နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

YDF လေ့ကျင့်ရေးစခန်းနဲ့ ထောင်ကို မသမာသူတစုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် စီးနင်းမှုဖြစ်ပွားခဲ့

ဇွန်လ (၁)ရက်။

မေလ (၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ယောကာကွယ်ရေးတပ် (YDF) ရဲ့ အမှတ် (၁) လေ့ကျင့်ရေး စခန်းနဲ့ ထောင်ကို မသမာသူတစ်စုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့တယ်လို့ YDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြေပြင်သတင်းပို့ချက်အရ YDF လေ့ကျင့်ရေးစခန်းမှာ ဖွင့်ထားတဲ့သင်တန်းကို မဟာမိတ် လေးဖွဲ့လည်း လာရောက်တက်ရောက်ခဲ့တဲ့အတွက် အဲ့ဒီ မဟာမိတ်အဖွဲ့ဝင်တွေနဲ့ အဖွဲ့ခေါင်းဆောင်အချို့ကို ခေတ်မျက်လုံးက ဖုန်းနဲ့ဆက်သွယ်ပြီး အင်တာဗျူးခဲ့ပါတယ်။ နယ်မြေလုံခြုံရေးနဲ့ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးအရ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အမည်ကိုတော့ လက်ရှိအချိန်မှာ ထုတ်ဖော်မရေးသားပေမဲ့ အလျဉ်းသင့်တဲ့အချိန်မှာ ပြန်လည်ဖော်ပြပေးပါ့မယ်။ အသံဖိုင်တွေကိုလည်း ရုပ်သံနဲ့ တင်ဆက်တဲ့အခါ ထည့်သွင်းဖော်ပြပေးပါ့မယ်။

ဖြစ်စဉ်အကျင်းက ၂၀၂၅ ခုနှစ်၊ မေလ၊ ၈ ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ယောကာကွယ်ရေးတပ် – YDF ၏ အမှတ်-၁ အကျဥ်းထောင်ဌာနမှ လျှော့ပေါ့ပြစ်ဒဏ်နဲ့ လွတ်မြောက်ခဲ့ပြီး ပြန်လည်တာဝန်ပေးအပ်ခံထားရတဲ့ ရဲဘော်ကောင်းကောင်းဟာ YDF ရဲ့ အမှတ်-၁ လေ့ကျင့်ရေးစခန်းကနေ လက်နက်တွေ လိမ်လည်ထုတ်ယူပြီး အကျဉ်း‌‌ထောင်ကို ဖောက်ထွင်း ဖျက်ဆီးကာ အကျဉ်း‌‌ထောင်မှ ပြစ်ဒဏ်ကျခံနေတဲ့ သူ့လူအချို့ကို ခေါ်ထုတ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် အမှတ်-၁ လေ့ကျင့်ရေးစခန်း သင်တန်းကွင်းရှိ လုံခြုံရေးဂိတ်ကို ဝင်ရောက်စီးနင်းကာ လုံခြုံရေးရဲဘော်တွေဆီက လက်နက်တွေကို လုယူပြီး သသင်တန်းကျောင်းကိုဝင်စီးပြီး သင်တန်းသားများကိုလည်း ဝမ်းလျားမှောက်ခိုင်း၍ ခေါင်းထောင်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုကာ ဓားစာခံအဖြစ် ရဲဘော်နဲ့ ရဲမေ အချို့ကို သေနတ်ထောက် ခေါ်ဆောင်သွားခဲ့သလို လျှို့ဝှက်သတင်းအချက်အလက်တွေနဲ့ အရေးကြီးစာရွက်စာတမ်းတွေကို ခိုးယူဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

“လေ့ကျင့်ရေးစခန်းကို ဝင်စီးခံရတဲ့အချိန် အနယ်နယ်အရပ်ရပ်ကနေ သင်တန်းလာတက်နေတဲ့ မဟာမိတ်ရဲဘော်တွေအပါအဝင် စုစုပေါင်း သင်တန်းသား (၁၅၀)လောက် သင်နေတဲ့ အချိန်ပေါ့၊ စခန်းထဲရှိနေတဲ့သူတွေကို ခေါင်းမော့ရင် ပစ်သတ်မယ်ဆိုပြီး သေနတ်ထောက် ခြိမ်းခြောက်တာ။ ပြီးတော့ ရဲဘော်အချို့နဲ့ ရဲမေအချို့ကိုလဲ ဖမ်းသွားတယ်”လို့ အဲ့ဒီသင်တန်းမှာ တက်ရောက်ခဲ့တဲ့ မဟာမိတ်ရဲဘော်တစ်ဦးက ပြောပြပါတယ်။

မဟာမိတ်အဖွဲ့ခေါင်းဆောင်တစ်ဦးက “ထောင်ဖောက်ထွင်းတဲ့ဖြစ်စဉ်မှာလဲ အပြစ်သားတွေ လွတ်သွားတာရှိတယ်။ ဒါ့ကြောင့် သူတို့အပါအဝင် ကျူးလွန်‌သူတွေကို တွေ့ရင် YDF ကို လွှဲပြောင်းပေးဖို မဟာမိတ်တွေကို အသိပေးထားတယ်” လို့ သူက ပြောပါတယ်။

YDF လေ့ကျင့်ရေးစခန်းနဲ့ ထောင်တို့ကို အကြမ်းဖက်စီးနင်းတာမှာ အဓိကဦးဆောင်သူတွေဟာ အရင်က YDF ရဲ့ လယ်မစစ်ဆေးရေးဂိတ်မှူးဖြစ်တဲ့ ရဲဘော် သားကြီးနဲ့ အရင် စစ်ဒေသမှူးတာဝန်ယူထားတဲ့ ရဲဘော် ကောင်းကောင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

“ကောင်းကောင်းက သေနတ် (၇) လက်ကို ရောင်းစားတာ၊ တော်လှန်ရေးစိုးမိုးနယ်မြေထဲ လဘက်ရည်ဆိုင်ဖွင့်တယ်၊ စတားလင့်ထောင်ပြီး စီးပွားရေးလုပ်တယ်။ သစ်ခိုးထုတ်တယ်ပေါ့။ အခုတော့ သူတို့ကို ဖမ်းမိဖို့က ခေါင်းဆောင်ပိုင်းတွေဖြစ်နေတော့ မလွယ်ဘူး” လို့ တော်လှန်ရေး မဟာမိတ်ခေါင်းဆောင်တဦးက ပြောပါတယ်။

သစ်ခိုးထုတ်တဲ့ခါမှာလည်း ကိုယ်တိုင်ခိုးထုတ်တာတွေနဲ့ ပွဲစားတွေဆီက ဝယ်ယူပြီး စစ်ကောင်စီလမ်းကြောင်းနဲ့ NUG လမ်းကြောင်းတွေကို အသုံးပြုပြီး မန္တလေးဘက်ကို ပို့ပြီး အဲ့ဒီကနေတဆင့် တရုတ်ပြည်ကို ပို့ဆောင်တာလို့ သူက ဆက်ပြောပါတယ်။

ရဲဘော်ကောင်းကောင်းဟာ တပ်ပိုင်လက်နက်ခဲယမ်းတွေ ခိုးယူရောင်းချတာ၊ ဘဏ္ဍာငွေတွေ အလွဲသုံးစားလုပ်တာ၊ တပ်ထဲ စည်းလုံးရေး ပျက်ပြားစေဖို တိုက်တွန်းနှိးဆော်တာတွေ ကျူးလွန်ခဲ့တာကြောင့် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရသူပါ။

ဒါပေမယ့် ရဲဘော် ကောင်းကောင်းကို မိသားစုဝင်တွေနဲ့ ရင်းနှီးသူတွေက လွတ်ငြိမ်းခွင့်ပေးဖို တောင်းဆိုတာတွေ ရှိခဲ့တဲ့အတွက် ဗဟိုစစ်ရုံးချုပ်ကို အသိပေးကာ သဘောထားကြီးကြီး ထားပြီး ခံဝန်ထိုးခိုင်းကာ တပ်သား အနေနဲ့ ခန့်အပ်ပြီးလွှတ်ခဲ့ ပေမယ့် အခုလိုဖြစ်စဉ်ကို ထပ်မံကျူးလွန်ခဲ့တာလို သိရပါတယ်။

ကောင်းကောင်းဟာ ရပ်ကွက်လူမိုက်တယောက်ဘဝကနေ တော်လှန်‌‌ရေးထဲ ဝင်လာခဲ့ပြီးနောက် YDF မှာ စစ်ရေးဒုခေါင်းဆောင်ဘဝ ရောက်လာတဲ့အခါ တော်လှန်ရေးအကျိုးထက် လက်နက်ကိုင်လာတဲ့အခါ ရရှိလာတဲ့ အာဏာကို အသုံးပြုပြီး ကိုယ်ကျိုးရှာတာတွေ ဖြစ်လာခဲ့တာကြောင့် နောက်ဆုံးအရေးယူခြင်းခံရသူဖြစ်ပြီး မိမိကျူးလွန်တဲ့အပြစ်ကြောင့် ထောင်ချခံရာကနေ တော်လှန်ရေးသမားတယောက်ကို တန်ဖိုးထားတဲ့အတွက် ဒုတိယအကြိမ် အခွင့်အရေးပေးပြီး ပြန်တာဝန်ထမ်းဆောင်ခွင့် ပေးခဲ့တာကို အသိအမှတ်မပြုဘဲ ပုန်ကန်ခဲ့တာဖြစ်သလို သင်တန်းကျောင်းမှာရှိတဲ့သင်တန်းသားတွေကို ခြိမ်းခြောက်ခဲ့ပြီး တချို့ကိုဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာကြောင့် တပ်တွင်းပုန်ကန်သူဘဝကိုရောက်ရှိသွားသူဖြစ်တယ်လို့ ဆိုပါတယ်။

YDF ရဲ့ လယ်မစစ်ဆေးရေးဂိတ်မှူးဖြစ်တဲ့ ရဲဘော်သားကြီးကလည်း စစ်ဆေးရေး ဂိတ်ကနေ ရရှိတဲ့ ကောက်ခွန်တွေ သစ်ခိုးထုတ်တာတွေကို ကောင်းကောင်းနဲ့ ချိတ်ဆက် စီးပွားရှာတဲ့ လောဘသားတယောက်ဖြစ်လာခဲ့ပြီး YDFက စာရင်းလာရှင်းခိုင်းပေမဲ့ လာမရှင်းဘဲ ရှောင်တိမ်းနေရင်း သူနဲ့လုပ်ဖော်ကိုင်ဖက် တွေငွေကြေးအလွဲသုံးစားလုပ်လို့ ထောင်ကျနေတာကို နောက်ဆုံး ကောင်းကောင်းနဲ့ပေါင်းပြီး အကျဥ်းထောင်ဖောက် ကယ်ထုတ်တဲ့အထိ တော်လှန်ရေးကနေသွေဖီသွားခဲ့သူဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို အဖြစ်အပျက်တွေက တော်လှန်ရေးသမားတွေ အားလုံးလေ့လာ သင်္ခန်းစာယူသင့်တဲ့ အချက်တခု ဖြစ်ပါတယ်။ YDF သာမဟုတ် NUG ရဲ့ MOD အောက်က PDFတွေ ပသုံးလုံးတွေ လည်း ပြည်သူတွေထံက အခွန်တွေကောက်ခွင့်ရလာတဲ့အခါ တော်လှန်‌ရေးကိုမေ့ပြီး ငွေဒဏ်မခံနိုင်ဘဲ ဖောက်ပြန်လာကြတာနေရာအနှံမှာ ကြားနေရပါတယ်။ အဓိက ငွေရပေါက် ပေးရင် ဘယ်လိုပြန်ပြီး ထိန်းညှိမယ်ဆိုတဲ့ စနစ်မရှိလို့ မြင်ပါတယ်။

တော်လှန်ရေးအတွက် ငွေလိုတာမှန်ပေမဲ့ ဒီငွေတွေကို ရလာတဲ့အခါ ဘယ်လို အဆင့်ဆင့် ကြီးကြပ်ရမယ်ဆိုတဲ့စနစ် ရှိဖို့လိုပါတယ်။ သဘောထားခံယူချက်တွေကိုလည်း ရဲဘော်တွေကို ပို့ချ အသိပေးနေဖို့လိုသလို အပြန်အလှန်ထိန်းကြောင်း စစ်ဆေးနေဖို့လည်းလိုကြောင်း တွေ့ရှိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို