နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရဲတပ်ဖွဲ့ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့် အင်ဒိုနီးရှားတစ်ဝှမ်းတွင် တင်းမာမှုများ မြင့်တက်လာခြင်း။

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁ရက်

ဂျကာတာ၊ အင်ဒိုနီးရှားAPသတင်း။  အင်ဒိုနီးရှားနိုင်ငံ တစ်ဝှမ်းရှိ မြို့အများအပြားတွင် ဆန္ဒပြပွဲများ ပြင်းထန်လာပြီး လွှတ်တော်အမတ်များ၏ ထောက်ပံ့ကြေးကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြ ကျောင်းသားများကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ပစ္စည်းပို့ဆောင် သည့် သူတစ်ဦး စီးနင်းလာသည့်ဆိုင်ကယ်ကို ရဲ သံချပ်ကာယာဉ်ကတက်နင်း သွားပြီး နောက် တစ်ရက်အကြာ သောကြာနေ့တွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

ဆန္ဒပြသူများသည် မြို့တော်ဂျကာတာရှိ ရဲမိုဘိုင်းတပ်ဖွဲ့ဌာနချုပ်သို့ သောကြာနေ့တွင် ချီတက်ခဲ့ကြပြီး အချို့မှာ ခြံဝင်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များသည် ပုလင်းများ၊ ကျောက်ခဲများနှင့် မီးကျည်များကို ပစ်ပေါက်ခဲ့သော ဆန္ဒပြသူများကို ပြန်လည်တွန်းလှန်ရန်အတွက် မီးသတ်ပိုက်များကို အသုံးပြုကာ မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့သည်။

ဂျကာတာမြို့လယ် ကွီတန်(Kwitang) ရပ်ကွက်ရှိ ရဲဝင်းအနီး ငါးထပ်အဆောက်အအုံကို ဆူပူအကြမ်းဖက်သူတစ်စုက မီးရှို့ခဲ့ရာ လူအများအပြားအထဲတွင် ပိတ်မိနေခဲ့သည်။ ပိတ်မိနေသူများကို ကယ်ဆယ်ရန်စစ်သားများနဲ့ မြို့ခံတွေက အကူအညီပေးနိုင်ဖို့ အတွက် ကျောင်းသား တချို့က သူတို့၏ ဆန္ဒပြပွဲများကို ရပ်ဆိုင်းလိုက်ပါသည်။

အခြားဆန္ဒပြသူများသည် ယာဉ်ကြောလမ်းညွှန်ဆိုင်းဘုတ်များကိုဖျက်စီးခဲ့ကြပြီးနောက် အခြားအခြေခံအဆောက်အအုံများကိုလည်း ဖျက်ဆီးခဲ့ပြီး ယင်းဧရိယာအတွင်း ယာဉ်ကြောများ ရပ်တန့်သွားခဲ့သည်။

ပါပူဝါဒေသ အရှေ့ဖက်စွန်းရှိ ဆူရာဘာယာ၊ ဆိုလို ယော်ယာကာတာ၊ မီဒန်၊ မကာဆာ၊ မာနာဒို၊ ဘန်ဒေါင်းနှင့် မနိုဝါရီ အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အခြားမြို့များတွင် ကျောက်ခဲ များဖြင့် ပစ်ပေါက်သည့် ဆန္ဒပြသူများနှင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

ကြာသပတေးနေ့တွင် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုများအတွင်း ဆိုင်ကယ် တက္ကစီ မောင်းသူ သေဆုံးမှုအား လူမှုမီဒီယာတွင် ပြသထားသည့် ဗီဒီယိုတစ်ခုအပြီးတွင် ဆူပူအုံကြွမှု များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အသက် ၂၁ နှစ်အရွယ် အက်ဖန် ကာနီရာဝမ် (Affan Kurniawan) လို့ဖော်ပြခံရသူ သားကောင်ဟာ အကြမ်းဖက်ဆန္ဒပြမှုအပြီး ရက်အတန်ကြာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း မှာ အစားအသောက်ပေးပို့တဲ့ ဝန်ဆောင်မှုအော်ဒါကို ပြီးမြောက်အောင်ဆောင်ရွက်အပြီးအပြန်လမ်းမှာ သေဆုံးခဲ့ရတယ်လို့ သိရသည်။

အမျိုးသားရဲ မိုဘိုင်းတပ်ဖွဲ့ခွဲမှ သံချပ်ကာကားသည် ဆန္ဒပြသူများ၏ လူအုပ်ကြားမှ ရုတ်တရက် အရှိန်ပြင်းပြင်း ဖြတ်သွားကာ ကာနီရာဝမ် (Kurniawan) ကို တိုက်ပြီးတက်ကြိတ် သွားကြောင်း မျက်မြင်သက်သေများက ပြောသည်။ သံချပ်ကာကားသည် မရပ်ဘဲသူ့ကို ကျော်နင်းသွားခဲ့သည်။

ထောင်ပေါင်းများစွာသော မော်တော်ဆိုင်ကယ်စီးသူများသည် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများနှင့်အတူ ၎င်း၏သင်္ဂြိုဟ်ခြင်းအတွင်း သောကြာနေ့က Kurniawan ကို အလေးပြုကြသည်။ သူတို့သည် မြို့လယ်ရှိ အဓိက ယာဉ်ကြောအဝိုင်းကို ပြည့်နှက်ကာ ၎င်း၏ အဓိကသွားလမ်းများဆီသို့ ပြန့်ကျဲသွားခဲ့သည်။

သမ္မတပရာဘိုဝိုဆူဘီအန်တို (Prabowo Subianto) က ရုပ်မြင်သံကြား မိန့်ခွန်းတွင် စိတ်တည်ငြိမ်အေးချမ်းစွာနေကြရန်နှင့်ထို့အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

“ဒီဖြစ်ရပ်အတွက် ကျွန်တော် အလွန်စိုးရိမ်ပြီး လေးလေးနက်နက် စိတ်မကောင်း ဖြစ်မိပါတယ်” ဟု ဆူဘီယန်တိုက ပြောကြားခဲ့သည်။ “အရာရှိတွေရဲ့ အလွန်အကျွံ လုပ်ရပ်ကြောင့် ကျွန်တော် တုန်လှုပ်ပြီး စိတ်အနှောက်အယှက်ဖြစ်မိပါတယ်”

ဆန္ဒပြပွဲများ ဝန်းကျင် ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ် စောင့်ကြည့်နေပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် အမိန့်ပေးထားကြောင်း ဗိုလ်ချုပ်ဟောင်းက ပြောသည်။ သူကဆက်ပြီး“မငြိမ်မသက်ဖြစ်အောင် အဆက်မပြတ် နှိုးဆော်ပြီး ပရမ်းပတာဖြစ်အောင်ပြဿနာရှာနေတဲ့ သူတွေကို နိုးနိုးကြားကြားရှိနေဖို့ လူတွေကို သတိထားဖို့ သူကတောင်းဆိုခဲ့သည်။”

“ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ဆောင်ပေးမယ့် ကျွန်တော်ဦးဆောင်တဲ့အစိုးရကို တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်မှုရှိဖို့ နိုင်ငံသားအားလုံးကို တိုက်တွန်းချင်ပါတယ်” ဟု ဆူဘီယန်တိုက ပြောကြားခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ဆက်စပ်နေသည့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို ဖမ်းဆီးစစ်ဆေး မေးမြန်းခဲ့ပြီး အဆိုပါ သံချပ်ကာယာဉ် မောင်းနှင်သူအား ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။

လွှတ်တော်အမတ် ၅၈၀ လုံးသည် သူတို့၏လစာအပြင် လစဉ် အိမ်ရာထောက်ပံ့ကြေး ရူပီယာ သန်း ၅၀ (ဒေါ်လာ ၃,၀၇၅) ရရှိခဲ့တယ်လို့ ဆိုသည့် သတင်းများအရ တနင်္လာနေ့မှာ တနိုင်ငံလုံးမှာ ဆန္ဒပြမှုတွေ စတင်ခဲ့ပါတယ်။ ယမန်နှစ်က မိတ်ဆက်ခဲ့သော ထောက်ပံ့ကြေးသည် ဂျကာတာ၏ အနိမ့်ဆုံးလုပ်ခထက် ၁၀ ဆနီးပါးများပြားဖြစ်သည်။

ထောက်ပံ့ကြေးအသစ်သည် အလွန်အကျွံတင်မကဘဲ လူအများစုနေထိုင်မှုစရိတ်၊ အခွန်များ တိုးမြင့်လာခြင်းနှင့် အလုပ်လက်မဲ့များ မြင့်တက်လာခြင်းတို့နှင့် ရင်ဆိုင်နေရချိန်တွင် စိတ်ခံစားမှုကို ဖြစ်စေသည့် ထိလွယ်ရှလွယ်ကိစ္စဖြစ်သည် ဟု ဝေဖန်သူများက ပြောဆို ကြသည်။

အင်ဒိုနီးရှားသမ္မတနိုင်ငံ ပြည်သူ့အတိုင်ပင်ခံလွှတ်တော် (MPR-RI) ၏ တရားဝင် ဧည့်ရိပ်သာကို ယနေ့တွင် အနောက်ဂျာဗားပြည်နယ် ဘန်ဒေါင်းတွင် ဆန္ဒပြမှုတစ်ခုအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည်။ Timur Matahari/AFP/Getty Images (ဓာတ်ပုံ)

ယမန်နေ့က ဂျကာတာမြို့ပါလီမန်အနီးတွင် လုပ်ငန်းခွင်အခြေအနေများ ပိုမိုကောင်းမွန် လာစေရန် အလုပ်သမားသမဂ္ဂ ဆန္ဒပြပွဲတစ်ခုအတွင်း မိုလိုတော့ဖ် ဓါတ်ဆီဗုံးကြောင့် မီးလောင်ပြီး မီးရှူးမီးပန်းများ ပေါက်ကွဲသွားခဲ့သည်။ Yasuyoshi Chiba/AFP/Getty ပုံများ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မက်ထရိုဂျာရာ (Metro Jaya) ဒေသရဲဌာနချုပ်ရှေ့တွင် လူအုပ်ကြီးသည် ဆန္ဒပြခဲ့ကြသည်။ Claudio Pramana/NurPhoto/Associated Press (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 28 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 20 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 24 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 43 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး