နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

တလတာထဲ စစ်ကောင်စီဘက်က တပ်သားနဲ့ရဲ (၁၃၀)ကျော် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့

ဖေဖော်ဝါရီလ (၁)ရက်။

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ စစ်ကောင်စီဘက်က တပ်သားနဲ့ရဲ (၁၃၆)ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဘက်က အရာရှိအဆင့် ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားနဲ့ရဲ (၁၃၆)ဦးဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက်ရပ်တည်ကူးပြောင်းလာတာလို့ ဆိုပါတယ်။

အဲ့ဒီ (၁၃၆)ဦးထဲ လက်နက်နဲ့ ခိုလှုံလာသူ (၈၃)ဦးရှိပြီး လက်နက်ယူဆောင်လာသူတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့တလတာထဲ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူတွေ ယူဆောင်လာတဲ့ လက်နက်မျိုးစုံ (၈၃)လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

အလင်းဝင်လာသူတွေဟာ NUG ရဲ့ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ MOD အောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေကို ဆက်သွယ်ခိုလှုံလာတာလို့ ပြောဆိုထားပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေထဲ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်အပါအဝင် အရာခံဗိုလ်၊ တပ်ကြပ်ကြီး၊ တပ်ကြပ်နဲ့ ဒုတပ်ကြပ်တွေအပြင် စစ်မှုထမ်းဖို့ စုဆောင်းခံရသူ (၅၂)ဦးပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ရဲတွေအနေနဲ့ ချိတ်ဆက်ခိုလှုံကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

တပ်ခရိုင် (Tak) ၏ ရဲမှူးချုပ်နှင့် အမှတ် (၅) စစ်ဆေးရေးတပ်မ (၅) တိုင်းမှူး ရဲမှူးချုပ် တို့ကို နေရာရွှေ့ပြောင်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ မြဝတီမြို့နယ်ရှိ ရာဇ၀တ်ဂိုဏ်းနှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စစ်ဆေးရန် ဆိုင်းငံ့ထားသည့် အမှတ် (၅)
မြန်မာသတင်း

လက်ပံတန်းမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလင်မယား(၂)ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ဒီကနေ့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်က လက်ပံတန်းမြို့နယ် မကျီးကွင်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး လင်မယား (၂)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့
1027 Operations မြန်မာသတင်း

နိုင်ငံရေးနဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အခုအချိန်အထိ ပြည်ထောင်စုနိုင်ငံ မတည်ဆောက်နိုင်တာက နိုင်ငံရေးနဲ့ တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲဆိုတာကို ညွှန်ပြနေတာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PSLF/TNLA ကို (၇၈)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့
မြန်မာသတင်း

အင်အားစုတွေ တော်လှန်ရေးကို မျက်နှာမူပြီး သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အင်အားစုတွေအနေနဲ့ ပြည်သူကို ရှေ့ရှုပြီး တော်လှန်ရေးကို မျင်နှာမူကာ သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပိုစုစည်းဖို့ လိုလာတဲ့အချိန်မှာ အင်အားစုတွေအသီးသီးကလဲ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တပ်မ (၉၉) နည်းဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးထား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ တပ်မ (၉၉)နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို မကွေးတိုင်း၊ ငဖဲမြို့နယ် ကံမြင့်ကန်၊ ဂုတ်စည်းရိုးတိုက်ပွဲမှာ အာရက္ခတပ်တော် (AA)က ဖမ်းမိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
မြန်မာသတင်း

အင်အားစုတွေ တော်လှန်ရေးကို မျက်နှာမူပြီး သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အင်အားစုတွေအနေနဲ့ ပြည်သူကို ရှေ့ရှုပြီး တော်လှန်ရေးကို မျင်နှာမူကာ သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပိုစုစည်းဖို့ လိုလာတဲ့အချိန်မှာ အင်အားစုတွေအသီးသီးကလဲ
1027 Operations မြန်မာသတင်း

မိုးကုတ်မြိုတွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦးသေဆုံးပြီး ‌(၁၉) ဦး ထိခိုက်ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ ၁၁ ရက်TNLA သိမ်းထားတဲ့ ရှမ်းပြည်နယ် မိုးကုတ်မြိုမှာ မနေ့က ဖေဖော်ဝါရီလ (၁၀)ရက်နေ့ည သန်းခေါင်ယံအချိန် စစ်ကောင်စီက လေ‌ကြောင်းကနေ ဗုံးအလုံး (၂၀) လောက် ကြဲချတိုက်ခိုက်ခဲ့တဲ့ ဒေသခံ (၅)ဦးသေဆုံးပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့
မြန်မာသတင်း

MOD အောက်ကနေနှုတ်ထွက်သွားတဲ့ ဂဋ္ဌုန်စစ်ကြောင်း MLA နဲ့ပူးပေါင်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ MOD အောက်ကနေ နှုတ်ထွက်သွားတဲ့ ဂဋ္ဌုန်စစ်ကြောင်းဟာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)နဲ့ အလုံးစုံ ပူးပေါင်းလိုက်ပြီဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU တပ်မဟာ (၆)နယ်မြေထဲ စစ်ရေးဖော်ဆောင်တာတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂဋ္ဌုန်စစ်ကြောင်းဟာ MLA ရဲ့