နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် သံချပ်ကာရထားဖြင့် တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

ဘီဘီစီ- စက်တင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ဘေဂျင်းမြို့တော်တွင် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည့် “ အောင်ပွဲနေ့” ချီတက်ပွဲတွင် ကင်ဂျုံအွန်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အခြားကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ပခုံးနှစ်ဖက်ကာ ၎င်း၏ ပထမဆုံးနိုင်ငံတကာတွေ့ဆုံပွဲ ဖြစ်လာမည်ဖြစ်သည်။

ကင်သည် အင်္ဂါနေ့က တရုတ်နိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး ၎င်း၏ သံချပ်ကာ ရထားပေါ်တွင် လတ်ဆတ်သော ကျောက်ပုဇွန်စသည့် အရသာ ကောင်းမွန်သော ဟင်းလျာများကို ပြင်သစ်ဝိုင်နှင့် တည်ခင်းပေးနေသည့် စားသောက်ဆိုင်တစ်ခု ပါဝင်သည်ဟု ဆိုသည်။

ရထား၏ လေးလံသော အကာအကွယ်များကြောင့် ရထားသည် နှေးကွေးစွာ သွားလာနိုင်ပြီး ၎င်း၏ ခရီးစဉ်သည် ၂၄ နာရီအထိ ကြာမြင့်မည်ဟု မျှော်လင့်ရကြောင်း တောင်ကိုရီးယား ယွန်ဟတ် (Yonhap) အေဂျင်စီက ဖော်ပြခဲ့သည်။

ကင်၏တက်ရောက်မှုသည် ၁၉၅၉ ခုနှစ်ကတည်းက တရုတ်စစ်ရေးပြအခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်ပြီး ၎င်းသည် မြန်မာ၊ အီရန်နှင့် ကျူးဘားတို့မှ ခေါင်းဆောင်များအပါအဝင် အခြားနိုင်ငံတော် အကြီးအကဲ ၂၆ ဦးတွင် ပါဝင်မည်ဖြစ်သည်။

ပြုံးယမ်းသည် ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နောက်ဆုံးအောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနား သို့ ၎င်း၏ထိပ်တန်းအရာရှိတစ်ဦးဖြစ်သည့်ချိုယောင်းဟေး (Choe Ryong-hae) ကို စေလွှတ် ခဲ့သည်။ ယခုကင်ကိုယ်တိုင်တက်ရောက်မှုသည် အဆင့်မြှင့်တင်မှု တစ်ခုဖြစ်သည်။

အထီးကျန်ဆန်သော ခေါင်းဆောင်သည် နိုင်ငံခြားသို့ ခရီးထွက်ခဲသည်။ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်ပြီးနောက် ပူတင်နှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးသပြီး ယခုမှ ကမ္ဘာ့ခေါင်းဆောင်များနှင့် အဆက်အသွယ်ပြုခဲ့သည်။

နိုင်ငံတွေကြား သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ်မှာ ဘေဂျင်းကို နောက်ဆုံးသွားရောက်လည်ပတ်ခဲ့သေးသည်။ ထိုခရီးစဉ်ကိုလည်း ရထားနှင့် ခရီးသွားခဲ့ခြင်းပင်ဖြစ်သည်။
ဗီယက်နမ်နှင့် အရှေ့ဥရောပနိုင်ငံများသို့ ၎င်း၏ကိုယ်ပိုင်ရထားခရီးစဉ်ကို ကင်၏အဖိုး ကင်အီဆွန်းက ရထားဖြင့် ခရီးသွားခြင်းဓလေ့ကို စတင်ခဲ့ခြင်းဖြစ်သည်။

ကင်၏ဖခင် ကင်ဂျုံအွန် (Kim Jong Il) သည်လည်း ရထားဖြင့်သာ ခရီးထွက်ခဲ့ပြီး ပျံသန်းခြင်းကိုလည်း ကြောက်ရွံ့ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားသတင်းဌာနတစ်ခု၏အဆိုအရ သံချပ်ကာရထားတွင် အစည်းအဝေးခန်း၊ ပရိသတ်ခန်းနှင့် အိပ်ခန်းများအပါအဝင် ရထားတွဲ ၉၀ ခန့်ပါရှိသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ လက်နက်ချခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့တွင် ဘေဂျင်းမြို့၏ သမိုင်းဝင် တိန်နန်မန် (Tiananmen) ရင်ပြင်တွင် သောင်းနှင့်ချီသော စစ်သည်များ ချီတက်ကြမည်ဖြစ်သည်။

မိနစ် (၇၀) ကြာ ချီတက်ပွဲသည် ရာနှင့်ချီသော လေယာဉ်များ၊ တင့်ကားများနှင့် ဒရုန်း ဆန့်ကျင်ရေးစနစ်များ အပါအဝင် တရုတ်၏ နောက်ဆုံးပေါ်လက်နက်များကို ပြသဖွယ် ရှိကြောင်း၊ ၎င်း၏စစ်တပ်၏ တပ်ဖွဲ့ဖွဲ့စည်းပုံအသစ်ကို ပထမဆုံးအကြိမ်အဖြစ် ချီတက်ပွဲ တစ်ခုတွင် အပြည့်အ၀ပြသလျက်ရှိသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခြင်းကို ဆန့်ကျင်သည့်အနေနှင့် ပူတင်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများကို တွန်းအားပေးနေသည့် အနောက်နိုင်ငံခေါင်းဆောင်အများစုက ချီတက်ပွဲသို့ တက်ရောက်ရန် မမျှော်လင့်ထားပါ။

သို့သော် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ကာ အိမ်နီးချင်း အရှေ့တောင်အာရှနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ပေကျင်း၏ ပူးပေါင်းကြိုးပမ်းမှုများကို သက်သေပြမည်ဖြစ်သည်။

ဘူလ်ဂေးရီးယားနှင့် ဟန်ဂေရီတို့မှ ကိုယ်စားလှယ်များ စေလွှတ်မည်ဖြစ်ပြီး ဥရောပသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်သူ စလိုဗက် (Slovak) ဝန်ကြီးချုပ် ရောဘတ်ဖီကို (Robert Fico) တယောက်သာ တက်ရောက်မည် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ