နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ယူကရိန်း-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ပျက်သွားပြီးနောက် အနောက်နိုင်ငံတွေက ယူကရိန်းကို ထောက်ခံကြောင်း တညီတညွတ်တည်း ထုတ်ဖော်ပြောဆို

မတ်လ (၂) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးတို့ကြား ဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် အနောက်နိုင်ငံခေါင်းဆောင်တွေက ယူကရိန်းကို ထောက်ခံကြောင်း တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆွေးနွေးပွဲ မပြုလုပ်မီ ဗြိတိန်ဝန်ကြီးချုပ် စတားမာက ၂၇ ရက်နေ့မှာ အိမ်ဖြူတော်ကို သွားရောက်ခဲ့ပြီး ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ “ကျူးကျော်သူ” ကို အကျိုးရှိအောင် မပြုလုပ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ထရမ့်နဲ့ ဇလန်းစကီး တို့အကြား ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်ဟာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါင်းနင်းလမ်းမှ ပြောရေးဆိုခွင့်ရှိသူ စတားမာက “ယူကရိန်းကို ထောက်ခံမှု မယိမ်းမယိုင် ရှိနေဆဲဖြစ်ပြီး ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို အခြေခံတဲ့ ထာဝရငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖို့ ကြိုးစားအားထုတ်သွားမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်မှာ ယူကရိန်းကို ထောက်ပံ့အကူအညီပေးရေးဆိုင်ရာ ဥရောပခေါင်းဆောင်များ အစည်းအဝေးကို မတ်လ (၂) ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။ အဲ့ဒီအစည်းအဝေးကို ဇလန်းစကီးလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ အရင်းနှီးဆုံးဥရောပခေါင်းဆောင်ထဲက တစ်ဦးဖြစ်တဲ့ အီတလီဝန်ကြီးချုပ် မီလိုနီက ပြိုကွဲမှုက အနောက်နိုင်ငံတွေ အားနည်းစေမှာဖြစ်ပြီး ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနောက်အုပ်စု ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်သမ္မတမက်ခရွန်၊ ဥရောပသမဂ္ဂဥက္ကဋ္ဌနဲ့ ဥရောပကောင်စီ အမြဲတမ်းဥက္ကဋ္ဌကိုစတာနဲ့ နေတိုးအတွင်းရေးမှူးချုပ်တို့ဟာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ “ ကျူးကျော်သူဟာ ရုရှားဖြစ်ပြီး တိုက်ခိုက်ခံနေရတာက ယူကရိန်းပါ” လို့ မက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂျာမနီဝန်ကြီးချုပ် အိုလတ်ဖ် ရှုဇ် (Olaf Scholz) က “ ယူကရိန်းဟာ ဂျာမနီနဲ့ ဥရောပကို အားကိုးနိုင်ပါတယ်” လို့ X (အရင် Twitter) မှာ ရေးသားခဲ့ပါတယ်။

အီးယူနိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အီးယူ နိုင်ငံခြားရေး ဝန်ကြီး ကားလ်စ် (Kallas) က “လွတ်လပ်တဲ့ကမ္ဘာကြီးက ခေါင်းဆောင်သစ် လိုအပ်လာပြီဆိုတာ ရှင်းပါတယ်” လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လစ်သူယေးနီးယားသမ္မတ Nausėda က “ ယူကရိန်းဟာ ဘယ်တော့မှ တစ်ယောက်တည်း ဖြစ်မနေဘူး” လို့ ပြောဆိုခဲ့ပါတယ်။

အက်စတိုးနီးယား နိုင်ငံခြားရေးဝန်ကြီး ဆာဗ်ကူနာက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး “ ယူကရိန်းက စစ်တိုက်တာကို ရပ်လိုက်ရင် နိုင်ငံပျောက်သွားလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဥရောပပြင်ပမှာလည်း အင်္ဂလိပ်စကားပြောနိုင်ငံငါးနိုင်ငံ လျှို့ဝှက်အချက်အလက်မျှဝေရေးအဖွဲ့ (Five Eyes) ရဲ့ အဖွဲ့ဝင်လေးနိုင်ငံ (အမေရိကန်မှအပ) ကလည်း ယူကရိန်းကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ယူကရိန်းကို ရုရှားရဲ့ “ တရားမ၀င် မျှတမှုမရှိတဲ့ ကျူးကျော်မှု” ကို ရှုတ်ချကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲဟာ “ကျွန်ုပ်တို့အားလုံးရဲ့ပြဿနာ” အဖြစ် ဖော်ပြခဲ့ပြီး ယူကရိန်းကို ဆက်လက်ထောက်ခံ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က “ ယူကရိန်းရဲ့ တိုက်ပွဲဟာ နိုင်ငံတကာ ဥပဒေကို စောင့်ရှောက်ဖို့အတွက် တိုက်နေရတဲ့ တိုက်ပွဲဖြစ်တယ်” လို့ ပြောခဲ့ပြီး ယူကရိန်းကို ဆက်လက်ထောက်ခံသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် ခရစ္စတိုဖာလူဆန်က “ရုရှားက စတင်ခဲ့တဲ့စစ်ပွဲ” ကို ပြန်လည် ခုခံတိုက်ခိုက်နေရတဲ့ ယူကရိန်းရဲ့ မိမိကိုယ်ကို ကာကွယ်ရေးကို အခိုင်အမာ ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ထရမ့်ရဲ့ ရင်းနှီးတဲ့မဟာမိတ် ဟန်ဂေရီ၀န်ကြီးချုပ် ဗစ်တာအော်လ်ဘန် (Viktor Orban) သည် “ ငြိမ်းချမ်းရေးအတွက်သတ္တိရှိရှိရပ်တည်မှု” အတွက် ထရမ့်ကို ချီးကျူးခဲ့ပြီး X ရဲ့ ပို့စ်မှာ ထရမ့်ကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယူကရိန်းပါလီမန်တွင်မှာတော့ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌက “ သမ္မတအတွက် ဂုဏ်ယူပါတယ်” ဇလန်းစကီးအား ထောက်ခံတဲ့ စည်းလုံးညီညွတ်မှုအသံတွေ ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းစစ်ဘက်အရာရှိတွေကလည်း စစ်ပွဲကို အဆုံးသတ်ဖို့ ထရမ့်ရဲ့အဆိုပြုချက်ကို ဆန့်ကျင်ထုတ်ဖော်ပြောဆိုခဲ့ပြီး “ စစ်ပွဲကို အခု ရပ်တန့်လိုက်ပြီး နောက်သုံးနှစ်အကြာမှာ ပြန်ပြီး စစ်တိုက်ရတာထက် သေတဲ့အထိ တိုက်ပွဲဝင်တာက ပိုကောင်းပါတယ်” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လက်ဝဲမှ) ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန်ဒုသမ္မတဗန့်စ်တို့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အိမ်ဖြူတော်တွင် တွေ့ရစဉ်/Jim Lo Scalzo/EPA-EFE/Shutterstock

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 24 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ