နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ယူကရိန်း-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ပျက်သွားပြီးနောက် အနောက်နိုင်ငံတွေက ယူကရိန်းကို ထောက်ခံကြောင်း တညီတညွတ်တည်း ထုတ်ဖော်ပြောဆို

မတ်လ (၂) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးတို့ကြား ဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် အနောက်နိုင်ငံခေါင်းဆောင်တွေက ယူကရိန်းကို ထောက်ခံကြောင်း တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆွေးနွေးပွဲ မပြုလုပ်မီ ဗြိတိန်ဝန်ကြီးချုပ် စတားမာက ၂၇ ရက်နေ့မှာ အိမ်ဖြူတော်ကို သွားရောက်ခဲ့ပြီး ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ “ကျူးကျော်သူ” ကို အကျိုးရှိအောင် မပြုလုပ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ထရမ့်နဲ့ ဇလန်းစကီး တို့အကြား ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်ဟာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါင်းနင်းလမ်းမှ ပြောရေးဆိုခွင့်ရှိသူ စတားမာက “ယူကရိန်းကို ထောက်ခံမှု မယိမ်းမယိုင် ရှိနေဆဲဖြစ်ပြီး ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို အခြေခံတဲ့ ထာဝရငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖို့ ကြိုးစားအားထုတ်သွားမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်မှာ ယူကရိန်းကို ထောက်ပံ့အကူအညီပေးရေးဆိုင်ရာ ဥရောပခေါင်းဆောင်များ အစည်းအဝေးကို မတ်လ (၂) ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။ အဲ့ဒီအစည်းအဝေးကို ဇလန်းစကီးလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ အရင်းနှီးဆုံးဥရောပခေါင်းဆောင်ထဲက တစ်ဦးဖြစ်တဲ့ အီတလီဝန်ကြီးချုပ် မီလိုနီက ပြိုကွဲမှုက အနောက်နိုင်ငံတွေ အားနည်းစေမှာဖြစ်ပြီး ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနောက်အုပ်စု ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်သမ္မတမက်ခရွန်၊ ဥရောပသမဂ္ဂဥက္ကဋ္ဌနဲ့ ဥရောပကောင်စီ အမြဲတမ်းဥက္ကဋ္ဌကိုစတာနဲ့ နေတိုးအတွင်းရေးမှူးချုပ်တို့ဟာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ “ကျူးကျော်သူဟာ ရုရှားဖြစ်ပြီး တိုက်ခိုက်ခံနေရတာက ယူကရိန်းပါ” လို့ မက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂျာမနီဝန်ကြီးချုပ် အိုလတ်ဖ် ရှုဇ် (Olaf Scholz) က “ယူကရိန်းဟာ ဂျာမနီနဲ့ ဥရောပကို အားကိုးနိုင်ပါတယ်” လို့ X (အရင် Twitter) မှာ ရေးသားခဲ့ပါတယ်။

အီးယူနိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အီးယူ နိုင်ငံခြားရေး ဝန်ကြီး ကားလ်စ် (Kallas) က “လွတ်လပ်တဲ့ကမ္ဘာကြီးက ခေါင်းဆောင်သစ် လိုအပ်လာပြီဆိုတာ ရှင်းပါတယ်” လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လစ်သူယေးနီးယားသမ္မတ Nausėda က “ယူကရိန်းဟာ ဘယ်တော့မှ တစ်ယောက်တည်း ဖြစ်မနေဘူး” လို့ ပြောဆိုခဲ့ပါတယ်။

အက်စတိုးနီးယား နိုင်ငံခြားရေးဝန်ကြီး ဆာဗ်ကူနာက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး “ယူကရိန်းက စစ်တိုက်တာကို ရပ်လိုက်ရင် နိုင်ငံပျောက်သွားလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဥရောပပြင်ပမှာလည်း အင်္ဂလိပ်စကားပြောနိုင်ငံငါးနိုင်ငံ လျှို့ဝှက်အချက်အလက်မျှဝေရေးအဖွဲ့ (Five Eyes) ရဲ့ အဖွဲ့ဝင်လေးနိုင်ငံ (အမေရိကန်မှအပ) ကလည်း ယူကရိန်းကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ယူကရိန်းကို ရုရှားရဲ့ “တရားမ၀င် မျှတမှုမရှိတဲ့ ကျူးကျော်မှု” ကို ရှုတ်ချကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲဟာ “ကျွန်ုပ်တို့အားလုံးရဲ့ပြဿနာ” အဖြစ် ဖော်ပြခဲ့ပြီး ယူကရိန်းကို ဆက်လက်ထောက်ခံ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က “ယူကရိန်းရဲ့ တိုက်ပွဲဟာ နိုင်ငံတကာ ဥပဒေကို စောင့်ရှောက်ဖို့အတွက် တိုက်နေရတဲ့ တိုက်ပွဲဖြစ်တယ်” လို့ ပြောခဲ့ပြီး ယူကရိန်းကို ဆက်လက်ထောက်ခံသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် ခရစ္စတိုဖာလူဆန်က “ရုရှားက စတင်ခဲ့တဲ့စစ်ပွဲ” ကို ပြန်လည် ခုခံတိုက်ခိုက်နေရတဲ့ ယူကရိန်းရဲ့ မိမိကိုယ်ကို ကာကွယ်ရေးကို အခိုင်အမာ ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ထရမ့်ရဲ့ ရင်းနှီးတဲ့မဟာမိတ် ဟန်ဂေရီ၀န်ကြီးချုပ် ဗစ်တာအော်လ်ဘန် (Viktor Orban) သည် “ငြိမ်းချမ်းရေးအတွက်သတ္တိရှိရှိရပ်တည်မှု” အတွက် ထရမ့်ကို ချီးကျူးခဲ့ပြီး X ရဲ့ ပို့စ်မှာ ထရမ့်ကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယူကရိန်းပါလီမန်တွင်မှာတော့ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌက “သမ္မတအတွက် ဂုဏ်ယူပါတယ်” ဇလန်းစကီးအား ထောက်ခံတဲ့ စည်းလုံးညီညွတ်မှုအသံတွေ ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းစစ်ဘက်အရာရှိတွေကလည်း စစ်ပွဲကို အဆုံးသတ်ဖို့ ထရမ့်ရဲ့အဆိုပြုချက်ကို ဆန့်ကျင်ထုတ်ဖော်ပြောဆိုခဲ့ပြီး “စစ်ပွဲကို အခု ရပ်တန့်လိုက်ပြီး နောက်သုံးနှစ်အကြာမှာ ပြန်ပြီး စစ်တိုက်ရတာထက် သေတဲ့အထိ တိုက်ပွဲဝင်တာက ပိုကောင်းပါတယ်” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လက်ဝဲမှ) ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန်ဒုသမ္မတဗန့်စ်တို့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အိမ်ဖြူတော်တွင် တွေ့ရစဉ်/Jim Lo Scalzo/EPA-EFE/Shutterstock

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 48 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက