နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ယူကရိန်း-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ပျက်သွားပြီးနောက် အနောက်နိုင်ငံတွေက ယူကရိန်းကို ထောက်ခံကြောင်း တညီတညွတ်တည်း ထုတ်ဖော်ပြောဆို

မတ်လ (၂) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးတို့ကြား ဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် အနောက်နိုင်ငံခေါင်းဆောင်တွေက ယူကရိန်းကို ထောက်ခံကြောင်း တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆွေးနွေးပွဲ မပြုလုပ်မီ ဗြိတိန်ဝန်ကြီးချုပ် စတားမာက ၂၇ ရက်နေ့မှာ အိမ်ဖြူတော်ကို သွားရောက်ခဲ့ပြီး ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ “ကျူးကျော်သူ” ကို အကျိုးရှိအောင် မပြုလုပ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ထရမ့်နဲ့ ဇလန်းစကီး တို့အကြား ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်ဟာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါင်းနင်းလမ်းမှ ပြောရေးဆိုခွင့်ရှိသူ စတားမာက “ယူကရိန်းကို ထောက်ခံမှု မယိမ်းမယိုင် ရှိနေဆဲဖြစ်ပြီး ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို အခြေခံတဲ့ ထာဝရငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖို့ ကြိုးစားအားထုတ်သွားမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်မှာ ယူကရိန်းကို ထောက်ပံ့အကူအညီပေးရေးဆိုင်ရာ ဥရောပခေါင်းဆောင်များ အစည်းအဝေးကို မတ်လ (၂) ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။ အဲ့ဒီအစည်းအဝေးကို ဇလန်းစကီးလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ အရင်းနှီးဆုံးဥရောပခေါင်းဆောင်ထဲက တစ်ဦးဖြစ်တဲ့ အီတလီဝန်ကြီးချုပ် မီလိုနီက ပြိုကွဲမှုက အနောက်နိုင်ငံတွေ အားနည်းစေမှာဖြစ်ပြီး ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနောက်အုပ်စု ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်သမ္မတမက်ခရွန်၊ ဥရောပသမဂ္ဂဥက္ကဋ္ဌနဲ့ ဥရောပကောင်စီ အမြဲတမ်းဥက္ကဋ္ဌကိုစတာနဲ့ နေတိုးအတွင်းရေးမှူးချုပ်တို့ဟာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ “ ကျူးကျော်သူဟာ ရုရှားဖြစ်ပြီး တိုက်ခိုက်ခံနေရတာက ယူကရိန်းပါ” လို့ မက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂျာမနီဝန်ကြီးချုပ် အိုလတ်ဖ် ရှုဇ် (Olaf Scholz) က “ ယူကရိန်းဟာ ဂျာမနီနဲ့ ဥရောပကို အားကိုးနိုင်ပါတယ်” လို့ X (အရင် Twitter) မှာ ရေးသားခဲ့ပါတယ်။

အီးယူနိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အီးယူ နိုင်ငံခြားရေး ဝန်ကြီး ကားလ်စ် (Kallas) က “လွတ်လပ်တဲ့ကမ္ဘာကြီးက ခေါင်းဆောင်သစ် လိုအပ်လာပြီဆိုတာ ရှင်းပါတယ်” လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လစ်သူယေးနီးယားသမ္မတ Nausėda က “ ယူကရိန်းဟာ ဘယ်တော့မှ တစ်ယောက်တည်း ဖြစ်မနေဘူး” လို့ ပြောဆိုခဲ့ပါတယ်။

အက်စတိုးနီးယား နိုင်ငံခြားရေးဝန်ကြီး ဆာဗ်ကူနာက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး “ ယူကရိန်းက စစ်တိုက်တာကို ရပ်လိုက်ရင် နိုင်ငံပျောက်သွားလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဥရောပပြင်ပမှာလည်း အင်္ဂလိပ်စကားပြောနိုင်ငံငါးနိုင်ငံ လျှို့ဝှက်အချက်အလက်မျှဝေရေးအဖွဲ့ (Five Eyes) ရဲ့ အဖွဲ့ဝင်လေးနိုင်ငံ (အမေရိကန်မှအပ) ကလည်း ယူကရိန်းကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ယူကရိန်းကို ရုရှားရဲ့ “ တရားမ၀င် မျှတမှုမရှိတဲ့ ကျူးကျော်မှု” ကို ရှုတ်ချကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲဟာ “ကျွန်ုပ်တို့အားလုံးရဲ့ပြဿနာ” အဖြစ် ဖော်ပြခဲ့ပြီး ယူကရိန်းကို ဆက်လက်ထောက်ခံ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က “ ယူကရိန်းရဲ့ တိုက်ပွဲဟာ နိုင်ငံတကာ ဥပဒေကို စောင့်ရှောက်ဖို့အတွက် တိုက်နေရတဲ့ တိုက်ပွဲဖြစ်တယ်” လို့ ပြောခဲ့ပြီး ယူကရိန်းကို ဆက်လက်ထောက်ခံသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် ခရစ္စတိုဖာလူဆန်က “ရုရှားက စတင်ခဲ့တဲ့စစ်ပွဲ” ကို ပြန်လည် ခုခံတိုက်ခိုက်နေရတဲ့ ယူကရိန်းရဲ့ မိမိကိုယ်ကို ကာကွယ်ရေးကို အခိုင်အမာ ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ထရမ့်ရဲ့ ရင်းနှီးတဲ့မဟာမိတ် ဟန်ဂေရီ၀န်ကြီးချုပ် ဗစ်တာအော်လ်ဘန် (Viktor Orban) သည် “ ငြိမ်းချမ်းရေးအတွက်သတ္တိရှိရှိရပ်တည်မှု” အတွက် ထရမ့်ကို ချီးကျူးခဲ့ပြီး X ရဲ့ ပို့စ်မှာ ထရမ့်ကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယူကရိန်းပါလီမန်တွင်မှာတော့ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌက “ သမ္မတအတွက် ဂုဏ်ယူပါတယ်” ဇလန်းစကီးအား ထောက်ခံတဲ့ စည်းလုံးညီညွတ်မှုအသံတွေ ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းစစ်ဘက်အရာရှိတွေကလည်း စစ်ပွဲကို အဆုံးသတ်ဖို့ ထရမ့်ရဲ့အဆိုပြုချက်ကို ဆန့်ကျင်ထုတ်ဖော်ပြောဆိုခဲ့ပြီး “ စစ်ပွဲကို အခု ရပ်တန့်လိုက်ပြီး နောက်သုံးနှစ်အကြာမှာ ပြန်ပြီး စစ်တိုက်ရတာထက် သေတဲ့အထိ တိုက်ပွဲဝင်တာက ပိုကောင်းပါတယ်” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လက်ဝဲမှ) ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန်ဒုသမ္မတဗန့်စ်တို့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အိမ်ဖြူတော်တွင် တွေ့ရစဉ်/Jim Lo Scalzo/EPA-EFE/Shutterstock

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 36 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 43 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 46 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 50 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 60 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု