်နဝါရီလ (၁၃)ရက်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကိုယ်ပွားပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အခိုင်အမာ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြည်သူတွေက စစ်အုပ်စုနဲ့ သူ့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 50 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက ကြိမ်ခါးကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တာ” လို့