နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒီမိုကရက်တစ်ပါတီ အမျိုးသားကော်မတီ (DNC) သဘာပတိအသစ် ကင်မာတင် (Ken Martin) က ထရန့်ရဲ့ အခွန်အကောက်နဲ့ပတ်သက်ပြီး ‘တော်တော်စိတ်ဆိုးသင့်တယ်’ ဟု ပြော

ဖေဖော်ဝါရီလ (၂) ရက်။

DNC ကို ဦးဆောင်ဖို့ မနေ့က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ် အမျိုးသား ကော်မတီ ဥက္ကဌ ကင်မာတင် က “အလုပ်သမား မိသားစုတွေဟာ ထရန့်ရဲ့ အခွန်စည်းကြပ်မှု ကုန်ကျစရိတ်ကို ကျခံပေးရလိမ့်မယ်” လို့ ပြောပါတယ်။

“ ဒါကတော့ ထရန့်ရဲ့ မှားယွင်းတဲ့ အကောက်ခွန်မူဝါဒနဲ့ ပတ်သက်တဲ့ အရာပါပဲ၊ ထရန့်က ဒီ အခွန်အခတွေအတွက် ကော်ပိုရိတ် ဘီလီယံနာတွေကို ပေးဆောင်စေမှာ မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့ မိသားစုတွေနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို ကျခံရအောင် လုပ်မှာပါ” လို့ မာတင်က ပြောကြားခဲ့ပါတယ်။

“ သူဟာ သူ့ရဲ့သေးငယ်တဲ့ နိုင်ငံရေးဂိမ်းတွေမှာ အမေရိကန် အလုပ်သမားတွေကို အပေါင်အဖြစ် အသုံးပြုနေပါတယ်။ သမ္မတက ငါ့မိသားစုကို ပြေလည်အောင် အကူအညီပေးမယ်လို့ ကတိပေးခဲ့ပြီး ဒီလိုအခွန်မူဝါဒချရင် ငါ တော်တော် ဒေါသထွက်မိလိမ့်မယ်။ ဒါကြောင့် မင်း လဲဒေါသထွက်သင့်တယ်။”

မနေ့က ရွေးကောက်ပွဲမှာ DNC ကို ဦးဆောင်ဖို့ အရင်က ဦးဆောင်ခဲ့တဲ့ ဂျေမီဟဲရစ်ဆင် (Jaime Harrison) ရဲ့ နေရာအတွက် မာတင်ကို ရွေးချယ်ခံကြပါတယ်။

ညီညွတ်တဲ့အော်တိုလုပ်သားများသမဂ္ဂ (United Auto Workers) ဥက္ကဋ္ဌက

အခွန်ကောက်ခံမှုကို တုံ့ပြန်‌ပြောကြားခဲ့ပါတယ်။

မကြာခဏဆိုသလို ထရန့်ကို ဝေဖန်သူ United Auto Workers ဥက္ကဋ္ဌ ရှောင်းဖိန် (Shawn Fain) က X တွင် ထရန့်ဟာ “ အပြာရောင်ကော်လာ အလုပ်သမားကောင်းတွေရဲ့ အလုပ်အကိုင်တွေကို တိုးမြှင့်ဖန်တီးလိုတာနဲ့ပတ်သက်ပြီး အလေးအနက်ထားခဲ့ရင် သူဟာ ကျွန်တော်တို့ရဲ့ ကျိုးပျက်သွားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို ပြန်လည်ညှိနှိုင်းဖို့ ချက်ချင်းရှာဖွေသင့်တယ်” လို့ မနေ့က ပို့စ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

လုပ်သားဆန့်ကျင်ရေးမူဝါဒကို ဆယ်စုနှစ်များစွာ ဖျက်သိမ်းတာအတွက် ပထမဆုံး ခြေလှမ်းအဖြစ် အမေရိကန်ထုတ်ကုန်အလုပ်တွေကို ကာကွယ်ဖို့ ပြင်းထန်တဲ့ အကောက်ခွန် အရေးယူမှုကို UAW က ထောက်ခံတယ်” လို့ ဖိန်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“လူဝင်မှုကြီးကြပ်ရေး ဒါမှမဟုတ် မူးယစ်ဆေးဝါးမူဝါဒကို တိုက်ဖျက်ရာမှာ စက်ရုံအလုပ်သမားတွေကို နယ်ရုပ်လေးတွေအဖြစ် အသုံးပြုတာကိုတော့

ကျွန်တော်တို့ မထောက်ခံပါဘူး။”

ဓာတ်ပုံ (၁) ဒီမိုကရက်တစ်ပါတီ အမျိုးသားကော်မတီ (DNC) သဘာပတိအသစ် ကင်မာတင် (Ken Martin)

ဓာတ်ပုံ (၂) United Auto Workers ဥက္ကဋ္ဌ ရှောင်းဖိန် (Shawn Fain)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 34 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 39 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 42 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 48 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 56 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 53 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်