ဇွန်လ (၂)ရက်။
မိုးရာသီရောက်လာတာကြောင့် စစ်ဆင်ရေးဒေသတွေမှာ ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားတာတဲ့အတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မိုးဦးကာလ ရောက်လာပြီဖြစ်တဲ့အတွက် ရဲဘော်တွေသာမက စစ်ဆင်ရေးလှုပ်ရှားတဲ့ နယ်မြေဒေသတွေက ပြည်သူတွေပါ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလထဲ ငှက်ဖျားရောဂါဖြစ်ပွားတဲ့ လူနာအရေအတွက်ဟာ စုစုပေါင်း (၃၀)ကျော်ခန့်ရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ငှက်ဖျားဆေးတွေနဲ့ အခြားဆေးဝါးတွေ ဝယ်ယူဖို့ လိုအပ်နေတဲ့အတွက် CDF-ASHO က ပြည်သူတွေဆီ အကူအညီတောင်းခံထားပါတယ်။
ဒါ့အပြင် မိုးဦးကာလမှာ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့လဲ အထူးဂရုစိုက်ကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။
